သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ခဲ့ဟု မြောက်ကိုရီးယားကြေညာ


မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်တယ်ဆိုပြီး ဂျပန်အစိုးရက အိုကီနာဝါက ပြည်သူကိို သတ်မှတ်ပေးထားတဲ့နေရာမှာပဲနေကြဖို့ သတိပေးစကားပြထာားတဲ့ J-Alert စာတန်းကို ရုပ်သံဖန်သားပြင်မှာ တွေ့ရစဥ်။ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်တယ်ဆိုပြီး ဂျပန်အစိုးရက အိုကီနာဝါက ပြည်သူကိို သတ်မှတ်ပေးထားတဲ့နေရာမှာပဲနေကြဖို့ သတိပေးစကားပြထာားတဲ့ J-Alert စာတန်းကို ရုပ်သံဖန်သားပြင်မှာ တွေ့ရစဥ်။ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ပထမဆုံးထောက်လှမ်းရေး ဂြိုဟ်တု ကို ကမ္ဘာပတ်လမ်းကြောင်းထဲ အင်္ဂါနေ့ က အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအမ်း က (Kim Jong Un) ကြီးကြပ်ကြည့်ရှုခဲ့တယ်လို့ မြောက်ကိုရီးယား က ပြောလိုက်ပါတယ်။ အခုလို လွှတ်တင်တာ ကို တောင်ကိုရီးယားက စောစော သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်အစိုးရကတော့ တိုက်ချင်းပစ် ဒုံးကျည်ဖြစ်ဟန်ရှိတဲ့ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တယ်လို့ပြောခဲ့ပြီး အိုကီနားဝါး (Okinawa) စီရင်စုမှာ နေထိုင်ကြသူတွကို ချက်ခြင်း သတ်မှတ်ခိုလှုံရာနေရာတွေကိုသွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ နာရီဝက်အကြာမှာ ဒီအမိန့်ကို ရုပ်သိမ်းလိုက်ပြီး ဒုံးကျည်ဟာ ဂျပန်ကို ဖြတ်ကျော်သွားပြီး ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်မှာ ပစိဖိတ်သမုဒ္ဒရာထဲ ကျခဲ့တယ်လို့ ကြေညာပါတယ်။

ခုလို လွှတ်တင်တာကို အမေရိကန်က ရှုတ်ချလိုက်ပါတယ်။ အင်္ဂါနေ့အစောပိုင်းမှာ ပစ်လွှတ်မယ့်အကြောင်း မြောက်ကိုရီးယားက ဂျပန်ကို အကြောင်းကြားခဲ့ပါတယ်။ ဒီ ဖြစ်ရပ်ကြောင့် တင်းမာမှု ပိုဆိုးဝါးစေပြီး ဒေသတွင်းနဲ့ ဒေသတွင်းမက လုံခြုံရေးအခြေအနေတည်ငြိမ်မှုကို ပျက်ပြားစေမယ့် အန္တရာယ်ရှိတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Adrienne Watson က ကြေညာချက်ထုတ်ပါတယ်။

ဒီလို လွှတ်တင်တာဟာ တာဝေးပစ် ဒုံးကျည်နည်းပညာကိုစမ်းသပ်ဖို့ ယောင်ပြလွှတ်တင်တာမျိုး ဖြစ်နိုင်တာကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေက ခုလို လွှတ်တင်တာတွေကို ရှုတ်ချကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း တာဝေးပစ် ဒုံးကျည်မစမ်းသပ်ဖို့ မြောက်ကိုရီးယားကို ပိတ်ပင်ထားတာပါ။ မြောက်ကိုရီးယားက လွှတ်တင်တာ ဒါဟာ ဒီနှစ်မှာ တတိယအကြိမ်ဖြစ်ပါတယ်။ မေလနဲ့ ဩဂုတ်လတုန်းက လွှတ်တင်ခဲ့တာတွေကတော့ မအောင်မြင်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG