သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တယ္လီေနာျမန္မာလုပ္ငန္းေတြ ျပည္တြင္းကုမၸဏီတခုကုိ ေရာင္းခြင့္ျပဳမယ့္ သတင္းထြက္ 


FILE - Telenor flag flutters next to the company's headquarters in Fornebu, Norway, June 1, 2017.

ေနာ္ေ၀ႏုိင္ငံက ဆက္သြယ္ေရး လုပ္ငန္းတခုျဖစ္တဲ့ တယ္လီေနာရဲ႕ ျမန္မာႏုိင္ငံက လုပ္ငန္းေတြကုိ ျပည္တြင္းကုမၸဏီတခုကုိ ေရာင္းခ်ခြင့္ျပဳဖုိ႔ စစ္ေကာင္စီက စီစဥ္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

တယ္လီေနာျမန္မာလုပ္ငန္းေတြ ျပည္တြင္းကုမၸဏီတခုကုိ ေရာင္းခြင့္ျပဳမယ့္ သတင္းထြက္

{{Zawgyi/Unicode}}
ေနာ္ေဝးႏိုင္ငံက ဆက္သြယ္ေရး လုပ္ငန္းတခုျဖစ္တဲ့ တယ္လီေနာရဲ႕ ျမန္မာႏုိင္ငံက လုပ္ငန္းေတြကုိ ျပည္တြင္းကုမၸဏီတခုကုိ ေရာင္းခ်ခြင့္ျပဳဖုိ႔ စစ္ေကာင္စီက စီစဥ္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

တယ္လီေနာ ျမန္မာရဲ႕ ၈ဝရာခုိင္ႏႈန္းကုိ ေရႊဗ်ဳိင္းျဖဴကုမၸဏီက ဝယ္ယူမွာျဖစ္ၿပီး မၾကာခင္သေဘာတူညီခ်က္ ရေတာ့မွာျဖစ္ေၾကာင္း ဆက္သြယ္ေျပာဆုိခ်က္ အေထာက္အထားေတြကုိ ကုိးကားၿပီး ႐ုိက္တာသတင္းက ေသာၾကာေန႔မွာ ေဖာ္ျပလုိက္တာပါ။ ေရႊဗ်ဳိင္းျဖဴ ကုမၸဏီ ဥကၠ႒ ဦးသိန္းဝင္းေဇာ္ ဟာ စစ္တပ္နဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြနဲ႔ စီးပြားဖက္စပ္ လုပ္ကုိင္ဖူးတဲ့ ေနာက္ေၾကာင္းရွိၿပီး စစ္တပ္ပုိင္ Mytel ဆက္သြယ္ေရး လုပ္ငန္းမွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ မွတ္တမ္းအေထာက္အထား တခ်ဳိ႕ကုိလည္း ႐ုိက္တာသတင္းဌာနက ေတြ႔ရွိထားတယ္လုိ႔ ဆုိပါတယ္။

ဒါေပမဲ့လည္း ေရႊဗ်ဳိင္းျဖဴဟာ မိသားစုပုိင္ ပုဂၢလိက စီးပြားေရးလုပ္ငန္းတခုသာျဖစ္ၿပီး စစ္တပ္နဲ႔ ပတ္သက္မႈ မရွိဘူးဆုိၿပီး ကုမၸဏီရဲ႕ ကုိယ္စားလွယ္တဦးျဖစ္တဲ့ ဦးေက်ာ္မ်ဳိးေအာင္က ေျပာဆုိေၾကာင္းလည္း သတင္းက ေဖာ္ျပပါတယ္။

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ထဲ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ ဖိအားေတြေၾကာင့္ဆုိၿပီး တယ္လီေနာကုမၸဏီ ျမန္မာႏုိင္ငံက လုပ္ငန္းေတြ ျပန္ေရာင္းဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။

ကုမၸဏီကုိ လက္ဘႏြန္ႏုိင္ငံက M1 ကုမၸဏီက ဝယ္ယူဖုိ႔ စီစဥ္ေနေပမဲ့ ျမန္မာစစ္အာဏာပုိင္ေတြက ျပည္တြင္းလုပ္ငန္းတခုခုကသာ အဓိက ပုိင္ဆုိင္ရမယ္ဆုိၿပီး ေတာင္းဆုိခဲ့တယ္ဆုိတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ျမန္မာ့အေရးလႈပ္ရွားသူေတြကေတာ့ တယ္လီေနာကုမၸဏီကုိ ေရာင္းခ်မယ့္ အစီအစဥ္ေၾကာင့္ ျမန္မာႏုိင္ငံက သုံးစဲြသူေတြရဲ႕ ပုဂၢိဳလ္ေရးဆုိင္ရာ အခ်က္အလက္ေတြကုိ စစ္တပ္က ရယူခြင့္ရမွာကုိလည္း စုိးရိမ္ေနၾကပါတယ္။ တယ္လီေနာ ကုမၸဏီ ေရာင္းခ်မႈေၾကာင့္ အခ်က္အလက္ေတြ ေပါက္ၾကားမယ့္ အႏၱရာယ္ရွိတယ္ဆုိၿပီး ဒီသီတင္းပတ္ထဲမွာပဲ ေနာ္ေဝႏိုင္ငံမွာ သုံးစဲြသူတေယာက္က တရားစဲြထားပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

တယ်လီနောမြန်မာလုပ်ငန်းတွေ ပြည်တွင်းကုမ္ပဏီတခုကို ရောင်းခွင့်ပြုမယ့် သတင်းထွက်

{{Zawgyi/Unicode}}
နော်ဝေးနိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းတခုဖြစ်တဲ့ တယ်လီနောရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ပြည်တွင်းကုမ္ပဏီတခုကို ရောင်းချခွင့်ပြုဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တယ်လီနော မြန်မာရဲ့ ၈ဝရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူကုမ္ပဏီက ဝယ်ယူမှာဖြစ်ပြီး မကြာခင်သဘောတူညီချက် ရတော့မှာဖြစ်ကြောင်း ဆက်သွယ်ပြောဆိုချက် အထောက်အထားတွေကို ကိုးကားပြီး ရိုက်တာသတင်းက သောကြာနေ့မှာ ဖော်ပြလိုက်တာပါ။ ရွှေဗျိုင်းဖြူ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် ဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ စီးပွားဖက်စပ် လုပ်ကိုင်ဖူးတဲ့ နောက်ကြောင်းရှိပြီး စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ မှတ်တမ်းအထောက်အထား တချို့ကိုလည်း ရိုက်တာသတင်းဌာနက တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ရွှေဗျိုင်းဖြူဟာ မိသားစုပိုင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတခုသာဖြစ်ပြီး စစ်တပ်နဲ့ ပတ်သက်မှု မရှိဘူးဆိုပြီး ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကျော်မျိုးအောင်က ပြောဆိုကြောင်းလည်း သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖိအားတွေကြောင့်ဆိုပြီး တယ်လီနောကုမ္ပဏီ မြန်မာနိုင်ငံက လုပ်ငန်းတွေ ပြန်ရောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကုမ္ပဏီကို လက်ဘနွန်နိုင်ငံက M1 ကုမ္ပဏီက ဝယ်ယူဖို့ စီစဉ်နေပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပြည်တွင်းလုပ်ငန်းတခုခုကသာ အဓိက ပိုင်ဆိုင်ရမယ်ဆိုပြီး တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာ့အရေးလှုပ်ရှားသူတွေကတော့ တယ်လီနောကုမ္ပဏီကို ရောင်းချမယ့် အစီအစဉ်ကြောင့် မြန်မာနိုင်ငံက သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို စစ်တပ်က ရယူခွင့်ရမှာကိုလည်း စိုးရိမ်နေကြပါတယ်။ တယ်လီနော ကုမ္ပဏီ ရောင်းချမှုကြောင့် အချက်အလက်တွေ ပေါက်ကြားမယ့် အန္တရာယ်ရှိတယ်ဆိုပြီး ဒီသီတင်းပတ်ထဲမှာပဲ နော်ဝေနိုင်ငံမှာ သုံးစွဲသူတယောက်က တရားစွဲထားပါတယ်။

XS
SM
MD
LG