သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ေလလံေခၚေရး ပြင့္လင္းျမင္သာမႈရွိေအာင္ ဂ်ာမန္ကုမၸဏီ ပါ၀င္ေဆာင္ရြက္မည္


ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း (ဓါတ္ပံု-NYDC)

(Zawgyi/Unicode)

အေမရိကန္ေဒၚလာ ၁.၅ ဘီလီယံကုန္က်မယ့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအတြက္ တင္ဒါအသစ္ေတြေခၚယူေရးဂ်ာမနီ စီးပြားေရးအတိုင္ပင္ခံကုမၸဏီႀကီးတခုျဖစ္တဲ့ Roland Berger ကိုျမန္မာက ငွားရမ္းလိုက္ပါတယ္။

ရန္ကုန္တိုင္းအစိုးရ ခြင့္ျပဳခ်က္နဲ႔ ဖဲြ႕စည္းထားတဲ့ NYDC ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ဖြံၿဖိဳးေရး ကုမၸဏီ က ရန္ကုန္ျမစ္ အေနာက္ဖက္ကမ္းမွာ ၿမိဳ႕ျပတည္ေဆာက္မယ့္ စီမံကိန္းအတြက္ ႏိုင္ငံတကာ ရင္းႏွီးျမွဳပ္ႏွံသူေတြကို တင္ဒါေခၚယူဖို႔ ေလလံပစ္ရာမွာ ပြင့္လင္းျမင္သာမႈရွိေအာင္ အခုလို Roland Berger ဂ်ာမနီကုမၸဏီကို ငွားရမ္းခဲ့တာလို႔ ဆိုပါတယ္။

NYDC ဟာေျမဧကေပါင္း ၂၀၀၀၀ အက်ယ္အ၀န္းရွိတဲ့ ရန္ကုန္စက္မႈဇံု စီမံကိန္းကို တရုတ္အစိုးရပိုင္ ဆက္သြယ္ေရးနဲ႔ တည္ေဆာက္ေရး ကုမၸဏီ CCCC တခုတည္းနဲ႔ပဲ ပူးေပါင္းၿပီးလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒီစက္မႈဇံုစီမံကိန္းအတြက္ အၿပိုင္အဆိုင္ တင္ဒါေခၚယူျခင္း မရွိတာ၊ တရုတ္ကုမၸဏီနဲ႔ ပူးေပါင္းလုပ္ေဆာင္ရာမွာ ပြင့္လင္းျမင္သာမႈမရွိတာေတြေၾကာင့္ ေ၀ဖန္မႈေတြထြက္ေပၚခဲ့ပါတယ္။ ဒါေၾကာင့္ အခုလို ႀကီးမားလွတဲ့ ၿမိဳ႕ျပစီမံကိန္းအတြက္ အငယ္စားစီမံကိန္းေတြ အျဖစ္ခဲြၿပီး ရင္ႏွီးျမွဳပ္ႏွံမယ့္သူေတြကို ေစ်းၿပိဳင္ တင္ဒါန႔ဲ ေခၚယူေရး လမ္းပြင့္သြားေအာင္ ျမန္မာအစိုးရက စီစဥ္ေဆာင္ရြက္ခဲ့တာပါ။

CCCC တရုတ္ကုမၸဏီႀကီးက ၂၀၁၈ခုနွစ္မွာ အဆိုျပဳခဲ့တဲ့ ၁.၅ ဘီလီယံကုန္က်မယ့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို အခုေတာ့ အျခား ႏိုင္ငံတကာကုမၸဏီေတြပါ ၀င္ေရာက္ယွဥ္ၿပိဳင္ ေလလံဆဲြဖို႔ ဖိတ္ေခၚမွာျဖစ္ပါတယ္။ တကယ္လို႔ ဒီလို ေစ်းၿပိဳင္ေခၚယူမယ့္ တင္ဒါစနစ္က ေအာင္ျမင္မယ္ဆိုရင္ အႏိုင္ရမယ့္ ကုမၸဏီက မူလ ေလလံဆဲြသူရဲ႕ ကုန္က်စရိတ္ေတြကို ျပန္ေပးရမယ္လို႔ ဆိုပါတယ္။

ျမန္မာက ငွားရမ္းလိုက္တဲ့ ဂ်ာမနီႏိုင္ငံ ျမဴးနစ္အေျခစိုက္ Roland Berger ကုမၸဏီကေန စီမံကိန္း အငယ္စားေတြအျဖစ္ ခဲြထုတ္တာ၊ တင္ဒါေခၚယူဖို႔ စတဲ့ကိစၥေတြအတြက္ စီမံေဆာင္ရြက္ေပးရမွာျဖစ္ပါတယ္။

ပထမ အဆင့္ အျဖစ္ ၃ စတုရန္းကီလိုမီတာ အကြာအေ၀းရွိမယ့္ စက္မႈဇံုနဲ႔ ရန္ကုန္ၿမိဳ႕သစ္ၾကား ျမစ္ကိုျဖတ္ၿပီး ဆက္သြယ္မယ့္ တံတားတည္ေဆာက္ေရး စီမံကိန္းျဖစ္ပါတယ္။ ဒါအျပင္ ၿမိဳ႕သစ္စီမံကိန္းေၾကာင့္ ေနအိမ္ေတြ ေရႊ႕ေျပာင္းခံရသူေတြအတြက္ ၉စတုရန္း ကီလိုမီတာ က်ယ္၀န္းတဲ့ ေနအိမ္အေဆာက္အဦ စီမံကိန္းလည္း ပါ၀င္မွာျဖစ္ၿပီး အဲဒီအတြက္ အေမရိကန္ေဒၚလာ သန္း ၈၀၀ ကုန္က်မယ္လို႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ရန်ကုန်မြို့သစ်စီမံကိန်း လေလံခေါ်ရေး ပွင့်လင်းမြင်သာမှုရှိအောင် ဂျာမန်ကုမ္ပဏီ ပါဝင်ဆောင်ရွက်မည်

(Unicode)

အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါအသစ်တွေခေါ်ယူရေးဂျာမနီ စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီကြီးတခုဖြစ်တဲ့ Roland Berger ကိုမြန်မာက ငှားရမ်းလိုက်ပါတယ်။ ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းထားတဲ့ NYDC ရန်ကုန်မြို့သစ်စီမံကိန်း ဖွံဖြိုးရေး ကုမ္ပဏီ က ရန်ကုန်မြစ် အနောက်ဖက်ကမ်းမှာ မြို့ပြတည်ဆောက်မယ့် စီမံကိန်းအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို တင်ဒါခေါ်ယူဖို့ လေလံပစ်ရာမှာ ပွင့်လင်းမြင်သာမှုရှိအောင် အခုလို Roland Berger ဂျာမနီကုမ္ပဏီကို ငှားရမ်းခဲ့တာလို့ ဆိုပါတယ်။

NYDC ဟာမြေဧကပေါင်း ၂၀၀၀၀ အကျယ်အဝန်းရှိတဲ့ ရန်ကုန်စက်မှုဇုံ စီမံကိန်းကို တရုတ်အစိုးရပိုင် ဆက်သွယ်ရေးနဲ့ တည်ဆောက်ရေး ကုမ္ပဏီ CCCC တခုတည်းနဲ့ပဲ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီစက်မှုဇုံစီမံကိန်းအတွက် အပြိုင်အဆိုင် တင်ဒါခေါ်ယူခြင်း မရှိတာ၊ တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ကြီးမားလှတဲ့ မြို့ပြစီမံကိန်းအတွက် အငယ်စားစီမံကိန်းတွေ အဖြစ်ခွဲပြီး ရင်နှီးမြှုပ်နှံမယ့်သူတွေကို ဈေးပြိုင် တင်ဒါနဲ့ ခေါ်ယူရေး လမ်းပွင့်သွားအောင် မြန်မာအစိုးရက စီစဉ်ဆောင်ရွက်ခဲ့တာပါ။

CCCC တရုတ်ကုမ္ပဏီကြီးက ၂၀၁၈ခုနှစ်မှာ အဆိုပြုခဲ့တဲ့ ၁.၅ ဘီလီယံကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို အခုတော့ အခြား နိုင်ငံတကာကုမ္ပဏီတွေပါ ဝင်ရောက်ယှဉ်ပြိုင် လေလံဆွဲဖို့ ဖိတ်ခေါ်မှာဖြစ်ပါတယ်။ တကယ်လို့ ဒီလို ဈေးပြိုင်ခေါ်ယူမယ့် တင်ဒါစနစ်က အောင်မြင်မယ်ဆိုရင် အနိုင်ရမယ့် ကုမ္ပဏီက မူလ လေလံဆွဲသူရဲ့ ကုန်ကျစရိတ်တွေကို ပြန်ပေးရမယ်လို့ ဆိုပါတယ်။

မြန်မာက ငှားရမ်းလိုက်တဲ့ ဂျာမနီနိုင်ငံ မြူးနစ်အခြေစိုက် Roland Berger ကုမ္ပဏီကနေ စီမံကိန်း အငယ်စားတွေအဖြစ် ခွဲထုတ်တာ၊ တင်ဒါခေါ်ယူဖို့ စတဲ့ကိစ္စတွေအတွက် စီမံဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

ပထမ အဆင့် အဖြစ် ၃ စတုရန်းကီလိုမီတာ အကွာအဝေးရှိမယ့် စက်မှုဇုံနဲ့ ရန်ကုန်မြို့သစ်ကြား မြစ်ကိုဖြတ်ပြီး ဆက်သွယ်မယ့် တံတားတည်ဆောက်ရေး စီမံကိန်းဖြစ်ပါတယ်။ ဒါအပြင် မြို့သစ်စီမံကိန်းကြောင့် နေအိမ်တွေ ရွှေ့ပြောင်းခံရသူတွေအတွက် ၉စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ နေအိမ်အဆောက်အဦ စီမံကိန်းလည်း ပါဝင်မှာဖြစ်ပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG