သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးတင်းမာမှုပေါ်ထွက်


မြောက်ကိုရီးယားကပစ်တင်တဲ့ ထောက်လှမ်းရေးဂြိုဟ်တုအကြောင်းသတင်းကို တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ် ဘူတာရုံမှာ ပြည်သူတွေ စောင့်ကြည့်နေကြပုံ။ (မေ ၂၈၊ ၂၀၂၄)
မြောက်ကိုရီးယားကပစ်တင်တဲ့ ထောက်လှမ်းရေးဂြိုဟ်တုအကြောင်းသတင်းကို တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ် ဘူတာရုံမှာ ပြည်သူတွေ စောင့်ကြည့်နေကြပုံ။ (မေ ၂၈၊ ၂၀၂၄)

မြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံကြားက နှစ်တွေနဲ့ချီပြီး အဆင်မပြေမှုတွေဟာ ပထမဆုံး လူသိရှင်ကြားထွက်ပေါ်လာပါတယ်။ နျူကလီယားလက်နက်တွေဖယ်ရှားရေး ဖြစ်နိုင်ခြေတွေနဲ့ပတ်သက်လို့ ပူးတွဲထုတ်ပြန်ချက်တခုမှာ တရုတ်နိုင်ငံက လက်မှတ်ထိုးခဲ့တဲ့အပေါ် မြောက်ကိုရီးယားက ဝေဖန်ပြစ်တင်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ နောက်ဆုံးကြိုးပမ်းချက်ဟာ တရုတ်ရဲ့ အဓိကသံတမန်ရေးဆောင်ရွက်ချက်တွေကို အဟန့်အတားဖြစ်စေခဲ့တဲ့အတွက် မဟာမိတ်နှစ်နိုင်ငံကြား မပြေလည်မှုတွေပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ ၅ နှစ်နီးပါးရပ်နေခဲ့တဲ့ ဂျပန်၊ တောင်ကိုရီးယား ထိပ်တန်းခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံကြား ၃ ပွင့်ဆိုင်ဆွေးနွေးပွဲကို တက်ရောက်ဖို့ တရုတ်ဝန်ကြီးချုပ် လီကျောင်း တောင်ကိုရီးယားကိုရောက်နေချိန်မှာ ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်မယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့တာဖြစ်ပါတယ်

တနင်္လာနေ့က ၃ ပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပအပြီး နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယားက စစ်ဘက်ကင်းထောက် ဂြိုဟ်တုလွှတ်တင်ခဲ့တာပါ။ ဂြိုဟ်တုကတော့ လွှတ်တင်လိုက်တဲ့အချိန် လေထုထဲမှာပဲ ပေါက်ကွဲသွားခဲ့ပါတယ်။

မျှော်လင့်မထားတဲ့ကိစ္စမဟုတ်ပေမယ့် တရုတ်နိုင်ငံပါဝင်တဲ့ အဓိကနိုင်ငံရေးပွဲတွေကို မြောက်ကိုရီးယားဘက်က နှောင့်ယှက်တာမျိုးတော့ ရှားပါတယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်လည်းဖြစ်သလို အထီးကျန်မြောက်ကိုးရီးယားအတွက်တော့ စီးပွါးရေး အသက်သွေးကြောလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG