သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ထိပ်သီးဆွေးနွေးရေး မြောက်ကိုရီးယား လမ်းဖွင့်ထားဆဲ


 မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

ဇွန်လ ၁၂ ရက်နေ့ကျရင် စင်္ကာပူမှာလုပ်ဖို့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေး ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဖျက်လိုက်တဲ့အပေါ် မြောက်ကိုရီးယားဘက်က တုံ့ပြန်ပုံက အေးဆေးတည်ငြိမ်ပြီး ပြေပြေလည်လည်လေသံမျိုး ပေါက်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ကြေညာထားတဲ့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kim Kye Gwan ထုတ်ပြန်ချက်မှာ “သမိုင်းဝင် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးဖြစ်လာဖို့ တခြား ဘယ်သမ္မတနဲ့မှမတူတဲ့ သမ္မတထရမ့်ပ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် ကျနော်တို့ အထူးပဲ အလေးအနက်ထားပါတယ်၊ ပြဿနာတွေကို အချိန်မရွေး နည်းလမ်းမရွေး ဖြေရှင်းရေးအတွက် ကျနော်တို့ လမ်းဖွင့်ထားတယ်ဆိုတာ အမေရိကန်ပြည်ထောင်စုကို ကျနော်တို့ ထပ်ပြော လိုက်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း သမ္မတထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာရဲ့ဆန္ဒတွေနဲ့ မကိုက်ညီဘဲ ထိပ်သီးအစည်းအဝေးဖြစ်ဖို့ Kim Jong Un က အစွမ်းကုန် အားထုတ်ခဲ့တယ်လို့လည်း ပြောထားပါတယ်။

မြောက်ကိုရီးယားဘက်က မကြာသေးခင်ရက်တွေအတွင်း ပြောဆိုထားတာတွေကို ထောက်ပြပြီးတော့ ထိပ်သီးအစည်းအဝေးကို သမ္မတထရမ့်ပ်က ဖျက်ပစ်လိုက်တာပါ။

“ဒါဟာ မြောက်ကိုရီးယားအတွက် ကြီးမားတဲ့ နောက်ကြောင်းပြန်လှည့်မှုတခုဖြစ်ပြီး ကမ္ဘာကြီးအတွက်လည်း အလားတူပါပဲ” လို့ သမ္မတထရမ့်ပ်က အိမ်ဖြူတော် Roosevelt ခန်းမမှာ ကြာသပတေးနေ့ နေ့လည်ပိုင်းကပြောပါတယ်။

မြောက်ကိုရီးယားဘက်က မိုက်မဲတဲ့ ဒါမှမဟုတ် အဆင်ခြင်မဲ့တဲ့ လုပ်ရပ်တခုခု လုပ်လာမယ်ဆိုရင် တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ အရင်တုန်းကရှိဖူးတာထက် အများကြီး ပိုပြီး အဆင်သင့်ရှိနေတယ်လို့လည်း သမ္မတ ထရမ့်ပ်က သတိပေးပါတယ်။

ထိပ်သီးအစည်းအဝေးဖျက်လိုက်ကြောင်း အသိပေးတဲ့စာကို သမ္မတထရမ့်ပ်က Kim Jong Un ဆီကို လက်မှတ်ရေးထိုး ပေးပို့ခဲ့ တာပါ။ အဲဒီစာပါ စကားလုံးတိုင်းကို သမ္မတကိုယ်တိုင် ရေးထားတာဖြစ်တယ်လို့ အိမ်ဖြူတော် အကြီးတန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကန်နဲ့ထိပ်သီးဆွေးနွေးရေး မြောက်ကိုရီးယား လမ်းဖွင့်ထားဆဲ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG