သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့စီးပြားေရး ၂၀၂၁ အကုန္ပိုင္းမွာ ျပန္တက္လာႏုိင္ေၾကာင္း OECD ခန္႔မွန္း


(Zawgyi/ Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ထိခုိက္ရတဲ႔ ကမၻာ့ စီးပြားေရးမွာ လာမယ့္ႏွစ္ အတြင္း ၄ ဒသမ ၂ ရာခုိင္ႏႈန္းထိ ဖြံ႔ၿဖိဳးလာၿပီး ျပန္လည္ ဦးေမာ့လာမယ္လို႔ ဖြ႔ံၿဖိဳးေရးနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ အဖြဲ႔ OECD က ခန္႔မွန္းထားပါတယ္။ ဒီဖြံ႔ၿဖိဳးမႈထဲက အမ်ားစုကေတာ့ တရုတ္နဲ႔ ေတာင္ကိုရီးယား ႏုိင္ငံေတြရဲ႕ ဖြံ႔ၿဖိဳးမႈကလည္း အမ်ားအျပား ပါမယ္လို႔ ခန္႔မွန္းထားပါတယ္။ အပတ္စဥ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

အေမရိကန္နဲ႔ ဥေရာပႏုိင္ငံ အမ်ားစု ပါ၀င္တဲ႔ ႏုိင္ငံေပါင္း ၃၆ ႏုိင္ငံပါ OECD အဖြဲ႔ႀကီးက စီးပြားေရးဖြံ႔ၿဖိဳးမႈနဲ႔ ကမၻာ့ကုန္သြယ္မႈ တိုးတက္ေရး အတြက္ လိုအပ္တဲ႔ မူ၀ါဒေတြ ခ်မွတ္ႏုိင္ေရး ရည္ရြယ္ ဖြဲ႔စည္းထားတာ ျဖစ္ၿပီး အဖြဲ႔ သက္တမ္းက ႏွစ္ေပါင္း ၆၀ ေက်ာ္ ရွိခဲ႔ပါၿပီ။ ကိုရိုနာကပ္ေဘး ေရာဂါနဲ႔ ႀကံဳရတဲ႔ အခု ၂၀၂၀ ျပည့္ႏွစ္မွာ ၄ ဒသမ ၂ ရာခိုင္ႏႈန္း က်ဆင္းခဲ႔တဲ႔ ကမၻာ့ စီးပြားေရးက လာမယ့္ ၂၀၂၁ ခုႏွစ္မွာ ၄ ဒသမ ၂ ရာခိုင္ႏႈန္း ဖြ႔ံၿဖဳိးလာမယ္လို႔ အဖြဲ႔က ခန္႔မွန္းေၾကာင္း ဒီဇင္ဘာလ ၁ ရက္ေန႔က ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕မွာ လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲ အတြင္း OECD ရဲ႕ အတြင္းေရးမွဴးခ်ဳပ္ Angel Gurria က ေျပာဆိုသြားပါတယ္။

“၂၀၂၀ အေစာပိုင္းမွာ ကပ္ေရာဂါေဘး က်ေရာက္ခ႔ဲၿပီးေနာက္ ပထမဆံုး အေနနဲ႔ ေမွ်ာ္လင့္ခ်က္ ရွိပါၿပီ။ ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီး သတင္းေကာင္းေတြေၾကာင့္ အေကာင္းျမင္ ေမွ်ာ္လင့္ခ်က္ေတြ ပိုရွိလာသလို က်ေနာ္တို႔ အားလံုးခံစားေနရတဲ႔ မေသခ်ာ မေရရာမႈေတြကိုလည္း တနည္းတဖံု ေလ်ာ့ပါး သက္သာေစပါတယ္။ ေမွ်ာ္လင့္ခ်က္ ရွိတယ္ဆိုေပမယ့္လည္း အခက္အခဲေတြကေန မေက်ာ္လႊားႏုိင္ေသးပါဘူး။ ႏိုင္ငံ အမ်ားအျပားဟာ လက္တေလာ ဗိုင္းရပ္စ္ ကူးစက္မႈ မ်ားလာတဲ႔ အေရး ကိုင္တြယ္ေနရပါတယ္။ ဗိုင္းရပ္စ္ ကူးစက္မႈ တားဆီးထိန္းခ်ဳပ္ႏုိင္ေရး အကန္႔အသတ္ေတြ ျပန္လည္ ခ်မွတ္လာရတာဟာဆိုရင္ စၿပီး စီးပြားေရး ျပန္လည္ ဦးေမာ့လာခဲ႔တာကို ေမွးမွိန္သြားေစပါတယ္။ ”

ႏုိင္ငံ အေတာ္မ်ားမ်ားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ျဖစ္ပြားမႈက ဒုတိယ တေက်ာ့ျပန္ ျဖစ္လာေပမယ္လို႔လည္း ကာကြယ္ေဆးေတြ ထြက္ေပၚလာတာနဲ႔ တရုတ္ႏုိင္ငံက ေရွ႕က ဦးေဆာင္ၿပီး အေျခအေနေတြ ျပန္လည္ ေကာင္းမြန္လာတာေၾကာင့္ ကမၻာ့ စီးပြားေရး တိုးတက္လာမယ္လို႔ ခန္႔မွန္းတဲ႔ အေၾကာင္း ဒီဇင္ဘာလ ၁ ရက္ေန႔မွာဘဲ OECD အဖြဲ႔ႀကီးက ေျပာဆုိတာ ျဖစ္ပါတယ္။ ကမၻာ့စီးပြားေရးက အခု ၂၀၂၀ ျပည့္ႏွစ္မွာ ၄ ဒသမ ၂ ရာခိုင္ႏႈန္း ေလ်ာ့က်သြားခဲ႔ၿပီးေနာက္ လာမယ့္ ၂၀၂၁ ခုႏွစ္မွာ ၄ ဒသမ ၂ ရာခိုင္ႏႈန္း တိုးတက္ၿပီး ၂၀၂၂ ခုႏွစ္မွာေတာ့ ၃ ဒသမ ၇ ရာခိုင္ႏႈန္းေလာက္ ဖြံ႔ၿဖိဳးလာမယ္လို႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ဖြံ႔ၿဖိဳးမႈ အဖြဲ႔ႀကီးရဲ႕ ေနာက္ဆံုး ထုတ္ စီးပြားေရး ခန္႔မွန္းခ်က္က ေဖာ္ျပပါတယ္။

ဥေရာပ တလႊားနဲ႔ အေမရိကန္ ျပည္ေထာင္စုမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈ ဒုတိယ တေက်ာ့ ျဖစ္လာၿပီးေနာက္ ပါရီ အေျခစိုက္ အဖဲြ႔ႀကီးက စက္တင္ဘာလ တုန္းက သူ႔ရဲ႕ ခန္႔မွန္းခ်က္ကို ျပန္ၿပီး ေလွ်ာ့ခ်လိုက္တာပါ။ တကမၻာလံုး အတိုင္းအတာနဲ႔ စီးပြားေရး ဖြံ႔ၿဖိဳးမႈ ရွိလာမယ္လို႔ ခန္႔မွန္းေပမယ့္လည္း ႏုိင္ငံ အေတာ္မ်ားမ်ားမွာေတာ့ ဖြံ႔ၿဖိဳးမႈ နည္းေနဦးမယ့္ အေၾကာင္း OECD ရဲ႕ အတြင္းေရးမွဴးခ်ဳပ္ Angel Gurria က အခုလို ေျပာပါတယ္။

“ ဒီအေျခအေနမွာ ၂၀၂၁ ခုႏွစ္ အတြင္း ကမၻာတလႊား အသားတင္ ထုတ္လုပ္မႈ GDP က ၄ ဒသမ ၂ ရာခိုင္ႏႈန္း ဖြံၿဖိဳးမႈ ရွိမယ္ဆိုတဲ႔ က်ေနာ္တို႔ရဲ႕ ခန္႔မွန္းခ်က္က သိပ္ၿပီး ေကာင္းတယ္လို႔ ရႈျမင္ရပါတယ္။ ဒီလို ဖြ႔ံၿဖိဳးမယ္လို႔ ဆိုေပမယ္လို႔လည္း OECD အဖြဲ႔၀င္ ႏုိင္ငံ အားလံုးနီးပါးမွာေတာ့ စီးပြားေရးကေတာ့ ၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္း စီးပြားေရးက ၂၀၁၉ ႏွစ္ကုန္ပိုင္း စီးပြားေရး ပမာဏထက္ ေလ်ာ့နည္းေနဆဲ ျဖစ္မွာပါ။ ၂၀၂၂ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ကမၻာတလႊား အသာတင္ ထုတ္လုပ္မႈ GDP က ေဒၚလာ ၇ ထရီလီယံေလာက္ ေလ်ာ့က်မယ္လို႔ ခန္႔မွန္းထားၿပီး ဒီပမာဏဟာဆိုရင္ ကပ္ေရာဂါေဘး မတိုင္ခင္က ခန္႔မွန္းခ်က္ထက္ ေလ်ာ့က်ေနတာပါ။

ေဒၚလာ ၇ ထရီလီယံ ဆိုတာက အေမရိကန္ စီးပြားေရးရဲ႕ သံုးပံု တပံု ပမာဏ ရွိပါတယ္။ ဒါေၾကာင့္ ထိခိုက္ သက္ေရာက္မႈ ပမာဏက အလြန္ႀကီးမားပါတယ္။ ကပ္ေရာဂါ ေဘးေၾကာင့္ လူသားေတြ အတြက္ေရာ စီးပြားေရး အတြက္ပါ အႀကီးအက်ယ္ ထိခိုက္မႈ ရွိမွာပါ။”

ကမၻာ့ အသာတင္ ကုန္ထုတ္လုပ္မႈ တခုလံုးကေတာ့ ၂၀၂၁ ခုႏွစ္ႏွစ္ကုန္ပိုင္းမွာ ကိုရိုနာ ကပ္ေဘးကာလ မတိုင္ခင္ က ရွိခဲ႔တဲ႔ အေျခအေနမ်ိဳးကို ျပန္ေရာက္လာႏုိင္ၿပီး တရုတ္ႏုိင္ငံတြင္းမွာ ျမန္ျမန္ဆန္ဆန္ အေျခအေနေတြ တိုးတက္ ေကာင္းမြန္လာမႈက ဦးေဆာင္မယ္လို႔လည္း OECD က ေျပာဆိုပါတယ္။ ဒါေပမယ့္လည္း ႏုိင္ငံ အမ်ားအျပားမွာေတာ့ လာမယ့္ ၂ ႏွစ္ -၂၀၂၂ ခုႏွစ္ အထိ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘး မတိုင္ခင္က စီးပြားေရး အေျခအေနမ်ိဳးထက္ ၅ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့က်ေနဦးမယ္လို႔လည္း ခန္႔မွန္းပါတယ္။

၂၀၂၀ ျပည့္ႏွစ္မွာေတာ့ တရုတ္ တႏုိင္ငံတည္းဘဲ စီးပြားေရး ဖြံ႔ၿဖိဳးမႈေတြ႔ရၿပီး အခု ၂၀၂၀ ျပည့္ႏွစ္မွာေတာ့ တရုတ္ရဲ႕ စီးပြားေရး ဖြံ႔ၿဖိဳးမႈက ၁ ဒသမ ၈ ရာခိုင္ႏႈန္း ရွိမယ္ဆိုတဲ႔ OECD ရဲ႕ ၿပီးခဲ႔တဲ႔ စက္တင္ဘာလက ခန္႔မွန္းခ်က္က မေျပာင္းလဲပါဘူး။ ၂၀၂၁ မွာေတာ့ တရုတ္ရဲ႕ ဖြံ႔ၿဖိဳးမႈက ၈ ရာခိုင္ႏႈန္းထိ အရွိန္ရဖို႔ ရွိၿပီး ၂၀၂၂ ခုႏွစ္မွာ ၄ ဒသမ ၉ ရာခိုင္ႏႈန္းကို ေလ်ာ့သြားမယ္ဆိုတဲ႔ စက္တင္ဘာလ ခန္႔မွန္းခ်က္ကလည္း မူလ အတိုင္း ရွိေနပါတယ္။ OECD အဖြဲ႔ႀကီးရဲ႕ စီးပြားေရး ပညာရွင္ Laurence Boone က အခုလို ေျပာပါတယ္။

“ တရုတ္နဲ႔ ကိုရီးယားကို ၾကည့္မယ္ဆိုရင္ ကပ္ေရာဂါေဘး အေျခအေနက တျခား ႏုိင္ငံေတြထက္ ပိုၿပီး အေျခအေန ေကာင္းေနပါတယ္။ ဆိုေတာ့ ကမၻာ့ ဖြံ႔ၿဖိဳးမႈမွာ ဒီ ၂ ႏုိင္ငံက အမ်ားႀကီး ပါ၀င္ပါမယ္။ ”

ကိုဗစ္ ကာကြယ္ေဆးေတြ ထြက္လာတယ္ ဆိုေပမယ့္လည္း စီးပြားေရး ျပန္လည္ နာလန္ထေရး အတြက္ေတာ့ အစိုးရေတြဘက္က ထိထိေရာက္ေရာက္ လုပ္ဖို႔ လိုအပ္မယ္လို႔လည္း OECD အဖြဲ႔ႀကီးရဲ႕ စီးပြားေရး ပညာရွင္ Laurence Boone က ဆက္ၿပီး ေျပာပါတယ္။

“ ကာကြယ္ေဆး စမ္းသပ္ တိုးတက္မႈေတြက ခန္႔မွန္းထားတာထက္ ေစာၿပီး ထြက္ေပၚလာၿပီး ဒါက တကယ့္ သတင္းေကာင္းေတြပါ။ မူ၀ါဒခ်မွတ္မယ့္ သူေတြ အေနနဲ႔ ပံုမွန္ အေျခအေနအတိုင္း ျပန္ျဖစ္လာေစဖို႔ အတြက္ လုပ္ရမယ့္ ကိစၥေတြကို ထိထိေရာက္ေရာက္ လုပ္ဖို႔ လိုပါတယ္။ ဆိုလိုတာကေတာ့ အမ်ားျပည္သူ က်န္းမာေရး ေစာင့္ေရွာက္မႈကိုပိုၿပီး ေကာင္းမြန္ေအာင္ လုပ္ဖို႔၊ ကာကြယ္ေဆး အတြက္ ပူးေပါင္းေဆာင္ရြက္ စီမံၿပီး တတ္ႏုိင္သေလာက္ အျမန္ဆံုးနဲ႔ စိတ္ခ်လက္ခ်နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ေရာက္ေအာင္ လုပ္ၾကရပါမယ္။ ”

အေမရိကန္ ျပည္ေထာင္စုနဲ႔ ဥေရာပကေတာ့ ကမၻာ့စီးပြားေရးမွာ သူတို႔ရဲ႕ အခန္းက႑နဲ႔ ယွဥ္ရင္ စီးပြားေရး ျပန္လည္ နားလန္ထမႈက ေလ်ာ့က်မယ္လို႔လည္း ခန္႔မွန္းထားပါတယ္။ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ စီးပြားေရး ႏိုးထေစေရး အစီအစဥ္ တရပ္ သေဘာတူညီမႈ ရႏုိင္တယ္ဆိုတဲ႔ တြက္ခ်က္မႈနဲ႔ အခု ၂၀၂၀ မွာ ၃ ဒသမ ၇ ရာခိုင္ႏႈန္း ေလ်ာ့က်ၿပီးေနာက္ ၂၀၂၁ ခုႏွစ္မွာ ဖြံ႔ၿဖိဳးမႈ ၃ ဒသမ ၂ ရာခိုင္ႏႈန္းနဲ႔ ၂၀၂၂ ခုႏွစ္မွာ ၃ ဒသမ ၅ ရာခိုင္ႏႈန္း ရွိလာႏုိင္ပါတယ္။ ဒီခန္႔မွန္းခ်က္ဟာဆိုရင္ ၿပီးခဲ႔တဲ႔ စက္တင္ဘာလ တုန္းက OECD ရဲ႕ ခန္႔မွန္းခ်က္ေအာက္ကို ေလ်ာ့သြားတာ ျဖစ္ပါတယ္။

ဥေရာပ တလႊားမွာေတာ့ ဒီႏွစ္ အတြင္း စီးပြားေရး ဖြံ႔ၿဖိဳးမႈ ၇ ဒသမ ၅ ရာခိုင္ႏႈန္း ေလ်ာ့က်ႏုိင္ၿပီး ၂၀၂၁ ခုႏွစ္မွာေတာ့ ၃ ဒသမ ၆ ရာခိုင္ႏႈန္းနဲ႔ ၂၀၂၂ ခုႏွစ္မွာေတာ့ ၃ ဒသမ ၃ ရာခိုင္ႏႈန္း ျပန္လည္ ဖြံ႔ၿဖိဳးလာႏုိင္ေၾကာင္းလညး္ သံုးသပ္ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)
ကမ္ဘာ့စီးပွားရေး ၂၀၂၁ အကုန်ပိုင်းမှာ ပြန်တက်လာနိုင်ကြောင်း OECD ခန့်မှန်း


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ထိခိုက်ရတဲ့ ကမ္ဘာ့ စီးပွားရေးမှာ လာမယ့်နှစ် အတွင်း ၄ ဒသမ ၂ ရာခိုင်နှုန်းထိ ဖွံ့ဖြိုးလာပြီး ပြန်လည် ဦးမော့လာမယ်လို့ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ OECD က ခန့်မှန်းထားပါတယ်။

ဖွံ့ဖြိုးမှုထဲက အများစုကတော့ တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုကလည်း အများအပြား ပါမယ်လို့ ခန့်မှန်းထားပါတယ်။ အပတ်စဉ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံ အများစု ပါဝင်တဲ့ နိုင်ငံပေါင်း ၃၆ နိုင်ငံပါ OECD အဖွဲ့ကြီးက စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ကမ္ဘာ့ကုန်သွယ်မှု တိုးတက်ရေး အတွက် လိုအပ်တဲ့ မူဝါဒတွေ ချမှတ်နိုင်ရေး ရည်ရွယ် ဖွဲ့စည်းထားတာ ဖြစ်ပြီး အဖွဲ့ သက်တမ်းက နှစ်ပေါင်း ၆၀ ကျော် ရှိခဲ့ပါပြီ။ ကိုရိုနာကပ်ဘေး ရောဂါနဲ့ ကြုံရတဲ့ အခု ၂၀၂၀ ပြည့်နှစ်မှာ ၄ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့ ကမ္ဘာ့ စီးပွားရေးက လာမယ့် ၂၀၂၁ ခုနှစ်မှာ ၄ ဒသမ ၂ ရာခိုင်နှုန်း ဖွံ့ဖြိုးလာမယ်လို့ အဖွဲ့က ခန့်မှန်းကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း OECD ရဲ့ အတွင်းရေးမှူးချုပ် Angel Gurria က ပြောဆိုသွားပါတယ်။

“၂၀၂၀ အစောပိုင်းမှာ ကပ်ရောဂါဘေး ကျရောက်ခဲ့ပြီးနောက် ပထမဆုံး အနေနဲ့ မျှော်လင့်ချက် ရှိပါပြီ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သတင်းကောင်းတွေကြောင့် အကောင်းမြင် မျှော်လင့်ချက်တွေ ပိုရှိလာသလို ကျနော်တို့ အားလုံးခံစားနေရတဲ့ မသေချာ မရေရာမှုတွေကိုလည်း တနည်းတဖုံ လျော့ပါး သက်သာစေပါတယ်။ မျှော်လင့်ချက် ရှိတယ်ဆိုပေမယ့်လည်း အခက်အခဲတွေကနေ မကျော်လွှားနိုင်သေးပါဘူး။ နိုင်ငံ အများအပြားဟာ လက်တလော ဗိုင်းရပ်စ် ကူးစက်မှု များလာတဲ့ အရေး ကိုင်တွယ်နေရပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်နိုင်ရေး အကန့်အသတ်တွေ ပြန်လည် ချမှတ်လာရတာဟာဆိုရင် စပြီး စီးပွားရေး ပြန်လည် ဦးမော့လာခဲ့တာကို မှေးမှိန်သွားစေပါတယ်။ ”

နိုင်ငံ အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားမှုက ဒုတိယ တကျော့ပြန် ဖြစ်လာပေမယ်လို့လည်း ကာကွယ်ဆေးတွေ ထွက်ပေါ်လာတာနဲ့ တရုတ်နိုင်ငံက ရှေ့က ဦးဆောင်ပြီး အခြေအနေတွေ ပြန်လည် ကောင်းမွန်လာတာကြောင့် ကမ္ဘာ့ စီးပွားရေး တိုးတက်လာမယ်လို့ ခန့်မှန်းတဲ့ အကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့မှာဘဲ OECD အဖွဲ့ကြီးက ပြောဆိုတာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးက အခု ၂၀၂၀ ပြည့်နှစ်မှာ ၄ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီးနောက် လာမယ့် ၂၀၂၁ ခုနှစ်မှာ ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၃ ဒသမ ၇ ရာခိုင်နှုန်းလောက် ဖွံ့ဖြိုးလာမယ်လို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှု အဖွဲ့ကြီးရဲ့ နောက်ဆုံး ထုတ် စီးပွားရေး ခန့်မှန်းချက်က ဖော်ပြပါတယ်။ ဥရောပ တလွှားနဲ့ အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ဒုတိယ တကျော့ ဖြစ်လာပြီးနောက် ပါရီ အခြေစိုက် အဖွဲ့ကြီးက စက်တင်ဘာလ တုန်းက သူ့ရဲ့ ခန့်မှန်းချက်ကို ပြန်ပြီး လျှော့ချလိုက်တာပါ။

တကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ရှိလာမယ်လို့ ခန့်မှန်းပေမယ့်လည်း နိုင်ငံ အတော်များများမှာတော့ ဖွံ့ဖြိုးမှု နည်းနေဦးမယ့် အကြောင်း OECD ရဲ့ အတွင်းရေးမှူးချုပ် Angel Gurria က အခုလို ပြောပါတယ်။

“ ဒီအခြေအနေမှာ ၂၀၂၁ ခုနှစ် အတွင်း ကမ္ဘာတလွှား အသားတင် ထုတ်လုပ်မှု GDP က ၄ ဒသမ ၂ ရာခိုင်နှုန်း ဖွံဖြိုးမှု ရှိမယ်ဆိုတဲ့ ကျနော်တို့ရဲ့ ခန့်မှန်းချက်က သိပ်ပြီး ကောင်းတယ်လို့ ရှုမြင်ရပါတယ်။ ဒီလို ဖွံ့ဖြိုးမယ်လို့ ဆိုပေမယ်လို့လည်း OECD အဖွဲ့ဝင် နိုင်ငံ အားလုံးနီးပါးမှာတော့ စီးပွားရေးကတော့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း စီးပွားရေးက ၂၀၁၉ နှစ်ကုန်ပိုင်း စီးပွားရေး ပမာဏထက် လျော့နည်းနေဆဲ ဖြစ်မှာပါ။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာတလွှား အသာတင် ထုတ်လုပ်မှု GDP က ဒေါ်လာ ၇ ထရီလီယံလောက် လျော့ကျမယ်လို့ ခန့်မှန်းထားပြီး ဒီပမာဏဟာဆိုရင် ကပ်ရောဂါဘေး မတိုင်ခင်က ခန့်မှန်းချက်ထက် လျော့ကျနေတာပါ။

ဒေါ်လာ ၇ ထရီလီယံ ဆိုတာက အမေရိကန် စီးပွားရေးရဲ့ သုံးပုံ တပုံ ပမာဏ ရှိပါတယ်။ ဒါကြောင့် ထိခိုက် သက်ရောက်မှု ပမာဏက အလွန်ကြီးမားပါတယ်။ ကပ်ရောဂါ ဘေးကြောင့် လူသားတွေ အတွက်ရော စီးပွားရေး အတွက်ပါ အကြီးအကျယ် ထိခိုက်မှု ရှိမှာပါ။”

ကမ္ဘာ့ အသာတင် ကုန်ထုတ်လုပ်မှု တခုလုံးကတော့ ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ကိုရိုနာ ကပ်ဘေးကာလ မတိုင်ခင် က ရှိခဲ့တဲ့ အခြေအနေမျိုးကို ပြန်ရောက်လာနိုင်ပြီး တရုတ်နိုင်ငံတွင်းမှာ မြန်မြန်ဆန်ဆန် အခြေအနေတွေ တိုးတက် ကောင်းမွန်လာမှုက ဦးဆောင်မယ်လို့လည်း OECD က ပြောဆိုပါတယ်။ ဒါပေမယ့်လည်း နိုင်ငံ အများအပြားမှာတော့ လာမယ့် ၂ နှစ် -၂၀၂၂ ခုနှစ် အထိ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး မတိုင်ခင်က စီးပွားရေး အခြေအနေမျိုးထက် ၅ ရာခိုင်နှုန်းလောက် လျော့ကျနေဦးမယ်လို့လည်း ခန့်မှန်းပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ တရုတ် တနိုင်ငံတည်းဘဲ စီးပွားရေး ဖွံ့ဖြိုးမှုတွေ့ရပြီး အခု ၂၀၂၀ ပြည့်နှစ်မှာတော့ တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုက ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်ဆိုတဲ့ OECD ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ခန့်မှန်းချက်က မပြောင်းလဲပါဘူး။ ၂၀၂၁ မှာတော့ တရုတ်ရဲ့ ဖွံ့ဖြိုးမှုက ၈ ရာခိုင်နှုန်းထိ အရှိန်ရဖို့ ရှိပြီး ၂၀၂၂ ခုနှစ်မှာ ၄ ဒသမ ၉ ရာခိုင်နှုန်းကို လျော့သွားမယ်ဆိုတဲ့ စက်တင်ဘာလ ခန့်မှန်းချက်ကလည်း မူလ အတိုင်း ရှိနေပါတယ်။ OECD အဖွဲ့ကြီးရဲ့ စီးပွားရေး ပညာရှင် Laurence Boone က အခုလို ပြောပါတယ်။

“ တရုတ်နဲ့ ကိုရီးယားကို ကြည့်မယ်ဆိုရင် ကပ်ရောဂါဘေး အခြေအနေက တခြား နိုင်ငံတွေထက် ပိုပြီး အခြေအနေ ကောင်းနေပါတယ်။ ဆိုတော့ ကမ္ဘာ့ ဖွံ့ဖြိုးမှုမှာ ဒီ ၂ နိုင်ငံက အများကြီး ပါဝင်ပါမယ်။ ”

ကိုဗစ် ကာကွယ်ဆေးတွေ ထွက်လာတယ် ဆိုပေမယ့်လည်း စီးပွားရေး ပြန်လည် နာလန်ထရေး အတွက်တော့ အစိုးရတွေဘက်က ထိထိရောက်ရောက် လုပ်ဖို့ လိုအပ်မယ်လို့လည်း OECD အဖွဲ့ကြီးရဲ့ စီးပွားရေး ပညာရှင် Laurence Boone က ဆက်ပြီး ပြောပါတယ်။

“ ကာကွယ်ဆေး စမ်းသပ် တိုးတက်မှုတွေက ခန့်မှန်းထားတာထက် စောပြီး ထွက်ပေါ်လာပြီး ဒါက တကယ့် သတင်းကောင်းတွေပါ။ မူဝါဒချမှတ်မယ့် သူတွေ အနေနဲ့ ပုံမှန် အခြေအနေအတိုင်း ပြန်ဖြစ်လာစေဖို့ အတွက် လုပ်ရမယ့် ကိစ္စတွေကို ထိထိရောက်ရောက် လုပ်ဖို့ လိုပါတယ်။ ဆိုလိုတာကတော့ အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုကိုပိုပြီး ကောင်းမွန်အောင် လုပ်ဖို့၊ ကာကွယ်ဆေး အတွက် ပူးပေါင်းဆောင်ရွက် စီမံပြီး တတ်နိုင်သလောက် အမြန်ဆုံးနဲ့ စိတ်ချလက်ချနဲ့ ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် လုပ်ကြရပါမယ်။ ”

အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပကတော့ ကမ္ဘာ့စီးပွားရေးမှာ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ ယှဉ်ရင် စီးပွားရေး ပြန်လည် နားလန်ထမှုက လျော့ကျမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ စီးပွားရေး နိုးထစေရေး အစီအစဉ် တရပ် သဘောတူညီမှု ရနိုင်တယ်ဆိုတဲ့ တွက်ချက်မှုနဲ့ အခု ၂၀၂၀ မှာ ၃ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျပြီးနောက် ၂၀၂၁ ခုနှစ်မှာ ဖွံ့ဖြိုးမှု ၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၂၀၂၂ ခုနှစ်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိလာနိုင်ပါတယ်။ ဒီခန့်မှန်းချက်ဟာဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းက OECD ရဲ့ ခန့်မှန်းချက်အောက်ကို လျော့သွားတာ ဖြစ်ပါတယ်။

ဥရောပ တလွှားမှာတော့ ဒီနှစ် အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျနိုင်ပြီး ၂၀၂၁ ခုနှစ်မှာတော့ ၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၂၀၂၂ ခုနှစ်မှာတော့ ၃ ဒသမ ၃ ရာခိုင်နှုန်း ပြန်လည် ဖွံ့ဖြိုးလာနိုင်ကြောင်းလည်း သုံးသပ် ခန့်မှန်းထားပါတယ်။

XS
SM
MD
LG