သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္ အေျခခံပညာေက်ာင္းေတြမွာ အေယာက္ ၅၀ ေက်ာ္ ကိုဗစ္ကူးစက္


MYANMAR-DAILYLIFE/

[[Zawgyi/Unicode]]

မြန္ျပည္နယ္ထဲက အေျခခံပညာ စာသင္ေက်ာင္းေတြမွာ အစုလိုက္ ကိုဗစ္ကူးစက္မႈေတြ ရွိေနတယ္လို႔ ပရဟိတလူမႈကူညီေရးအသင္းေတြက ေျပာပါတယ္။ မေန႔က ေခ်ာင္းဆုံၿမိဳ႕နယ္ ကမာမိုေက်း႐ြာ စာသင္ေက်ာင္းတခုမွာ ဆရာ၊ ဆရာမနဲ႔ ေက်ာင္းသူ၊ ေက်ာင္းသား အေယာက္ ၅၀ ေက်ာ္ ကိုဗစ္ကူးစက္ေနတာ စစ္ေဆးေတြ႕ရွိခဲ့ၿပီး သူတို႔နဲ႔ထိေတြ႕သူ ၁၇ ေယာက္လည္း ကိုဗစ္ကူးစက္တာ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ မုဒုံၿမိဳ႕နယ္ ထဲက စာသင္ေက်ာင္းေတြမွာလည္း ကိုဗစ္ျဖစ္သူေတြ ရွိေနပါတယ္။ မြန္ျပည္နယ္ဘက္က ကိုဗစ္ကူးစက္မႈ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပထားပါတယ္။

ေခ်ာင္းဆုံၿမိဳ႕နယ္ ကမာမိုေက်း႐ြာက အေျခခံပညာ အထက္တန္းစာသင္ေက်ာင္းခြဲတခုမွာ ဆရာ ဆရာမနဲ႔ ေက်ာင္းသူ ေက်ာင္းသား စုစုေပါင္း အေယာက္ ၅၀ ေက်ာ္ ကိုဗစ္ကူးစက္ေနတာ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ မွာ ေဆးစစ္ေတြ႕ရွိခဲ့တယ္လို႔ ကမာမို လူမႈကူညီေရးအသင္းက ေျပာပါတယ္။ ကိုဗစ္အတည္ျပဳလူနာေတြကို ကမာမိုက မူႀကိဳေက်ာင္းတခုမွာ သီးျခားခြဲ ေဆးကုသမႈေပးေနပါတယ္။ သူတို႔နဲ႔ ထိေတြ႕သူေတြ ၁၇ ေယာက္ ထက္မနည္းမွာလည္း ကိုဗစ္ပိုးကူးစက္ေနတာ ေတြ႕ရတယ္လို႔ ပရဟိတကူညီသူတဦးကေျပာပါတယ္။

“ေက်ာင္းသား၊ ေက်ာင္းသူေတြမွာ ေတြ႕တယ္။ မေန႔တုန္းကဆိုလို႔ရွိရင္ ၅၁ ေယာက္ထြက္တယ္ေပါ့။ ပိုးေတြ႕ တဲ့လူေတြက်ေတာ့ ႐ြာမွာရွိတဲ့ မူႀကိဳေက်ာင္းမွာေလး အဲ့မွာ သူတို႔ သီးသန႔္ထားထားၿပီးေတာ့ ေဆးလုပ္ထားေပးတယ္ေပါ့။ ဒီေန႔ အခုလက္ရွိကေတာ့ ၁၇ ေယာက္ေလာက္ရွိေနၿပီးေပါ့။ ဒီေန႔ထပ္ေတြ႕တာေပါ့။ ေက်ာင္းသားေတြနဲ႔မိဘေတြ အိမ္က contacts ေတြေပါ့။ အခုကေတာ့ ယာယီေပါ့ေနာ္၊ ၁၇ ေယာက္ဆိုတာ ညေနအထိက ဘယ္လိုလာမွန္း မသိေသးဘူးေပါ့။”

ကိုဗစ္အတည္ျပဳလူနာအမ်ားစုမွာ ႏွာေစး ေခ်ာင္းဆိုးျဖစ္ၾကေပမယ့္ ျပင္းထန္တဲ့ ေရာဂါလကၡဏာေတြေတာ့ မခံစားရဘူးလို႔ေျပာပါတယ္။ တခ်ိဳ႕ကလည္း ဘာေရာဂါ လကၡဏာမွမေတြ႕ဘဲ ကိုဗစ္ပိုးစစ္ေဆးေတြ႕ရွိတဲ့အတြက္ လူအမ်ားၾကား ပ်ံ႕ႏွံ႔ ကူးစက္ေနမွာကို စိုးရိမ္ေနၾကပါတယ္။ အရင္က ေက်း႐ြာေတြမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိသူ တေယာက္စ ႏွစ္ေယာက္စသာရွိၿပီး အခုလို အစုလိုက္ အၿပဳံလိုက္ ေတြ႕တာမ်ိဳး မႀကဳံဖူးဘူးလို႔ ပရဟိကူညီေနသူေတြက ေျပာပါတယ္။ ေခ်ာင္းဆုံၿမိဳ႕နယ္၊ ကမာမိုေက်း႐ြာ အထက္တန္းေက်ာင္းမွာ အေယာက္ ၅၀ ေက်ာ္ ကိုဗစ္ အစုလိုက္အၿပဳံလိုက္ ကူးစက္ေနေပမယ့္ ေက်ာင္းသူ ေက်ာင္းသား စုစုေပါင္း ၆၀၀ ေလာက္ရွိတဲ့ ေက်ာင္းကိုေတာ့ မပိတ္ဘဲ ဆက္ဖြင့္ထားပါတယ္။

အလားတူ မုဒုံၿမိဳ႕နယ္ထဲက စာသင္ေက်ာင္း ၃ ေက်ာင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၂၀ ေက်ာ္ရွိတယ္လို႔ ပရဟိတလူမႈကူညီေရးအသင္းက ေျပာပါတယ္။ သူတို႔နဲ႔ ထိေတြ႕သူေတြကိုလည္း ဆက္လက္စစ္ေဆးသြားဖို႔လုပ္ေနၾကပါတယ္။ မုဒုံၿမိဳ႕နယ္ထဲမွာ ေဖေဖာ္ဝါရီလ ၁၀ ရက္အတြင္းမွာ ခန႔္မွန္းေျခ ကိုဗစ္အတည္ျပဳလူနာ ၄၀ ေလာက္ရွိၿပီး အခုရက္ပိုင္း အတည္ျပဳလူနာေတြ သိသိသာသာမ်ားလာေၾကာင္း လူမႈကူညီေရးအသင္းက ေျပာပါတယ္။ တအိမ္မွာ တေယာက္စ ေတြ႕လာတာနဲ႔ တမိသားစုလုံး စက္ကူးခံရတာမ်ိဳး ေတြ႕ရတယ္လို႔ ေျပာပါတယ္။

“မိသားစုတစုမွာ တဦးေတြ႕ၿပီဆိုတာနဲ႔ မိသားစု အကုန္လုံးနီးပါးက ပိုးျပန္ေတြ႕တာေပါ့ေနာ္။အိုမီခ႐ြန္လို႔ သုံးသပ္ လို႔ရတာေပါ့။ ထင္ျမင္ရတာေပါ့ေနာ္။ က်န္းမာေရးကေတာ့ ဘယ္လိုလဲ က်ေနာ္တို႔လည္း မသိ။ က်ေနာ္တို႔ အျမင္ကို ေျပာျပတာပါ။ တခ်ိဳ႕ contact ေတြကေတာ့ တခ်ိဳ႕က ဖ်ားေနတယ္ေျပာတယ္။ တခ်ိဳ႕ ကေတာ့ ဘာမွမျဖစ္ဘူး။ ေနာက္ၿပီးေတာ့ မ်ားေသာအားျဖင့္က ကာကြယ္ေဆး အနည္းဆုံးထိုးထားတဲ့ လူေတြႀကီးပဲ ေတြ႕တာပဲ။ တခ်ိဳ႕က တႀကိမ္ပဲ ထိုးရေသးတယ္။ တခ်ိဳ႕ကေတာ့ မထိုးရေသးဘူးေပါ့ေနာ္။ အဲ့လိုလည္း ေတြ႕တာေပါ့။”

မြန္ျပည္နယ္အတြင္း ကိုဗစ္အတည္ျပဳလူနာေတြ အခုရက္ပိုင္း ပိုမ်ားလာေပမယ့္ အမ်ားစုက ေရာဂါျပင္းထန္ တဲ့ လကၡဏာေတြေတာ့ မျပၾကဘူးလို႔ မြန္ျပည္နယ္ က်န္းမာေရးတာဝန္ရွိတဦးက ေျပာပါတယ္။ ျပည္သူလူထုအေနနဲ႔ ကိုဗစ္စည္းကမ္းနဲ႔ အညီ သြားလာေနထိုင္ႏိုင္ေအာင္ ျပန္လည္ၾကပ္မတ္သြားမယ္လို႔ ေျပာပါတယ္။

“ေက်ာင္းမွာက် ကေလးေတြက ကိုဗစ္စည္းကမ္းနဲ႔အညီေတာ့ အားလုံးေနၾကတယ္ဆိုေပမယ့္ ရပ္ကြက္ထဲေရာက္သြားလို႔ရွိရင္ ကေလးေတြက သြားလာလႈပ္ရွားတယ္၊ ကူးလူးသြားတဲ့အေနအထားေၾကာင့္ ျဖစ္ပါမယ္။ အဲ့ဒါလည္း ျပန္ၿပီးေတာ့ စီစစ္ၿပီးေတာ့ အျပင္မွာ ကိုဗစ္စည္းကမ္းနဲ႔ အညီေနႏိုင္ေအာင္လည္း ဆက္လက္ၿပီးေတာ့ လုပ္ကိုင္ေနလ်က္ရွိပါတယ္ခင္ဗ်။”

က်န္းမာေရးဌာနထုတ္ျပန္ခ်က္ေတြအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ တတိယလႈိင္းၿငိမ္သြားခ်ိန္ ေန႔စဥ္ အတည္ျပဳလူနာ ၁၀၀ ဝန္းက်င္ေလာက္သာရွိခဲ့ေပမယ့္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ကစလို႔ တႏိုင္ငံလုံး အတည္ျပဳလူနာ တစ္ရက္ကို ၁,၀၀၀ ေက်ာ္အထိ ျမင့္တက္ခဲ့ပါတယ္။ အေအးမိတဲ့ပုံစံ ဖ်ားနာသူေတြလည္း ေတာ္ေတာ္မ်ားမ်ား ရွိေနၾကေပမယ့္ ကိုဗစ္ကပ္ေရာဂါ ဟုတ္ မဟုတ္ အတည္ျပဳ စစ္ေဆးႏိုင္ဖို႔ အေျခအေနမေပးဘဲ ခက္ခဲသူေတြလည္း အမ်ားအျပားရွိေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မွန်ပြည်နယ် အခြေခံပညာကျောင်းတွေမှာ အယောက် ၅၀ ကျော် ကိုဗစ်ကူးစက်

မွန်ပြည်နယ်ထဲက အခြေခံပညာ စာသင်ကျောင်းတွေမှာ အစုလိုက် ကိုဗစ်ကူးစက်မှုတွေ ရှိနေတယ်လို့ ပရဟိတလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ မနေ့က ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ စာသင်ကျောင်းတခုမှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသား အယောက် ၅၀ ကျော် ကိုဗစ်ကူးစက်နေတာ စစ်ဆေးတွေ့ရှိခဲ့ပြီး သူတို့နဲ့ထိတွေ့သူ ၁၇ ယောက်လည်း ကိုဗစ်ကူးစက်တာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မုဒုံမြို့နယ် ထဲက စာသင်ကျောင်းတွေမှာလည်း ကိုဗစ်ဖြစ်သူတွေ ရှိနေပါတယ်။ မွန်ပြည်နယ်ဘက်က ကိုဗစ်ကူးစက်မှု အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာက အခြေခံပညာ အထက်တန်းစာသင်ကျောင်းခွဲတခုမှာ ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား စုစုပေါင်း အယောက် ၅၀ ကျော် ကိုဗစ်ကူးစက်နေတာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မှာ ဆေးစစ်တွေ့ရှိခဲ့တယ်လို့ ကမာမို လူမှုကူညီရေးအသင်းက ပြောပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေကို ကမာမိုက မူကြိုကျောင်းတခုမှာ သီးခြားခွဲ ဆေးကုသမှုပေးနေပါတယ်။ သူတို့နဲ့ ထိတွေ့သူတွေ ၁၇ ယောက် ထက်မနည်းမှာလည်း ကိုဗစ်ပိုးကူးစက်နေတာ တွေ့ရတယ်လို့ ပရဟိတကူညီသူတဦးကပြောပါတယ်။

“ကျောင်းသား၊ ကျောင်းသူတွေမှာ တွေ့တယ်။ မနေ့တုန်းကဆိုလို့ရှိရင် ၅၁ ယောက်ထွက်တယ်ပေါ့။ ပိုးတွေ့ တဲ့လူတွေကျတော့ ရွာမှာရှိတဲ့ မူကြိုကျောင်းမှာလေး အဲ့မှာ သူတို့ သီးသန့်ထားထားပြီးတော့ ဆေးလုပ်ထားပေးတယ်ပေါ့။ ဒီနေ့ အခုလက်ရှိကတော့ ၁၇ ယောက်လောက်ရှိနေပြီးပေါ့။ ဒီနေ့ထပ်တွေ့တာပေါ့။ ကျောင်းသားတွေနဲ့မိဘတွေ အိမ်က contacts တွေပေါ့။ အခုကတော့ ယာယီပေါ့နော်၊ ၁၇ ယောက်ဆိုတာ ညနေအထိက ဘယ်လိုလာမှန်း မသိသေးဘူးပေါ့။”

ကိုဗစ်အတည်ပြုလူနာအများစုမှာ နှာစေး ချောင်းဆိုးဖြစ်ကြပေမယ့် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေတော့ မခံစားရဘူးလို့ပြောပါတယ်။ တချို့ကလည်း ဘာရောဂါ လက္ခဏာမှမတွေ့ဘဲ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိတဲ့အတွက် လူအများကြား ပျံ့နှံ့ ကူးစက်နေမှာကို စိုးရိမ်နေကြပါတယ်။ အရင်က ကျေးရွာတွေမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ တယောက်စ နှစ်ယောက်စသာရှိပြီး အခုလို အစုလိုက် အပြုံလိုက် တွေ့တာမျိုး မကြုံဖူးဘူးလို့ ပရဟိကူညီနေသူတွေက ပြောပါတယ်။ ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ အထက်တန်းကျောင်းမှာ အယောက် ၅၀ ကျော် ကိုဗစ် အစုလိုက်အပြုံလိုက် ကူးစက်နေပေမယ့် ကျောင်းသူ ကျောင်းသား စုစုပေါင်း ၆၀၀ လောက်ရှိတဲ့ ကျောင်းကိုတော့ မပိတ်ဘဲ ဆက်ဖွင့်ထားပါတယ်။

အလားတူ မုဒုံမြို့နယ်ထဲက စာသင်ကျောင်း ၃ ကျောင်းမှာ ကိုဗစ်အတည်ပြုလူနာ ၂၀ ကျော်ရှိတယ်လို့ ပရဟိတလူမှုကူညီရေးအသင်းက ပြောပါတယ်။ သူတို့နဲ့ ထိတွေ့သူတွေကိုလည်း ဆက်လက်စစ်ဆေးသွားဖို့လုပ်နေကြပါတယ်။ မုဒုံမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၁၀ ရက်အတွင်းမှာ ခန့်မှန်းခြေ ကိုဗစ်အတည်ပြုလူနာ ၄၀ လောက်ရှိပြီး အခုရက်ပိုင်း အတည်ပြုလူနာတွေ သိသိသာသာများလာကြောင်း လူမှုကူညီရေးအသင်းက ပြောပါတယ်။ တအိမ်မှာ တယောက်စ တွေ့လာတာနဲ့ တမိသားစုလုံး စက်ကူးခံရတာမျိုး တွေ့ရတယ်လို့ ပြောပါတယ်။

“မိသားစုတစုမှာ တဦးတွေ့ပြီဆိုတာနဲ့ မိသားစု အကုန်လုံးနီးပါးက ပိုးပြန်တွေ့တာပေါ့နော်။အိုမီခရွန်လို့ သုံးသပ် လို့ရတာပေါ့။ ထင်မြင်ရတာပေါ့နော်။ ကျန်းမာရေးကတော့ ဘယ်လိုလဲ ကျနော်တို့လည်း မသိ။ ကျနော်တို့ အမြင်ကို ပြောပြတာပါ။ တချို့ contact တွေကတော့ တချို့က ဖျားနေတယ်ပြောတယ်။ တချို့ ကတော့ ဘာမှမဖြစ်ဘူး။ နောက်ပြီးတော့ များသောအားဖြင့်က ကာကွယ်ဆေး အနည်းဆုံးထိုးထားတဲ့ လူတွေကြီးပဲ တွေ့တာပဲ။ တချို့က တကြိမ်ပဲ ထိုးရသေးတယ်။ တချို့ကတော့ မထိုးရသေးဘူးပေါ့နော်။ အဲ့လိုလည်း တွေ့တာပေါ့။”

မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာတွေ အခုရက်ပိုင်း ပိုများလာပေမယ့် အများစုက ရောဂါပြင်းထန် တဲ့ လက္ခဏာတွေတော့ မပြကြဘူးလို့ မွန်ပြည်နယ် ကျန်းမာရေးတာဝန်ရှိတဦးက ပြောပါတယ်။ ပြည်သူလူထုအနေနဲ့ ကိုဗစ်စည်းကမ်းနဲ့ အညီ သွားလာနေထိုင်နိုင်အောင် ပြန်လည်ကြပ်မတ်သွားမယ်လို့ ပြောပါတယ်။

“ကျောင်းမှာကျ ကလေးတွေက ကိုဗစ်စည်းကမ်းနဲ့အညီတော့ အားလုံးနေကြတယ်ဆိုပေမယ့် ရပ်ကွက်ထဲရောက်သွားလို့ရှိရင် ကလေးတွေက သွားလာလှုပ်ရှားတယ်၊ ကူးလူးသွားတဲ့အနေအထားကြောင့် ဖြစ်ပါမယ်။ အဲ့ဒါလည်း ပြန်ပြီးတော့ စီစစ်ပြီးတော့ အပြင်မှာ ကိုဗစ်စည်းကမ်းနဲ့ အညီနေနိုင်အောင်လည်း ဆက်လက်ပြီးတော့ လုပ်ကိုင်နေလျက်ရှိပါတယ်ခင်ဗျ။”

ကျန်းမာရေးဌာနထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းငြိမ်သွားချိန် နေ့စဉ် အတည်ပြုလူနာ ၁၀၀ ဝန်းကျင်လောက်သာရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ တနိုင်ငံလုံး အတည်ပြုလူနာ တစ်ရက်ကို ၁,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ အအေးမိတဲ့ပုံစံ ဖျားနာသူတွေလည်း တော်တော်များများ ရှိနေကြပေမယ့် ကိုဗစ်ကပ်ရောဂါ ဟုတ် မဟုတ် အတည်ပြု စစ်ဆေးနိုင်ဖို့ အခြေအနေမပေးဘဲ ခက်ခဲသူတွေလည်း အများအပြားရှိနေကြပါတယ်။

#မွန် #ကိုဗစ် #အိုမီခရွန် #စာသင်ကျောင်း #မုဒုံ #ချောင်းဆုံ #ကမာမို #Covid #MonState #VOA #ဗွီအိုအေ

============

XS
SM
MD
LG