သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့လုပ်မယ့် ထိပ်သီးဖျက်သိမ်းမှု ကုလနဲ့ ရုရှားဝေဖန်


သမ္မတ Donald Trumpနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
သမ္မတ Donald Trumpနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

ဇွန်လ ၁၂ ရက်နေ့ကျရင် စင်္ကာပူမှာလုပ်ဖို့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေး ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဖျက်လိုက်တဲ့အပေါ် စိတ်မကောင်းတဲ့အကြောင်း ကုလသမဂ္ဂနဲ့ ရုရှားတို့ကပြောပါတယ်။ ဆွေးနွေးပြောဆိုတာကို ဆက်လုပ်သွားဖို့ ကုလသမဂ္ဂက နှစ်ဘက်လုံးကို တိုက်တွန်းပါတယ်။

ရုရှားသမ္မတပူတင်ကလည်း ဒီထိပ်သီးအစည်းအဝေးဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့စေရေး စတင်တာဖြစ်မယ် လို့ မျှော်လင့်ထားခဲ့ကြကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားဘက်က မကြာသေးခင်ရက်တွေအတွင်း ပြောဆိုထားတာတွေကို ထောက်ပြပြီးတော့ ထိပ်သီးအစည်းအဝေးကို သမ္မတထရမ့်ပ်က ဖျက်ပစ်လိုက်တာပါ။

“ဒါဟာ မြောက်ကိုရီးယားအတွက် ကြီးမားတဲ့ နောက်ကြောင်းပြန်လှည့်မှုတခုဖြစ်ပြီး ကမ္ဘာကြီးအတွက်လည်း အလားတူပါပဲ” လို့ သမ္မတထရမ့်ပ်က အိမ်ဖြူတော် Roosevelt ခန်းမမှာ ကြာသပတေးနေ့ နေ့လည်ပိုင်းကပြောပါတယ်။

မြောက်ကိုရီးယားဘက်က မိုက်မဲတဲ့ ဒါမှမဟုတ် အဆင်ခြင်မဲ့တဲ့ လုပ်ရပ်တခုခု လုပ်လာမယ်ဆိုရင် တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ အရင်တုန်းကရှိဖူးတာထက် အများကြီး ပိုပြီး အဆင်သင့်ရှိနေတယ်လို့လည်း သမ္မတ ထရမ့်ပ်က သတိပေးပါတယ်။

ထိပ်သီးအစည်းအဝေးဖျက်လိုက်ကြောင်း အသိပေးတဲ့စာကို သမ္မတထရမ့်ပ်က Kim Jong Un ဆီကို လက်မှတ်ရေးထိုး ပေးပို့ခဲ့ တာပါ။ အဲဒီစာပါ စကားလုံးတိုင်းကို သမ္မတကိုယ်တိုင် ရေးထားတာဖြစ်တယ်လို့ အိမ်ဖြူတော် အကြီးတန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

XS
SM
MD
LG