သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ဝါဒဖြန့်အစီအစဉ်တွေကို တုံ့ပြန်မယ့်အကြောင်း မြောက်ကိုရီးယားသတိပေး


တောင်မြောက်ကိုရီးယားနယ်စပ်ကို တောင်ကိုရီးယားဘက်ကကြည့်ရှုနေစဉ် (ဇွန် ၉၊ ၂၀၂၄)
တောင်မြောက်ကိုရီးယားနယ်စပ်ကို တောင်ကိုရီးယားဘက်ကကြည့်ရှုနေစဉ် (ဇွန် ၉၊ ၂၀၂၄)

နှစ်နိုင်ငံနယ်စပ်ကနေ တောင်ကိုရီးယားက အသံချဲ့စက်နဲ့ ဝါဒဖြန့်အသံလွှင့်တာနဲ့ လက်ကမ်းစာစောင်တွေ ကြဲချတာကို ဆက်လုပ်နေရင် တုံ့ပြန်မှုအသစ်တွေလုပ်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူ Kim Yo Jong က ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုတာကို နိုင်ငံပိုင် KCNA သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ မြောက်ကိုရီးယားက အမှိုက်အိတ်တွေချိတ်ဆွဲထားတဲ့ မိုးပျံပူပေါင်းတွေကို တောင်ကိုရီးယားဘက် ဆက်တိုက် ကြဲချခဲ့တာကြောင့် တောင်ကိုရီးယားက လက်တုံ့ပြန်ပြီး နယ်စပ်မှာ အသံချဲ့စက်တွေနဲ့ ဝါဒဖြန့် အသံလွှင့်တာကို မနေ့ ဇွန်လ ၉ ရက်နေ့မှာ ပြန်စခဲ့တာပါ။

ဒါက အန္တရာယ်ရှိတဲ့ ရှေ့ပြေးလုပ်ရပ်အဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ရဲ့ညီမဖြစ်သူ Kim Yo Jong က ပြောပါတယ်။

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေက မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ လွှင့်တင်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့မေလထဲ မြောက်ကိုရီးယားက မစင်နဲ့ အမှိုက်တွေ ပါဝင်တဲ့အိတ်တွေကို မိုးပျံပူဖောင်းတွေမှာ ချိတ်ဆွဲပြီး ပြန်လွှင့်ခဲ့တာကနေ အခုလိုအပြန်အလှန် တုံ့ပြန် လုပ်ဆောင်နေကြတာပါ။

၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲ အပစ်ရပ်စဲရေးနဲ့ နှစ်နိုင်ငံကြား စစ်မဲ့ဇုံထားရှိရေး ကြီးကြပ်ခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ (UNC) ကတော့ ဒီ မိုးပျံပူဖောင်းတွေလွှတ်တင်နေတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG