သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပမာဏအမ်ားဆံုး တိုက္ခ်င္းပစ္ဒံုးေတြ ေျမာက္ကိုရီးယားျပသ 


စစ္တပ္ထူေထာင္တဲ့ ႏွစ္ပါတ္လည္အျဖစ္ ေျမာက္ကိိုရီးယားႏုိင္ငံ ၿပံဳယမ္းၿမိဳ႕ေတာ္မွာ ေဖေဖာ္ဝါရီ ၈ရက္ညက ျပဳလုပ္တဲ့ စစ္ေရးျပအခမ္းအနား

ေျမာက္ကိုရီးယားႏုိင္ငံမွာ စစ္တပ္ထူေထာင္တဲ့ ႏွစ္ပါတ္လည္အျဖစ္ ဗုဒၶဟူးေန႔ညက ျပဳလုပ္တဲ့ စစ္ေရးျပအခမ္းအနားမွာ တိုက္ခ်င္းပစ္ဒုံးက်ည္ေတြကို ပြဲထုတ္ျပသခဲ့ပါတယ္။ အရင္ထက္ ပမာဏပိုမ်ားတဲ့ တိုက္ခ်င္းပစ္ဒံုးက်ည္ေတြကို ျပသတာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားသတင္းဌာနေတြက ဆိုပါတယ္။ အဲဒီစစ္ေရးျပအခမ္းအနားမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္း (Kim Jong Un) က သူ႔ရဲ႕သမီးနဲ႔ အတူ တက္ေရာက္ခဲ့တာေၾကာင့္ ဒီသမီး ေျမာက္ကိုရီးယားရဲ႕ အနာဂါတ္ေခါင္းေဆာင္ ျဖစ္လာမယ္ဆိုတဲ ခန္႔မွန္းခ်က္ေတြလည္း ထြက္ေပၚ ေနပါတယ္။ ျပဳံယမ္းၿမိဳ႕မွာ ျပဳလုပ္တဲ့ ဒီအခမ္းအနားအတြင္းမွာ ေလာင္စာခဲသံုး တုိက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္သစ္ ျဖစ္ပံုရတဲ့ ဒံုးလက္နက္သစ္အပါအဝင္ ႏ်ဴးကလီးယားလက္နက္သစ္ေတြကို ျပသသြားတယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

ေလာင္စာခဲသံုး Nuclear missile ႏ်ဴးကလီးယားဒံုးေတြဟာ ေထာက္လွမ္းရွာေဖြဖို႔ေရာ ဖ်က္စီးပစ္ဖို႔ပါ ခက္ခဲတယ္လို႔ ေျပာပါတယ္။ အဲဒီေလာင္စာခဲသံုး တုိက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္သစ္ကို လာမယ့္လေတြအတြင္းမွာ စမ္းသပ္လာႏုိင္ဖြယ္ရွိတယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။ တုိက္ခ်င္းပစ္ဒုံးက်ည္ တဒါဇင္ေလာက္ကိုလည္း ေျမာက္ကိုရီးယားတပ္ေတြဘက္က မေန႔က စစ္ေရးျပအခမ္းအနားအတြင္း ျပသခဲ့ၾကပါတယ္။ အမ်ားျပည္သူေရွ႕ပြဲထုတ္ခဲ့တာ ၅ ႀကိမ္ေလာက္ရွိၿပီျဖစ္တဲ့ ကင္ဂ်ဳံအြန္းရဲ႕ ဒုတိယသမီးျဖစ္သူ Kim Ju Ae ဟာ အသက္ ၁၀ ႏွစ္ေလာက္ရွိၿပီလို႔ ခန္႔မွန္းရသလို ဖခင္ျဖစ္သူ ကင္ဂ်ံဳအြန္းရဲ႕ အ႐ိုက္အရာ ဆက္ခံမယ္သူျဖစ္ႏိုင္တယ္လို႔လည္း ယူဆရပါတယ္။ အဂၤါေန႔တုန္းကပဲ ေျမာက္ကိုရီးယားတပ္ေတြကို သြားေရာက္ၾကည့္ရႈ စစ္ေဆးစဥ္ကလည္း သမီးျဖစ္သူကို ေခၚသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပမာဏအများဆုံး တိုက်ချင်းပစ်ဒုံးတွေ မြောက်ကိုရီးယားပြသ

မြောက်ကိုရီးယားနိုင်ငံမှာ စစ်တပ်ထူထောင်တဲ့ နှစ်ပါတ်လည်အဖြစ် ဗုဒ္ဓဟူးနေ့ညက ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ တိုက်ချင်းပစ်ဒုံးကျည်တွေကို ပွဲထုတ်ပြသခဲ့ပါတယ်။ အရင်ထက် ပမာဏပိုများတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို ပြသတာဖြစ်တယ်လို့ မြောက်ကိုရီးယားသတင်းဌာနတွေက ဆိုပါတယ်။ အဲဒီစစ်ရေးပြအခမ်းအနားမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) က သူ့ရဲ့သမီးနဲ့ အတူ တက်ရောက်ခဲ့တာကြောင့် ဒီသမီး မြောက်ကိုရီးယားရဲ့ အနာဂါတ်ခေါင်းဆောင် ဖြစ်လာမယ်ဆိုတဲ ခန့်မှန်းချက်တွေလည်း ထွက်ပေါ် နေပါတယ်။ ပြုံယမ်းမြို့မှာ ပြုလုပ်တဲ့ ဒီအခမ်းအနားအတွင်းမှာ လောင်စာခဲသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ် ဖြစ်ပုံရတဲ့ ဒုံးလက်နက်သစ်အပါအဝင် နျူးကလီးယားလက်နက်သစ်တွေကို ပြသသွားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လောင်စာခဲသုံး Nuclear missile နျူးကလီးယားဒုံးတွေဟာ ထောက်လှမ်းရှာဖွေဖို့ရော ဖျက်စီးပစ်ဖို့ပါ ခက်ခဲတယ်လို့ ပြောပါတယ်။ အဲဒီလောင်စာခဲသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်ကို လာမယ့်လတွေအတွင်းမှာ စမ်းသပ်လာနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ တိုက်ချင်းပစ်ဒုံးကျည် တဒါဇင်လောက်ကိုလည်း မြောက်ကိုရီးယားတပ်တွေဘက်က မနေ့က စစ်ရေးပြအခမ်းအနားအတွင်း ပြသခဲ့ကြပါတယ်။ အများပြည်သူရှေ့ပွဲထုတ်ခဲ့တာ ၅ ကြိမ်လောက်ရှိပြီဖြစ်တဲ့ ကင်ဂျုံအွန်းရဲ့ ဒုတိယသမီးဖြစ်သူ Kim Ju Ae ဟာ အသက် ၁၀ နှစ်လောက်ရှိပြီလို့ ခန့်မှန်းရသလို ဖခင်ဖြစ်သူ ကင်ဂျုံအွန်းရဲ့ အရိုက်အရာ ဆက်ခံမယ်သူဖြစ်နိုင်တယ်လို့လည်း ယူဆရပါတယ်။ အင်္ဂါနေ့တုန်းကပဲ မြောက်ကိုရီးယားတပ်တွေကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ်ကလည်း သမီးဖြစ်သူကို ခေါ်သွားခဲ့ပါတယ်။

XS
SM
MD
LG