သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားနဲ့ ရွေးချယ်ခံ သမ္မတ Trump တွေ့ဆုံမည်

သမ္မတ အိုဘားမား
သမ္မတ အိုဘားမား

အင်္ဂါနေ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို အနိုင်ရပြီးတဲ့နောက် ရွေးကောက်ခံသမ္မတ Donald Trump ဟာ သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ ဒီကနေ့ သမ္မတအိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ရှိပါတယ်။

နောက်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာလုပ်မယ့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် မစ္စတာ Trump အဆင်သင့်ဖြစ်အောင် တဖြည်းဖြည်းချင်း အာဏာလွှဲပြောင်းရေး စတင်ဖို့ ရွေးကောက်ပွဲအပြီး သုံးရက်အကြာမှာပဲ လက်ရှိသမ္မတနဲ့ ရွေးကောက်ခံ သမ္မတတို့ တွေ့ဆုံကြမှာပါ။

သမ္မတအိုဘားမားဟာ မစ္စစ်ကလင်တန်အတွက် အပြင်းအထန် မဲဆွယ်စည်းရုံးပေးခဲ့ပြီး အရှုံးကို ရင်ဆိုင်ရတာဟာ ခက်ခဲပါတယ် လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

Trump ရဲ့အောင်မြင်မှုအတွက် ချီးကျူးပါတယ်လို့ သမ္မတအိုဘားမားကပြောပြီး ရွေးကောက်ခံသမ္မတအတွက် အောင်မြင်တဲ့ အလွှဲအပြောင်းဖြစ်စေရေး ဖြစ်နိုင်သမျှ အားကြိုးမာန်တက် လုပ်ဆောင်ကြဖို့ အိမ်ဖြူတော်ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့ သမ္မတအိုဘားမားကပြောပါတယ်။

ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးဟာ အမေရိကန်ဒီမိုကရေစီရဲ့ အမှတ်သင်္ကေတတခု ဖြစ်တယ်လို့ုလည်း သမ္မတအိုဘားမားက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း ခေါင်းဆောင်မှုကို ငြိမ်းချမ်းစွာလွှဲပြောင်းပေးတဲ့ အစဉ်အလာကို ထောက် ပြပြီး မစ္စတာ Trump ကို ဒီကနေ့ ချီးကျူးစကားဆိုပြီးတော့ သူ ရင်ဆိုင်ရမယ့် ကြီးမားတဲ့စိန်ခေါ်မှုတွေအတွက် အောင်မြင်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်။

သမ္မတ အိုဘားမားနဲ့ ရွေးချယ်ခံသမ္မတ Trump တွေ့ဆုံမည်
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG