သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပစ်လွှတ်တဲ့ဒုံးကျည် ပေါက်ကွဲပျက်စီး


ဧပြီလ ၆ ရက်နေ့တုန်းကမြောက်ကိုရီးယား ပစ်လွှတ်တဲ့ဒုံးကျည်
ဧပြီလ ၆ ရက်နေ့တုန်းကမြောက်ကိုရီးယား ပစ်လွှတ်တဲ့ဒုံးကျည်

မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ Sinpo ဆိပ်ကမ်းမြို့က ဒုံးကျည် ပစ်လွှတ်ခဲ့မှုဟာ မအောင်မမြင် ဖြစ်သွားခဲ့ပုံ ရတယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့က အဲဒီ ပစ်လွတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ Kim Il Sung ရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြုံယမ်း မြို့တော်မှာ ကြီးကျယ်တဲ့ စစ်ရေးပြ အခမ်းအနား ပြုလုပ်ခဲ့ပြီး တရက် မပြည့်ခင်မှာ အခုလို ဒုံးကျည် စမ်းသပ် ပစ်လွှတ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဘက်ကတော့ ချက်ခြင်း တုံ့ပြန် ပြောကြားမှု တစုံတရာ မရှိသေးပါဘူး။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un အနေနဲ့ နျူကလီးယား လက်နက် မပြုလုပ်အောင် ဆွဲဆောင်နိုင်ဖို့အတွက် အမေရိကန်အစိုးရဟာ ထိရောက်တဲ့ နိုင်ငံတကာ သံတမန်ရေး ထိုးစစ်ကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက အဲဒီ စမ်းသပ် ပစ်ခတ်မှုပြုလုပ်ပြီး မကြာခင်မှာပဲ အမေရိကန် ပြည်ထောင်စု ပစိဖိတ် စစ်ဌာနချုပ်က ကြေညာချက် တစောင် ထုတ်ပြန်ရာမှာ ဒုံးကျည်ဟာ ပစ်လွတ်ပြီး ချက်ခြင်းပဲ ပေါက်ကွဲ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒုံးကျည် အမျိုးအစားကိုတော့ စမ်းသပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေး ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန် အစိုးရဟာ မဟာမိတ်နိုင်ငံတွေ၊ အထူးသဖြင့် တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ အနီးကပ် လုပ်ဆောင်နေတယ်လို့ ဆိုတာကိုလည်း ကြေညာချက်မှာ ထပ်မံ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG