သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လုံၿခံဳေရးအႏၲရာယ္ေၾကာင့္ မႏၲေလး ေက်ာက္ေစ်းကြက္ ထိခိုက္


မႏၱေလး ေက်ာက္မ်က္ေဈးကြက္မွာ အေရာင္းအဝယ္လုပ္ေနၾကသူမ်ား။ (ဇန္နဝါရီ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္ေနရတဲ့အထဲမွာ မႏၲေလးက ေက်ာက္မ်က္ေရာင္းဝယ္ေရး လုပ္ငန္းေတြလည္း ပါဝင္ေနပါတယ္။ မႏၲေလးၿမဳိ႕ ေက်ာက္ဝိုင္းမွာ အေရာင္းအဝယ္ လုပ္သူေတြကေတာ့ ေန႔စဥ္ စားဝတ္ေနေရးအတြက္ အေရာင္းအဝယ္ လုပ္ေနရေပမယ့္ စစ္တပ္ကိုေရာ စစ္ေကာင္စီကို ဆန္႔က်င္တဲ့ လက္နက္ကိုင္အဖြဲ႔ေတြရဲ႕ အႏၲရာယ္ကိုပါ စိုးရိမ္ေနရတဲ့အေၾကာင္း AFP သတင္းတပုဒ္ကို အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္က ေျပာျပထားပါတယ္။

မႏၲေလးၿမဳိ႕မွာ ေက်ာက္မ်က္ဆိုင္ အေတာ္မ်ားမ်ား ပုံမွန္အတိုင္း ျပန္လည္ပတ္ႏိုင္ျခင္း မရွိေသးပါဘူး။ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အစိုးရတပ္နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) တို႔ၾကား ကခ်င္ျပည္နယ္ ဖားကန္႔ေဒသတဝိုက္မွာ တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ေရာ၊ ကိုဗစ္ တေက်ာ့ျပန္ကူးစက္တဲ့ အေျခအေနေတြေၾကာင့္ပါ ေက်ာက္စိမ္းတူးေဖာ္ေရးနဲ႔ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြ ရပ္တန္႔ေနၿပီး အျခားေဒသေတြမွာပါ ေက်ာက္စိမ္းကုန္ၾကမ္း ျပတ္လပ္ေနပါတယ္။ ျမန္မာႏိုင္ငံဟာ ကမ႓ာေပၚမွာ ေက်ာက္စိမ္းအမ်ားဆုံး ထြက္တဲ့ႏိုင္ငံျဖစ္ၿပီး အဲဒီထဲကမွ ဖားကန္႔ေဒသဟာ ေက်ာက္စိမ္းေျမအျဖစ္ ထင္ရွားပါတယ္။

ေက်ာက္စိမ္းအေရာင္းအဝယ္ေတြနဲ႔ စည္ကားတဲ့ မႏၲေလးမွာ ဉာဏ္ေတာ္ ေပ ၇၀ ဝန္းက်င္ရွိတဲ့ ေက်ာက္စိမ္းေစတီတဆူရွိၿပီး တန္ဖိုးရွိေက်ာက္ေတြ ေထာင္ခ်ီအသုံးျပဳ တည္ထားတဲ့အတြက္ အာဏာသိမ္းမႈမတိုင္ခင္ အျခား အနယ္နယ္အရပ္ရပ္က စိတ္ဝင္တစား လာၾကတဲ့ ဘုရားဖူးေတြနဲ႔ စည္ကားခဲ့ဖူးပါတယ္။ အခုေတာ့ ဘုရားဖူးလာသူေတြ က်ဳိးတိုးက်ဲတဲ ျဖစ္ေနတယ္လို႔ ၿမဳိ႕ခံေတြက ေျပာပါတယ္။

ကိုဗစ္ေၾကာင့္ မႏၲေလး ေက်ာက္မ်က္ေစ်းဆိုင္ေတြ အေစာပိုင္းမွာ ပိတ္ထားခဲ့တာေၾကာင့္ သူ႔လက္ဝယ္ရွိတဲ့ေက်ာက္ကို လမ္းေဘး ေက်ာက္ဝိုင္းမွာ ေရာင္းထြက္ဖို႔ လေပါင္းအတန္ၾကာ ႐ုန္းကန္ေနရသူက ကိုမ်ဳိးမင္းေဇာ္ပါ။ လတ္တေလာ အေရာင္းအဝယ္ လုပ္ေနတဲ့ၾကားထဲက လက္နက္ကိုင္သူေတြရဲ႕ အႏၲရာယ္ကို စိုးရိမ္ၿပီး ေျပးရလႊားရ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

“ႏုိင္ငံေရးကေတာ့ ခုနမွ ပူပူေႏြးေႏြးပါပဲ၊ ခုပဲ ေျပးလုိက္ရတယ္။ ပူပူေႏြးေႏြး ေျပးလုိက္ရတယ္ဆုိတာ ခုန စစ္တပ္က ေရာက္လာၿပီး ေအာ္ဆဲတယ္ ဘာညာ သူတို႔၊ ဒါ ဒုတိယတေခါက္ ေျပးရတာ။ ဟုိတေခါက္ကလည္း အုပ္စုလုိက္ႀကီး ေျပးလုိက္ရေသးတယ္။ ေဈးေတြကေတာ့ နည္းတယ္ေပါ့။ သူတုိ႔အတြက္လည္း ခ်န္တာ မွန္ပါတယ္။ ေဈးအရမ္းနည္းတယ္၊ ပုံမွန္ ၁၀ သိန္းေလာက္ ေရာင္းရမယ့္ ေက်ာက္ဆုိလည္း ၅ သိန္းပတ္ခ်ာလည္ ျဖစ္ေနတယ္။”

အာဏာပိုင္ေတြက အခြန္ေတြ စေကာက္ၿပီး ေစ်းကို မၾကာေသးမီက ျပန္ဖြင့္ခြင့္ ျပဳလိုက္ပါတယ္။ ဒီလို ေက်ာက္မ်က္ေစ်း ျပန္ဖြင့္ၿပီး ရက္ပိုင္းအတြင္းမွာပဲ ေစ်းနားမွာ ဗုံးေပါက္ကဲြမႈ ျပန္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ အေရာင္းအဝယ္ဘဝဟာ က်ီးလန္႔စာစား အေျခအေနမွာ ရွိေနတယ္လို႔ ေက်ာက္စိမ္းပုတီးေတြေရာင္းတဲ့ ေဒၚသႏၲာက ေျပာပါတယ္။

“စုိးရိမ္တာေပါ့၊ အခု ဝုိင္းသြားတယ္ဆုိလည္း အကုန္လုံးက လန္႔ေနၾကတာ။ ဘယ္အခ်ိန္မွာ ေပါက္ကြဲမႈျဖစ္မလဲ။ ကိုယ္ လမ္းသြားရင္းပဲ မိမလားေပါ့။ သြားရင္လည္း က်ီးလန္႔စာစားျဖစ္ေနတာ။ မျဖစ္မေန စားဝတ္ေနေရးမုိ႔သာ သြားၾကရတာ။ လုပ္ငန္းအျဖစ္ပဲ လုပ္ေနရတယ္ဆုိေတာ့။ ေဈးႏႈန္းကေတာ့ မတက္ဘူး၊ အလုပ္ျဖစ္ကေလးပဲ။ နည္းနည္းစားလည္း အဲလိုလုပ္ေနရတာ။ အရင္တုန္းကေလာက္ေတာ့ မျမတ္ဘူး။”

ၿမဳိ႕တြင္း ေဖာက္ခဲြမႈေတြဟာ အာဏာသိမ္းမႈ ဆန္႔က်င္ေနတဲ့ ေဒသခံ အၾကမ္းဖက္ေတြ လက္ခ်က္လို႔ စစ္ေကာင္စီက စြပ္စဲြေျပာဆိုေလ့ ရွိပါတယ္။ ဒီၾကားထဲ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး၊ ကိုဗစ္ကပ္ေရာဂါ မတည္ၿငိမ္မႈေတြေပၚ မူတည္ၿပီး တ႐ုတ္ ေက်ာက္မ်က္ ဝယ္လက္ေတြက ေစ်းႏွိမ္ေပး ဝယ္ေနတာေၾကာင့္ စီးပြားေရး ထိခိုက္ေနရတယ္လို႔ ကုန္သည္ေတြက ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ လုံၿခဳံေရး ယိုယြင္းေနခ်ိန္ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကလည္း Mytel ဆက္သြယ္ေရးကုမၸဏီမွာလုပ္တဲ့ အဆင့္ျမင့္အရာရွိတဦး ရန္ကုန္ၿမဳိ႕တြင္းမွာ အနီးကပ္ သတ္ျဖတ္ခံရၿပီး ရန္ကုန္ ဒဂုံၿမဳိ႕သစ္အေရွ႕ပိုင္းမွာလည္း ေက်ာင္းဆရာမတဦး ပစ္သတ္ခံရပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

လုံခြုံရေးအန္တရာယ်ကြောင့် မန္တလေး ကျောက်ဈေးကွက် ထိခိုက်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေရတဲ့အထဲမှာ မန္တလေးက ကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်းတွေလည်း ပါဝင်နေပါတယ်။ မန္တလေးမြို့ ကျောက်ဝိုင်းမှာ အရောင်းအဝယ် လုပ်သူတွေကတော့ နေ့စဉ် စားဝတ်နေရေးအတွက် အရောင်းအဝယ် လုပ်နေရပေမယ့် စစ်တပ်ကိုရော စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အန္တရာယ်ကိုပါ စိုးရိမ်နေရတဲ့အကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။

မန္တလေးမြို့မှာ ကျောက်မျက်ဆိုင် အတော်များများ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ကချင်ပြည်နယ် ဖားကန့်ဒေသတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့်ရော၊ ကိုဗစ် တကျော့ပြန်ကူးစက်တဲ့ အခြေအနေတွေကြောင့်ပါ ကျောက်စိမ်းတူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်တန့်နေပြီး အခြားဒေသတွေမှာပါ ကျောက်စိမ်းကုန်ကြမ်း ပြတ်လပ်နေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကျောက်စိမ်းအများဆုံး ထွက်တဲ့နိုင်ငံဖြစ်ပြီး အဲဒီထဲကမှ ဖားကန့်ဒေသဟာ ကျောက်စိမ်းမြေအဖြစ် ထင်ရှားပါတယ်။

ကျောက်စိမ်းအရောင်းအဝယ်တွေနဲ့ စည်ကားတဲ့ မန္တလေးမှာ ဉာဏ်တော် ပေ ၇၀ ဝန်းကျင်ရှိတဲ့ ကျောက်စိမ်းစေတီတဆူရှိပြီး တန်ဖိုးရှိကျောက်တွေ ထောင်ချီအသုံးပြု တည်ထားတဲ့အတွက် အာဏာသိမ်းမှုမတိုင်ခင် အခြား အနယ်နယ်အရပ်ရပ်က စိတ်ဝင်တစား လာကြတဲ့ ဘုရားဖူးတွေနဲ့ စည်ကားခဲ့ဖူးပါတယ်။ အခုတော့ ဘုရားဖူးလာသူတွေ ကျိုးတိုးကျဲတဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကိုဗစ်ကြောင့် မန္တလေး ကျောက်မျက်ဈေးဆိုင်တွေ အစောပိုင်းမှာ ပိတ်ထားခဲ့တာကြောင့် သူ့လက်ဝယ်ရှိတဲ့ကျောက်ကို လမ်းဘေး ကျောက်ဝိုင်းမှာ ရောင်းထွက်ဖို့ လပေါင်းအတန်ကြာ ရုန်းကန်နေရသူက ကိုမျိုးမင်းဇော်ပါ။ လတ်တလော အရောင်းအဝယ် လုပ်နေတဲ့ကြားထဲက လက်နက်ကိုင်သူတွေရဲ့ အန္တရာယ်ကို စိုးရိမ်ပြီး ပြေးရလွှားရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးကတော့ ခုနမှ ပူပူနွေးနွေးပါပဲ၊ ခုပဲ ပြေးလိုက်ရတယ်။ ပူပူနွေးနွေး ပြေးလိုက်ရတယ်ဆိုတာ ခုန စစ်တပ်က ရောက်လာပြီး အော်ဆဲတယ် ဘာညာ သူတို့၊ ဒါ ဒုတိယတခေါက် ပြေးရတာ။ ဟိုတခေါက်ကလည်း အုပ်စုလိုက်ကြီး ပြေးလိုက်ရသေးတယ်။ ဈေးတွေကတော့ နည်းတယ်ပေါ့။ သူတို့အတွက်လည်း ချန်တာ မှန်ပါတယ်။ ဈေးအရမ်းနည်းတယ်၊ ပုံမှန် ၁၀ သိန်းလောက် ရောင်းရမယ့် ကျောက်ဆိုလည်း ၅ သိန်းပတ်ချာလည် ဖြစ်နေတယ်။”

အာဏာပိုင်တွေက အခွန်တွေ စကောက်ပြီး ဈေးကို မကြာသေးမီက ပြန်ဖွင့်ခွင့် ပြုလိုက်ပါတယ်။ ဒီလို ကျောက်မျက်ဈေး ပြန်ဖွင့်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဈေးနားမှာ ဗုံးပေါက်ကွဲမှု ပြန်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နေ့စဉ် အရောင်းအဝယ်ဘဝဟာ ကျီးလန့်စာစား အခြေအနေမှာ ရှိနေတယ်လို့ ကျောက်စိမ်းပုတီးတွေရောင်းတဲ့ ဒေါ်သန္တာက ပြောပါတယ်။

“စိုးရိမ်တာပေါ့၊ အခု ဝိုင်းသွားတယ်ဆိုလည်း အကုန်လုံးက လန့်နေကြတာ။ ဘယ်အချိန်မှာ ပေါက်ကွဲမှုဖြစ်မလဲ။ ကိုယ် လမ်းသွားရင်းပဲ မိမလားပေါ့။ သွားရင်လည်း ကျီးလန့်စာစားဖြစ်နေတာ။ မဖြစ်မနေ စားဝတ်နေရေးမို့သာ သွားကြရတာ။ လုပ်ငန်းအဖြစ်ပဲ လုပ်နေရတယ်ဆိုတော့။ ဈေးနှုန်းကတော့ မတက်ဘူး၊ အလုပ်ဖြစ်ကလေးပဲ။ နည်းနည်းစားလည်း အဲလိုလုပ်နေရတာ။ အရင်တုန်းကလောက်တော့ မမြတ်ဘူး။”

မြို့တွင်း ဖောက်ခွဲမှုတွေဟာ အာဏာသိမ်းမှု ဆန့်ကျင်နေတဲ့ ဒေသခံ အကြမ်းဖက်တွေ လက်ချက်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုလေ့ ရှိပါတယ်။ ဒီကြားထဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ကိုဗစ်ကပ်ရောဂါ မတည်ငြိမ်မှုတွေပေါ် မူတည်ပြီး တရုတ် ကျောက်မျက် ဝယ်လက်တွေက ဈေးနှိမ်ပေး ဝယ်နေတာကြောင့် စီးပွားရေး ထိခိုက်နေရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေး ယိုယွင်းနေချိန် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း Mytel ဆက်သွယ်ရေးကုမ္ပဏီမှာလုပ်တဲ့ အဆင့်မြင့်အရာရှိတဦး ရန်ကုန်မြို့တွင်းမှာ အနီးကပ် သတ်ဖြတ်ခံရပြီး ရန်ကုန် ဒဂုံမြို့သစ်အရှေ့ပိုင်းမှာလည်း ကျောင်းဆရာမတဦး ပစ်သတ်ခံရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG