သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ပဲရစ်အိုလံပစ် ပိတ်ပွဲကျင်းပ


ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား တွမ်ခရုစ် က ၂၀၂၈ အိုလံပစ်အလံကို အိမ်ရှင်ပြင်သစ်နိုင်ငံဆီက လွှဲပြောင်းယူခဲ့စဥ်။ (သြဂုတ် ၁၁၊ ၂၀၂၄)
ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား တွမ်ခရုစ် က ၂၀၂၈ အိုလံပစ်အလံကို အိမ်ရှင်ပြင်သစ်နိုင်ငံဆီက လွှဲပြောင်းယူခဲ့စဥ်။ (သြဂုတ် ၁၁၊ ၂၀၂၄)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ သီတင်းနှစ်ပတ်ကျော်ကြာခဲ့တဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ပြီး အိုလံပစ်အားကစားပွဲအလံကို ၂၀၂၈ နွေရာသီ အိုလံပစ်အားကစားပွဲကို လက်ခံကျင်းပမယ့် Los Angelese မြို့ဝန်ထံ လွှဲပြောင်းခဲ့ပါတယ်။

ဟောလိဝုဒ်မင်းသား Tom Cruise ကလည်း Mission Impossible ရုပ်ရှင်ထဲကအတိုင်း အားကစားရုံခေါင်းမိုးကနေ ဆင်းလာပြီး LA မြို့တော်ဝန်ထံက အိုလံပစ်အလံကို လက်ဆင့်ကမ်းယူပါတယ်။ နောက် အားကစားရုံကြီးကနေ ဆိုက်ကယ်နဲ့ထွက်ခွာပြီး အမေရိကန်ပြည်ထာင်စု L.A မြို့ဆီ သယ်ဆောင်လာတဲ့ ဇာတ်ဝင်ခန်းပုံစံ ရိုက်ကူးလွှင့်ထုတ်သွားပါတယ်။

အိုလံပစ်အားကစားအလံကို အမေရိကန်ပြည်ထောင်စု L.A ကို လွှဲပြောင်းလိုက်တဲ့ တင်ဆက်မှုအဖြစ် အဆိုတော် Billie Eilish နဲ့ တခြားအမေရိကန်အဆိုတော်တွေလည်း ပါဝင်ခဲ့ပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲကို ကမ္ဘာ့နိုင်ငံ အရပ်ရပ်က ထောင်နဲ့ချီတဲ့ အားကစားသမားတွေ တက်ရောက်ပါတယ်။ အားကစားရုံအပြင်ဘက်မှာလည်း အားကစား ပရိသတ်တွေ စုဝေးခဲ့ကြပါတယ်။ ပရိသတ် ခုနှစ်သောင်းအထက် တက်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

ပိတ်ပွဲကျင်းပတဲ့ အားကစားရုံအပြင်ဘက်မှာလည်း အားကစားပရိသတ်တွေ စုဝေးခဲ့ကြပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲတွေမှာတော့ အမေရိကန်ပြည်ထောင်စုက ရွှေတဆိပ် ၄၀၊ ငွေတံဆိပ် ၄၄၊ ကြေးတံဆိပ် ၄၂ စုစုပေါင်း ဆုတံဆိပ် ၁၂၆ ဆုနဲ့ ထိပ်မှာ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံက ရွှေ ၄၀၊ ငွေ ၂၇၊ ကြေး ၂၄ စုစုပေါင်း ၉၁ ဆုနဲ့ ဒုတိယနေရာမှာရှိပါတယ်။ အဲဒီနောက်မှာတော့ ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်၊ အီတလီတို့က ဆုတံဆိပ်ရရှိမှု ထိပ်မှာရှိခဲ့ကြပါတယ်။

၂၀၂၄ ပဲရစ်အိုလံပစ် ပိတ်ပွဲကျင်းပ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG