သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံသားတဦးကို မြောက်ကိုရီးယားထပ်မံဖမ်းဆီး


အမေရိကန် နိုင်ငံသား တဦးကို ဆန့်ကျင်ရန်လိုမှုနဲ့ ထပ်ပြီး ဖမ်းဆီးလိုက်တယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။

Kim Hak Song ကို မနေ့ စနေနေ့က ဖမ်းဆီးတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းမှာ ပြောဆိုသွားပါတယ်။ ပြုံယမ်း တက္ကသိုလ် သိပ္ပံနဲ့ နည်းပညာ ဌာနမှာ အလုပ်လုပ်ခဲ့သူလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က မှတ်ချက် မပေးသေးပါဘူး။ တကယ်လို့ Kim Hak Song ကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းသာ အတည်ပြုနိုင်မယ်ဆိုရင်တော့ မြောက်ကိုရီးယား နိုင်ငံမှာ လေးဦးမြောက် ဖမ်းဆီးခံရသူ ဖြစ်မှာပါ။ ပြီးခဲ့တဲ့ လတုန်းကဘဲ အသက် ၅၀ ကျော် အရွယ် တက္ကသိုလ် ပါမောက္ခ တဦး ဖြစ်သူ Kim Sang-duk ကို မြောက်ကိုရီးယား အစိုးရက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Kim Sang-duk ကတော့ ပြုံယမ်း တက္ကသိုလ် သိပ္ပံနဲ့ နည်းပညာ ဌာနမှာ စာရင်းကိုင် ပညာပို့ချပေးခဲ့သူ ဖြစ်တယ်လို့လည်း ကျောင်းအုပ်ကြီးက ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရက အရင်တုန်းကတော့ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားတွေကို အမေရိကန် အစိုးရနဲ့ အပေးအယူ လုပ်တဲ့ နေရာမှာ အသုံးချခဲ့ပါတယ်။

ကန်နိုင်ငံသားတဦးကို မြောက်ကိုရီးယားထပ်မံဖမ်းဆီး
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG