သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Omicron အန္တရယ်ကြောင့် နှစ်သစ်ကူးပွဲတွေမှာ လူမစုဖို့ အမေရိကန် သတိပေး


FILE - A man is tested for COVID-19 at a walk-up testing site run by Nomi Health, in downtown Miami, Dec. 28, 2021.
FILE - A man is tested for COVID-19 at a walk-up testing site run by Nomi Health, in downtown Miami, Dec. 28, 2021.

{{Zawgyi/Unicode]]

ကူးစက်မြန် ဗီဇပြောင်းကိုဗစ်ပိုးသစ် အိုမီခရွန်ကြောင့် အမေရိကန်နိုင်ငံတွင်း နေ့စဉ်ကိုဗစ်ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်နေချိန်မှာပဲ နိုင်ငံသားတွေအနေနဲ့ ဒီကနေ့ ကျရောက်တဲ့ နှစ်သစ်အကြိုအခါသမယမှာ လူအများအပြား စုဝေးမှုကို ရှောင်ကြဖို့ ကူးစက်ရောဂါဆိုင်ရာ အမေရိကန်ထိပ်တန်းဆေးပညာရှင် ဒေါက်တာ Fauci က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ တရက်အတွင်း ကိုဗစ်ပိုးကူးစက်သူအရေအတွက် ၅ သိန်းကျော် ၂ ရက် ဆက်တိုက်တွေ့လာခဲ့ရပြီး နောက်တရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ တရက်အတွင်းကူးစက်သူက ၄၉၀ ၀၀၀ နီးပါးရှိနေတယ်လို့ ကိုဗစ်ကပ်ရောဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ နေ့စဉ်ကူးစက်နှုန်းကတော့ ဇန်နဝါရီလ တုန်းက ၂ သိန်းခွဲရှိရာကနေ အခုဆို တရက်ကို ၂၆၅ ၀၀၀ ကျော် ဖြစ်လာနေတာပါ။

လူ ၃- ၄ ဆယ်လောက်စုပြီး နှစ်သစ်ကူးဆင်နွှဲဖို့ စီစဉ်ထားတာတွေကို ဖျက်ပစ်ပြီး ဒီနှစ်မှာ မိသားစုတွေ မိတ်ဆွေ အနည်းအကျဉ်းလောက်နဲ့ပဲ ဆင်နွှဲကြဖို့ အပြင် ဒီလူတွေကလည်း အားဖြည့်ကာကွယ်ဆေး ထိုးပြီးသားဖြစ်ဖို့ ဒေါက်တာ Fauci က အကြံပြုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ဇန်နဝါရီလကုန်လောက်ဆို အိုမီခရွန်ကူးစက်မှု အများဆုံးဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။

တချိန်ထည်းမှာပဲ အိုမီခွန်ကိုဗစ်ပိုး စတင်တွေ့ရှိရာ တောင်အာဖရိကမှာ ပြုလုပ်တဲ့စမ်းသပ်မှုအရ တကြိမ်ပဲ ထိုးဖို့လိုအပ်တဲ့ Johnson & Johnson COVID-19 ကာကွယ်ဆေးကို အားဖြည့်ကာကွယ်ဆေး အဖြစ် ထိုးကြည့်တဲ့အခါ ဒီပိုးသစ်ကို အတော်ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရတယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာ ၂၀ အတွင်း ကျန်းမာရေးလုပ်သား ၇ သောင်းလောက်ကို J&J အားဖြည့် ကာကွယ်ဆေးထိုးစမ်းသပ်ရာမှာ ဆေးရုံတက်ရတဲ့ အထိ မဖြစ်တော့ သူက ၆၃ % ရှိလာသလို ၂ ပတ်အကြာမှာ ၈၄ % နဲ့ တလ- ၂ လ အကြာမှာ ၈၅ % အထိဖြစ်လာတာ တွေ့ရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

.....................................

{{Unicode}}





XS
SM
MD
LG