သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေချမှတ် 


지난 1월 일본 도쿄 아키아바라의 대형 TV에서 북한 미사일 발사 관련 속보가 나오고 있다.
지난 1월 일본 도쿄 아키아바라의 대형 TV에서 북한 미사일 발사 관련 속보가 나오고 있다.

လူအမြောက်အများ သေကျေထိခိုက်နိုင်တဲ့ လက်နက်ထုတ်လုပ်မှုတွေကို အားပေးကူညီနေတယ်လို့ စွပ်စွဲခံရတဲ့ ရုရှားဘဏ် ၂ ခု၊ မြောက်ကိုရီးယား ကုမ္ပဏီတခုနဲ့ လူပုဂ္ဂိုလ်တဦးတို့ကို သောကြာနေ့က အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားအပေါ် အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေချမှတ်

{{Zawgyi/Unicode}}
လူအမြောက်အများ သေကျေထိခိုက်နိုင်တဲ့ လက်နက်ထုတ်လုပ်မှုတွေကို အားပေးကူညီနေတယ်လို့ စွပ်စွဲခံရတဲ့ ရုရှားဘဏ် ၂ ခု၊ မြောက်ကိုရီးယား ကုမ္ပဏီတခုနဲ့ လူပုဂ္ဂိုလ်တဦးတို့ကို သောကြာနေ့က အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေ ပြန်လည်စမ်းသပ်နေတဲ့အပေါ် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့်ဖို့ လုံခြုံရေးကောင်စီမှာ မဲခွဲရာ တရုတ်နဲ့ ရုရှားက ဗွီတိုအာဏာသုံး ပယ်ချခဲ့ပြီး နောက်တနေ့မှာဘဲ အမေရိကန်ပြည်ထောင်စုက အခုလို အရေးယူလိုက်တာပါ။ လုံခြုံရေးကောင်စီမှာ အခုလို သဘောထားကွဲလွဲတာဟာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အရေးယူခဲ့တဲ့အထဲမှာ Air Koryo Trading ကုမ္ပဏီနဲ့ ရုရှားဘဏ်နှစ်ခုဖြစ်တဲ့ Far Eastern Bank နဲ့ Bank Sputnik တွေဟာ မြောက်ကိုရီးယား ကုမ္ပဏီတွေအတွက် ပစ္စည်းဝယ်ယူရေးနဲ့ ဝင်ငွေရရေးတွေကို လုပ်ဆောင်ပေးတဲ့အတွက် အရေးယူတာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်း တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံး ၆ ကြိမ် စမ်းသပ်ခဲ့ပြီး ၂၀၁၇ နှစ်ကစလို့ ပထမဆုံး အကြိမ်အဖြစ် နျူကလီးယားစမ်းသပ်မှုတွေ ပြန်စဖို့ ပြင်ဆင်နေတဲ့ လက္ခဏာတွေတွေ့ နေရတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ လူအများအပြား သေကျေထိခိုက်စေမယ့် လက်နက်ထုတ်လုပ်တဲ့ အစီအစဉ်တွေနဲ့ ပဲ့ထိန်းတပ်ဒုံး လက်နက်အစီအစဉ်တွေကို စွန့်လွှတ်ပြီး သံတမန်ရေးအရ ဖြေရှင်းမယ့်လမ်းကြောင်းကို ပြန်ရောက်လာတဲ့အထိ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Brian Nelson ကပြောဆိုပါတယ်။

မြောက်ကိုရီးယားအပေါ် အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေချမှတ်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

...........................................................


{{Zawgyi/Unicode}}
လူအမွောကျအမြား သကြေထေိခိုကျနိုငျတဲ့ လကျနကျထုတျလုပျမှုတှကေို အားပေးကူညီနတေယျလို့ စှပျစှဲခံရတဲ့ ရုရှားဘဏျ ၂ ခု၊ မွောကျကိုရီးယား ကုမ်ပဏီတခုနဲ့ လူပုဂ်ဂိုလျတဦးတို့ကို သောကွာနေ့က အမရေိကနျအစိုးရက ပိတျဆို့အရေးယူမှုတှေ ခမြှတျလိုကျပါတယျ။





XS
SM
MD
LG