သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူအစီအစဉ်ဖျက်မှ ဒဏ်ခတ်မှုဖယ်ရှားမည်


အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis

မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့နျူကလီယားအစီအစဉ်ကို ဖျက်သိမ်းရေး ခိုင်မာတဲ့လုပ်ရပ်တွေ လုပ်လာမှသာ၊ မြောက်ကိုရီယားအပေါ် နိုင်ငံတကာဒဏ်ခတ်အရေးယူမှုတွေကို ပြန်ရုပ်သိမ်းမှာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ဆက်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံခရီးစဉ်အဆုံး တနင်္ဂနွေနေ့တုန်းက ပြောဆိုသွားတာပါ။ ပြန်လှည့်လို့မရတဲ့ နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးလုပ်ငန်းတွေကို လုပ်နေပြီလို့ ခိုင်ခိုင်မာမာ ပြနိုင်မှသာ၊ မြောက်ကိုရီယားအနေနဲ့ ဒီ ဒဏ်ခတ်မှုတွေကနေ သက်သာရရမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီယားအကြား လက်ရှိ ဆွေးနွေးညှိုနှိုင်းမှုတွေဟာ အခက်အခဲတွေ ရှိနေပေမယ့် အကောင်းဆုံးကိုတော့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။ အမေရိကန်သမတ Donald Trump နဲ့ မြောက်ကိုရီယားခေါင်းဆောင် Kim Jong Un တို့အကြား စင်ကာပူမှာ ဇွန်လ ၁၂ ရက်နေ့လုပ်မယ့် ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်ဖက်တာဝန်ရှိသူတွေ ညှိုနှိုင်းနေဆဲရှိပါတယ်။

အဲဒီ ထိပ်သီးဆွေးနွေးပွဲမှာတော့ တောင်ကိုရီယားမှာ အမေရိကန်တပ်အင်အား ချထားမှု ကိစ္စတွေကိုတော့ ဆွေးနွေးမှာမဟုတ်ဘူးလို့ ၀န်ကြီး Mattis က စနေနေ့က ပြောခဲ့ပါတယ်။ အခုလာမယ့် ထိပ်သီးဆွေးနွေးပွဲမှာ နှစ်ဖက်အကြား ဘယ်လိုဘာတွေ ဆွေးနွေးဖို့ ပြင်ဆင်ထားသလဲဆိုတာနဲ့ ဆွေးနွေးမှုဟာ ဘယ်လောက်ကြာမလဲဆိုတာာတွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြောက်ကိုးရီယားဖက်က နျူကလီယားဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို အလျင်အမြန်လုပ်ရမယ်လို့ သမ္မတ Trump ဖက်က ကနဦး တောင်းဆိုခဲ့တာပါ။

ဒါပေမယ့်လည်း သောကြာနေ့တုန်းက မြောက်ကိုရီးယား အကြီးတန်းခေါင်းဆောင်တဦးနဲ့တွေ့ဆုံအပြီးမှာတော့ အဲဒီ သဘောထား ပြောင်းလဲလာပုံတော့ ရပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Song Young-Moo ကတော့ သူ့အနေနဲ့ သတိကြီးကြီးထားပြီး အကောင်းမြင်ထားတယ်လို့ စနေနေ့က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အရင်လုပ်ရပ်တွေကို ကြည့်ရင်၊ သတိထားစရာတွေရှိပေမယ့်လို့၊ အခု မြောက်ကိုရီးယားရဲ့လုပ်ဆောင်မှုအချို့ဟာ အပြုသဘောဆောင်တယ်လို့ သူက မှတ်ချက်ပေးပြောခဲ့တာပါ။ အမေရိကန်နဲ့ သူ့မဟာမိတ်တွေဖက်ကတော့ မြောက်ကိုရီယားအနေနဲ့ သူ့နျူကလီးယားလက်နက်အစီအစဉ်တွေကို လုံးဝကို အခိုင်အမာရှိတဲ့ ဖျက်သိမ်းရေးကိစ္စကိုပဲ မျှော်လင့်ထားကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG