သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီယားအစီအစဉ် ရပ်ဆိုင်း


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

နျူကလီယားစမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပြီး အဲဒီလို စမ်းသပ်တဲ့နေရာတွေကိုလည်း ပိတ်ပစ်လိုက်ပြီလို့ မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားသတင်းအေဂျင်စီ KCNA က မြောက်ကိုရီးယားကို နျူကလီယားနဲ့ ကျူးကျော်ရန်စတာ ဒါမှမဟုတ် နျူကလီယားနဲ့ ခြိမ်းခြောက်တာမျိုးမရှိဘူးဆိုရင်တော့ နျူ ကလီယားလက်နက်တွေကို အသုံးပြုမှာမဟုတ်သလို လွှဲပြောင်းပေးတာ လည်း လုပ်မှာ မဟုတ်တဲ့အပြင် ဒီနည်းပညာကို ဘယ်တော့မှ အသုံးပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် တာဝေးပစ် မစ်ဇိုင်း ဒုံး စမ်းသပ်မှုတွေကိုလည်း ရပ်ပစ်လိုက်ပြီး ဒီကနေ့ကစလို့ အကျုံးဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာ မြောက်ကိုရီးယား အစိုးရဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်အောင် အာရုံစိုက်လုပ်ဆောင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယားအရေးနဲ့ပတ်သက်ပြီး ဖြစ်ပွါးနေတဲ့တင်းမာမှုတွေကို အဆုံးသတ်ရေး မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယား သမ္မတ Moon Jae-in တို့ တွေ့ဆုံဆွေးနွေးဖို့ သီတင်းတပတ်တောင် မလိုတော့တဲ့ အချိန်မှာ မြောက်ကိုရီးယားက အခုလို ကြေညာလိုက်တာပါ။

မြောက်ကိုရီးယားနဲ့အမေရိကန်တို့လည်း တွေ့ဆုံဖို့အစီအစဉ် ရှိပေမယ့် ရက်အတိ အကျ တော့ မသတ်မှတ်ရသေးပါဘူး။ မြောက်ကိုရီးယားဘက်က နျူးကလီးယား အစီအစဉ်တွေ ရပ်ဆိုင်းမယ်လို့ ကြေညာလိုက်ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒါဟာ မြောက်ကိုရီးယားနဲ့ ကမ္ဘာကြီးအတွက် သတင်းကောင်းဖြစ်ပြီး ကင်ဂျုံအွန်းနဲ့ ထိပ်သီး ဆွေးနွေးပွဲအတွက် မျှော်လင့်နေကြောင်း တွိတာမှာ ရေးသားပါတယ်။

သောကြာနေ့နှောင်းပိုင်းမှာလည်း အားလုံးအတွက် တိုးတက်မှုတွေ ရှိနေကြောင်း ထရမ့်က Tweeter မှာ ထပ်ပြီး ရေးသားခဲ့ပါ တယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အရင်တုန်းကတော့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖေါက်ပြီး နျူကလီယားနဲ့ မစ်ဇိုင်း ဒုံးကျည်တွေကို ပစ်ခတ်စမ်းသပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယား ဆောင်း ရာသီ အိုလံပစ် ပြိုင်ပွဲ ကျင်းပခဲ့ချိန်ကစလို့ သဘောထားတွေ ပြောင်းလဲလာခဲ့ပြီး တောင် ကိုရီးယားနဲ့ အမေရိကန်သမ္မတတို့နဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီလို မြောက်ကိုရီးယားရဲ့ နျူကလီယားစမ်းသပ်မှုတွေ ရပ်ဆိုင်းမယ်ဆိုပြီးပြောသွားခဲ့တာကို မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ် ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း ကြိုဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမယ့် ရလဒ်ကောင်းတွေ ထွက်ပေါ် လာဖို့နဲ့ သူ့နိုင်ငံသားတွေရဲ့လူနေမှုဘဝ တွေ မြင့်မားတိုးတက်ဖို့ ဆက်ပြီးဆောင်ရွက် သွားနိုင်ဖို့ တရုတ်အစိုးရကလိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ခွင့်ရသူ Lu Kang ကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ မြောက် ကိုရီးယားရဲ့ နျူကလီယားအရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ကို ရလဒ်ထွက်တဲ့အထိ တရုတ်က မြောက် ကိုရီးယားကို အားပေးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တောင်ကိုရီးယား ရုံးကလည်း မြောက်ကိုရီးယားရဲ့ကြေညာချက်ကို ကြိုဆိုပါကြောင်း ကြေညာချက်ထုတ်ပြန်ပြီး ဒီကြေညာချက် ဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီယား လက်နက်ကင်းစင်ရေးအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့တိုးတက်မှုဖြစ်ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအွန်းဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ လာမယ့် သောကြာနေ့မှာ တွေ့ဆုံပြီး မြောက် ကိုရီးယားရဲ့ နျူကလီယားအရေး ဆွေးနွေးဖို့ ရှိပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်ရင် သဘောထား တင်းမာတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲကတော့ မြောက်ကိုရီးယားရဲ့ကြေညာမှုကို သတိနဲ့တုံ့ပြန်ခဲ့ပါတယ်။ ဒီကြေညာမှုဟာ ကောင်းမွန်တဲ့ ဖြစ်ပေါ်တိုးတက်မှုအဖြစ် ကြိုဆိုပါကြောင်း သူက ပြောသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီမှာ အရေးကြီးတာက ဒီဖြစ်ပေါ် တိုးတက်မှုကနေ နျူကလီယားလက်နက် နဲ့ အပျက်အစီးကြီးကြီးမားမား ဖြစ်ပေါ်စေတဲ့ လက်နက်တွေ၊ ဒုံးကျည်တွေ အလုံးစုံ အပြီးသတ် စွန့်လွှတ်ရေး အဆုံးသတ်ရလဒ်ကို ရောက်ဖို့ ဘယ်လို လုပ်ဆောင်မလဲဆိုတာ ဖြစ်ပါတယ်လို့ မစ္စတာ အာဘဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG