သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား မစ်ဇိုင်းဒုံး ပစ်ခတ် ခြိမ်းခြောက်


Koreas Tensions
Koreas Tensions

မြောက်ကိုရီးယားက ပဲ့ထိန်းခရုမစ်ဇိုင်းဒုန်းကျည်အများအပြားကို စနေနေ့မနက်က ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက် ဘက်ပင်လယ်ပြင်ထဲကိုပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား မစ်ဇိုင်းဒုံး ပစ်ခတ် ခြိမ်းခြောက်

မြောက်ကိုရီးယားက ပဲ့ထိန်းခရုမစ်ဇိုင်းဒုန်းကျည်အများအပြားကို စနေနေ့မနက်က ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက် ဘက်ပင်လယ်ပြင်ထဲကိုပစ်ခတ်ခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၄ နာရီလောက်မှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်ကပြောဆိုပါတယ်။ အခုလိုပစ်ခတ်မှုတွေကြောင့်ကိုရီးယားကျွန်းဆွယ်အခြေအနေတင်းမာမှုတွေပိုဆိုးသွားပါတယ်။


အမေရိကန်ညူကလီးယားလက်နှက်တပ်ရေငုတ်သဘောၤ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းမှာဆိုက်ရောက်ခဲ့ ပြီးနောက်တပတ်အတွင်း ဒီတကြိမ်ဟာဒုတိယအကြိမ်အဖြစ် မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးလက်နှက်တွေ ပစ်လွှတ်ခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ပဲ့ထိန်းဘလက်စတစ်ဒုံးလက်နှက်တွေပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီး ယားနဲ့ ဂျပန်စစ်ဘက်တာဝန်ရှိသူတွေကထုတ်ပြန်ပါတယ်။


မြောက်ကိုရီးယားက ညူကလီးယား ခြိမ်းခြောက်မှုတွေရှိနေချိန်မှာဘဲ ညူကလီးယားလက်နှက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုတ်သင်္ဘောဟာ တောင်ကိုရီးယားကိုဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။


အမေရိကန်လေယဉ်တင်သဘောၤ၊ ဗုံးကြဲလေယဉ်နဲ့ မစ်ဇိုင်းဒုန်းလက်နှက်တပ် ရေငုတ်သင်္ဘောတွေ တောင်ကိုရီးယားမှာ ချထားခဲ့ရင် ညူကလီးယားလက်နှက်နဲ့တိုက်ခိုက်မယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက မြောက်ကိုရီးယား ကခြိမ်း ခြောက်ပြောဆိုခဲ့ပါတယ်။


အခုလိုအခြေနေမှာဘဲ ပြီးခဲ့တဲ့ အင်္ဂါနေ့က မြောက်ကိုရီးယားထဲကိုဝင်ပြေးသွားတဲ့ အမေရိကန်စစ်သားနဲ့ပတ်သက်ပြီး မြေက်ကိုရီးယားကတော့ အခုအချိန်အထိတစုံတရာထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG