သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးဆွေးနွေးပွဲကျင်းပရေး ကန်နဲ့ မြောက်ကိုရီးယား တွေ့ဆုံ


သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့အကြား ဖြစ်လာနိုင်ခြေရှိတဲ့ ထိပ်သီး အစည်းအဝေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေ တနင်္ဂနွေနေ့က ကိုရီးယားနှစ်နိုင်ငံ ကြား စစ်မဲ့ဇုံမှာ တွေ့ကြပါတယ်။

သမ္မတထရမ့်ပ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ထိပ်သီးအစည်းအဝေးကို ဖျက်လိုက်ပြီးတဲ့နောက် အခုတော့ စီစဉ်ထားတဲ့ အတိုင်း စင်္ကာပူမှာ ဇွန်လ ၁၂ ရက်နေ့လုပ်ဖို့ သိပ်ကိုဖြစ်လာဖွယ်ရှိနေပြီလို့ ပြောပါတယ်။

“မြောက်ကိုရီးယားဟာ သိပ်ကို ကောင်းမွန်တဲ့ အလားအလာရှိပြီး တနေ့ကျရင် စီးပွားရေးနဲ့ဘဏ္ဍာရေးပိုင်း နိုင်ငံကြီးတခုဖြစ်လာ မယ်လို့ ကျနော် တကယ်ပဲ ယုံကြည်ပါတယ်။ ဒီအပေါ် Kim Jong Un က ကျနော်နဲ့ သဘောတူပါတယ်။ အဲဒါ ဖြစ်လာမှာပါ” လို့ သမ္မတထရမ့်ပ်က Twitter မှာ တနင်္ဂနွေနေ့ကရေးပါတယ်။

ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ဆွေးနွေးပွဲတွေမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို လက်ရှိ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းဖြစ်တဲ့ Sung Kim က ဦးဆောင်ပါတယ်။ ဆွေးနွေးပွဲတွေဟာ အင်္ဂါနေ့ထိကြာနိုင်တယ်လို့ သတင်းတွေကပြောပါတယ်။

ထိပ်သီးအစည်းအဝေးကို ဖျက်လိုက်ပြီလို့ပြောအပြီး နောက်တရက်မှာပဲ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ့်သဘောမျိုး ပြန်ပြောလာတဲ့ သမ္မတထရမ့်ပ်ဟာ ဘယ်လိုအခြေအနေကြောင့် စိတ်ပြောင်းသွားတာလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ထိပ်သီးဆွေးနွေးပွဲကျင်းပရေး ကန်နဲ့ မြောက်ကိုရီးယား တွေ့ဆုံ
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG