သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်း လုံလောက်တဲ့ထောက်ခံမဲမရ


Senate Majority Leader Mitch McConnell of Kentucky, center, speaks during a news conference on Capitol Hill in Washington, July 18, 2017.
Senate Majority Leader Mitch McConnell of Kentucky, center, speaks during a news conference on Capitol Hill in Washington, July 18, 2017.

Obamacare လို့ ခေါ်တဲ့ သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို အစားထိုးမယ့် ဥပဒေကြမ်း အပေါ် လုံလောက်တဲ့ ထောက်ခံမှု မရတဲ့ အပေါ် Republican လူများစုခေါင်းဆောင် Mitch McConnell က တောင်းပန်ခဲ့ပါတယ်။

Obamacare ကိုဖျက်သိမ်းနိုင်ရေး ရီပတ်ပလီကန်တွေဘက်က မပြီးဆုံးသေးဘူးလို့လည်း Mitch McConnell က မနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် ဒီမိုကရက်တွေဘက်က မကူညီခဲ့တဲ့ အပေါ်မှာလည်း အထက်လွှတ်တော် လူများစုခေါင်းဆောင်က ပြစ်တင်ပါတယ်။

ရီပတ်ပလီကန်တွေ ဘက်က ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းကို ဘယ်သူမှမပါဘဲ သူတို့ဘာသာ တံခါးပိတ် ရေးဆွဲခဲ့ကြတာပါ။ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေအောက်မှာ အာမခံကြေး မြင့်တက်လာတာ၊ နောက် ပြည်နယ် အများအပြားရဲ့ ကျန်းမာရေး အစီအစဉ်ထဲမှာ ပါဝင်ကြတဲ့ အာမခံ ကုမ္ပဏီတွေ လျော့ကျလာတာတွေ အပါအဝင် လက်ရှိ အိုဘားမားကဲမှာ အားနည်းချက်တွေကို ပူးပေါင်းဖြေရှင်းဖို့ ဒီမိုကရက်တွေဘက် တောင်းဆိုခဲ့ပါတယ်။

ပါတီနှစ်ရပ်စလုံး ပူးပေါင်းဆောင်ရွက်ဖို့ အတွက် လမ်းဖွင့်ထားပြီး ရီပတ်ပလီကန်တွေဘက်က ဖြတ်လျှောက်လာဖို့သာ လိုပါတယ်လို့ အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Chuck Schumer က ပြောခဲ့တာပါ။ သမ္မတ Trump က အိုဘားမားကဲရဲ့ မအောင်မြင်မှုတွေကို လစ်လျူရှုထားဖို့ ရီပတ်ပလီကန်တွေကို တွန်းအားပေး ပြောဆိုနေတဲ့ တချိန်တည်းမှာဘဲ ဒီမိုကရက်တွေကတော့ ဘယ်လို ပြင်ဆင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အထောက်အကူရဖို့ ကမ်းလှမ်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG