သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာေတြ ေရာဂါကၽြမ္းမွ ေရာက္လာတဲ႔ အတြက္ ကုသေရးအခက္ၾကံဳ


လားရႈိးၿမိဳ႕ က ကုိဗစ္ေရာဂါေၾကာင့္ ေသဆုံးသူတဦး ။ (ယခင္မွတ္တမ္းဓါတ္ပုံ)

{{Zawgyi/Unicode}}

ေဒသတြင္း ကိုဗစ္ျဖစ္ပြားမႈ အေျခအေနေၾကာင့္ Stay at Home နဲ႔ Semi Lockdown သတ္မွတ္ခံထားရတဲ့ ရွမ္းျပည္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွာ ကပ္ေရာဂါျဖစ္ပြားမႈ ျပင္းထန္ခ်ိန္ေရာက္မွသာ ကိုဗစ္ကုသေရးစင္တာေတြဆီ ေရာက္လာသူေတြမ်ားလို႔ ေရာဂါထိန္းခ်ဳပ္ေရး အခက္ေတြ႕ေနပါတယ္။ တႏိုင္ငံလံုး အတိုင္းအတာအရ ရွမ္းျပည္နယ္မွာေတာ့ ကိုဗစ္အတည္ျပဳလူနာအေရအတြက္ မ်ားေနဆဲျဖစ္ပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို ကိုခင္ေမာင္စုိးမင္း က တင္ဆက္ေပးမွာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွာ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ေရးအတြက္ Stay at Home သတ္မွတ္ထားသလို၊ ေန႔လည္ ၁၂ နာရီကေန ေနာက္တေန႔ မနက္ ၄ နာရီအတြင္း အိမ္ျပင္မထြက္ရ အမိန႔္လည္း ဆက္ရွိေနပါတယ္။ ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီနဲ႔ ပရဟိတအဖြဲ႕ေတြ ေဆာင္႐ြက္ေနေပမယ့္ အခုေနာက္ပိုင္း လူနာအမ်ားစုက ေရာဂါ ျပင္းထန္ခ်ိန္ေရာက္မွသာ ကုသေရးစင္တာေတြဆီ ေရာက္လာတယ္လို႔ သဖန္းကိုင္းပရဟိတ လူမႈကူညီေရးအသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

"ၿပီးခဲ့တဲ့ ၂ လေလာက္အခ်ိန္နဲ႔ အခုအေျခအေနနဲ႔ကို ဒီ ၂ လအတြင္းေပါ့ ျပန္ခ်ိန္ထိုးၾကည့္မယ္ ဆိုရင္ေတာ့ အခုလာတဲ့လူနာေတြက ပိုၿပီးေတာ့ ေရာဂါျပင္းထန္မွ ဒီစင္တာေတြကို ေရာက္လာတာ မ်ားတယ္ဗ်။ အရင္တုန္းကေတာ့ မျဖစ္မေန စစ္ၾကတဲ့အခါမွာ ကုသေရးမွာ သိပ္ခက္ခက္ခဲခဲ မေတြ႕ရဘူး။ အခု ႏိုဝင္ဘာလထဲကို ေရာက္လာတဲ့အခ်ိန္ထဲမွာေတာ့ ကုသေရးမွာ ေတာ္ေတာ္ေလး ခက္ခက္ခဲခဲေတြ႕ရတယ္ဗ်။ ေတြ႕ရတဲ့ေနရာမွာက ေရာဂါရဲ႕အေျခအေနလြန္မွ ေရာက္လာတဲ့အေျခအေနေတြကို ေတြ႕ရတဲ့အတြက္ေၾကာင့္မို႔လို႔ ကုသရတဲ့အပိုင္းမွာေတာ့ အခက္အခဲေတြ ေတြ႕ရတယ္ဗ်။"

ကိုဗစ္အတည္ျပဳလူနာေတြကို တိုက္နယ္ေဆး႐ုံေတြမွာ ထားရွိကုသေပးေနသလို၊ ေနာင္ခ်ိဳေဆး႐ုံႀကီးနဲ႔ သဖန္းကိုင္းအထူးကုသေရး စင္တာမွာလည္း ထားရွိကုသေပးေနတယ္လို႔ ေျပာပါတယ္။ ေနာင္ခ်ိဳၿမိဳ႕နယ္မွာ အခုခ်ိန္ထိ ကိုဗစ္အတည္ျပဳလူနာ ျမင့္မားေနလို႔ ပ်ံက်ေစ်းသည္ေတြကိုလည္း ကိုယ့္ရပ္ကြက္အလိုက္ ေစ်းေရာင္းဖို႔နဲ႔ ရပ္ကြက္မေက်ာ္ဖို႔ကို သတိေပးထားပါတယ္။

ေန႔လည္ ၁၂ နာရီကေန မနက္ ၄နာရီ အတြင္း အိမ္ျပင္မထြက္ရ သတ္မွတ္ခ်က္ေၾကာင့္ ေဒသခံတခ်ိဳ႕အတြက္ေတာ့ အလုပ္အကိုင္အခက္အခဲေတြ ရွိေနတာကို ပရဟိတေဆာင္႐ြက္ေပးေနသူက ႀကဳံေတြ႕ေနရတဲ့ အခက္အခဲကို ေျပာပါတယ္။

" ေနာင္ခ်ိဳကေတာ့ ေတာင္သူေတြေပါတယ္။ ၿမိဳ႕က က်ဥ္းၿပီးေတာ့မွ ႐ြာရဲ႕နယ္ေတြက က်ယ္တဲ့အခါက်ေတာ့ သူ႔႐ြာနဲ႔ သူ႔နယ္နဲ႔ကေတာ့ သူ႔အလုပ္ေလးနဲ႔ သူ႔ဟာသူေတာ့ ရွိတယ္ေပါ့ေနာ္။ အခု ဥပမာနဲ႔ေျပာရမယ္ ဆိုရင္ေတာ့ ဒီရာသီကေတာ့ ေျပာင္းေတြေပၚတဲ့ရာသီ ျဖစ္တဲ့အခါဆိုေတာ့ ေတာင္သူေတြအေနနဲ႔ကေတာ့ သိပ္ခက္ခက္ခဲခဲေတာ့ မရွိပါဘူးဗ်။ ခက္ခက္ခဲခဲ ရွိတာကေတာ့ ၿမိဳ႕အတြင္းမွာရွိၾကတဲ့ ေစ်းေရာင္း ေစ်းဝယ္ေတြကေတာ့ စားဝတ္ေနေရးအပိုင္းမွာ နည္းနည္းခက္ခဲေကာင္း ခက္ခဲလာႏိုင္တယ္လို႔ေတာ့ သုံးသပ္မိတယ္ဗ်။"

ေနာင္ခ်ဳိၿမိဳ႕နယ္ထဲမွာ ေအာက္တုိဘာလထဲက စလို႔ ကိုဗစ္ကာကြယ္ေဆးထိုးအစီအစဥ္ေတြကို က်န္းမာေရးဝန္ႀကီးဌာနက ေဆာင္႐ြက္ေပးေနပါတယ္။

ေနာင္ခ်ိဳၿမိဳ႕နယ္မွာ ကိုဗစ္အတည္ျပဳလူနာစုစုေပါင္း ၄,၂၀၀ ေက်ာ္နဲ႔ ေသဆုံးသူကေတာ့ ၅၅ ဦးအထိ႐ွိတယ္လို႔ ၿမိဳ႕နယ္တာဝန္႐ွိသူေတြ တရားဝင္ ထုတ္ျပန္ထားပါတယ္။ လက္႐ွိ ကုသမႈခံယူေနဆဲ လူနာကေတာ့ ၁၇၀ ဝန္းက်င္မွာ ရွိေနပါတယ္။

ခုလို ေနာက္ခ်ဳိၿမိဳ႕နယ္ထဲမွာ Local Semi Lockdown သတ္မွတ္ထားသလို ႐ွမ္းျပည္ ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္၊ ပင္ေလာင္းၿမိဳ႕နယ္နဲ႔ ဟိုပုံးၿမိဳ႕နယ္ေတြမွာလည္း အလားတူ ကန္႔သတ္ထားပါတယ္။ ဒီေန႔ ႏို္ဝင္ဘာ ၉ ရက္အထိ က်န္မာေရးဌာနက ထုတ္ျပန္တဲ့ ျမန္မာတႏိုင္ငံလံုး ကိုဗစ္အတည္ျပဳလူနာ အေရအတြက္မွာ ႐ွမ္းျပည္နယ္က ၇၀၀ နီးပါးနဲ႔ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

{{Unicode}}

ဒေသတွင်း ကိုဗစ်ဖြစ်ပွားမှု အခြေအနေကြောင့် Stay at Home နဲ့ Semi Lockdown သတ်မှတ်ခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ကပ်ရောဂါဖြစ်ပွားမှု ပြင်းထန်ချိန်ရောက်မှသာ ကိုဗစ်ကုသရေးစင်တာတွေဆီ ရောက်လာသူတွေများလို့ ရောဂါထိန်းချုပ်ရေး အခက်တွေ့နေပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအရ ရှမ်းပြည်နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာအရေအတွက် များနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က တင်ဆက်ပေးမှာပါ။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် Stay at Home သတ်မှတ်ထားသလို၊ နေ့လည် ၁၂ နာရီကနေ နောက်တနေ့ မနက် ၄ နာရီအတွင်း အိမ်ပြင်မထွက်ရ အမိန့်လည်း ဆက်ရှိနေပါတယ်။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်ကော်မတီနဲ့ ပရဟိတအဖွဲ့တွေ ဆောင်ရွက်နေပေမယ့် အခုနောက်ပိုင်း လူနာအများစုက ရောဂါ ပြင်းထန်ချိန်ရောက်မှသာ ကုသရေးစင်တာတွေဆီ ရောက်လာတယ်လို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂ လလောက်အချိန်နဲ့ အခုအခြေအနေနဲ့ကို ဒီ ၂ လအတွင်းပေါ့ ပြန်ချိန်ထိုးကြည့်မယ် ဆိုရင်တော့ အခုလာတဲ့လူနာတွေက ပိုပြီးတော့ ရောဂါပြင်းထန်မှ ဒီစင်တာတွေကို ရောက်လာတာ များတယ်ဗျ။ အရင်တုန်းကတော့ မဖြစ်မနေ စစ်ကြတဲ့အခါမှာ ကုသရေးမှာ သိပ်ခက်ခက်ခဲခဲ မတွေ့ရဘူး။ အခု နိုဝင်ဘာလထဲကို ရောက်လာတဲ့အချိန်ထဲမှာတော့ ကုသရေးမှာ တော်တော်လေး ခက်ခက်ခဲခဲတွေ့ရတယ်ဗျ။ တွေ့ရတဲ့နေရာမှာက ရောဂါရဲ့အခြေအနေလွန်မှ ရောက်လာတဲ့အခြေအနေတွေကို တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ကုသရတဲ့အပိုင်းမှာတော့ အခက်အခဲတွေ တွေ့ရတယ်ဗျ။"

ကိုဗစ်အတည်ပြုလူနာတွေကို တိုက်နယ်ဆေးရုံတွေမှာ ထားရှိကုသပေးနေသလို၊ နောင်ချိုဆေးရုံကြီးနဲ့ သဖန်းကိုင်းအထူးကုသရေး စင်တာမှာလည်း ထားရှိကုသပေးနေတယ်လို့ ပြောပါတယ်။ နောင်ချိုမြို့နယ်မှာ အခုချိန်ထိ ကိုဗစ်အတည်ပြုလူနာ မြင့်မားနေလို့ ပျံကျဈေးသည်တွေကိုလည်း ကိုယ့်ရပ်ကွက်အလိုက် ဈေးရောင်းဖို့နဲ့ ရပ်ကွက်မကျော်ဖို့ကို သတိပေးထားပါတယ်။

နေ့လည် ၁၂ နာရီကနေ မနက် ၄နာရီ အတွင်း အိမ်ပြင်မထွက်ရ သတ်မှတ်ချက်ကြောင့် ဒေသခံတချို့အတွက်တော့ အလုပ်အကိုင်အခက်အခဲတွေ ရှိနေတာကို ပရဟိတဆောင်ရွက်ပေးနေသူက ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပါတယ်။

" နောင်ချိုကတော့ တောင်သူတွေပေါတယ်။ မြို့က ကျဉ်းပြီးတော့မှ ရွာရဲ့နယ်တွေက ကျယ်တဲ့အခါကျတော့ သူ့ရွာနဲ့ သူ့နယ်နဲ့ကတော့ သူ့အလုပ်လေးနဲ့ သူ့ဟာသူတော့ ရှိတယ်ပေါ့နော်။ အခု ဥပမာနဲ့ပြောရမယ် ဆိုရင်တော့ ဒီရာသီကတော့ ပြောင်းတွေပေါ်တဲ့ရာသီ ဖြစ်တဲ့အခါဆိုတော့ တောင်သူတွေအနေနဲ့ကတော့ သိပ်ခက်ခက်ခဲခဲတော့ မရှိပါဘူးဗျ။ ခက်ခက်ခဲခဲ ရှိတာကတော့ မြို့အတွင်းမှာရှိကြတဲ့ ဈေးရောင်း ဈေးဝယ်တွေကတော့ စားဝတ်နေရေးအပိုင်းမှာ နည်းနည်းခက်ခဲကောင်း ခက်ခဲလာနိုင်တယ်လို့တော့ သုံးသပ်မိတယ်ဗျ။"

နောင်ချိုမြို့နယ်ထဲမှာ အောက်တိုဘာလထဲက စလို့ ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေပါတယ်။

နောင်ချိုမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၄,၂၀၀ ကျော်နဲ့ သေဆုံးသူကတော့ ၅၅ ဦးအထိရှိတယ်လို့ မြို့နယ်တာဝန်ရှိသူတွေ တရားဝင် ထုတ်ပြန်ထားပါတယ်။ လက်ရှိ ကုသမှုခံယူနေဆဲ လူနာကတော့ ၁၇၀ ဝန်းကျင်မှာ ရှိနေပါတယ်။

ခုလို နောက်ချိုမြို့နယ်ထဲမှာ Local Semi Lockdown သတ်မှတ်ထားသလို ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ ဟိုပုံးမြို့နယ်တွေမှာလည်း အလားတူ ကန့်သတ်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာ ၉ ရက်အထိ ကျန်မာရေးဌာနက ထုတ်ပြန်တဲ့ မြန်မာတနိုင်ငံလုံး ကိုဗစ်အတည်ပြုလူနာ အရေအတွက်မှာ ရှမ်းပြည်နယ်က ၇၀၀ နီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG