သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron အႏၲရာယ္ ကာကြယ္ဖို႔ ျမန္မာက်န္းမာေရး တာ၀န္ရွိသူေတြ သတိေပး


Omicron notice

{{Zawgyi/Unicode}}

ျပည္ပကျပန္လာတဲ့ ျမန္မာႏိုင္ငံသား ေလးဦးဆီမွာ ကိုဗစ္မ်ိဳးကြဲဗိုင္းရပ္စ္ Omicron ဓာတ္ခြဲအတည္ျပဳ ေတြ႕ရွိၿပီးတဲ့ေနာက္ လူထုၾကားမွာ ဒီကိုဗစ္မ်ိဳးကြဲသစ္ ကူးစက္မႈအႏၲရာယ္ မရွိေစဖို႔ ကပ္ေရာဂါကာကြယ္ေရး နည္းလမ္းေတြကို ဆက္ၿပီးလိုက္နာဖို႔ကို က်န္းမာေရးတာဝန္ရွိသူေတြနဲ႔ ပရဟိတေဆာင္႐ြက္သူေတြက တိုက္တြန္းထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ေဒၚခင္မ်ဳိးသက္ က ေျပာျပမွာပါ။

အာရပ္ေစာဘြားမ်ားျပည္ေထာင္စု UAE ႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕ကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ဝင္လာတဲ့ ျမန္မာႏိုင္ငံသား ၄ ဦးမွာ Omicron ကိုဗစ္ေရာဂါပိုးသစ္ ေတြ႕ရွိခဲ့တယ္လို႔ စစ္ေကာင္စီရဲ႕ က်န္းမာေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၂၈ ရက္ အဂၤါေန႔တုန္းက ထုတ္ျပန္ခဲ့ပါတယ္။ သူတို႔ ၄ ဦးစလုံးကို ကုသေရးစင္တာေတြမွာ သတ္မွတ္ရက္အတြင္း ေစာင့္ၾကည့္ၿပီးတဲ့ေနာက္ က်န္းမာေရးအေျခအေနေကာင္းမြန္လို႔ ကုသေရးစင္တာကေန ဆင္းခြင့္ျပဳလိုက္တယ္လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။ ဒါဟာ ျပည္ပကျပန္လာသူေတြကို Quarantine ထားၿပီး ဓာတ္ခြဲစစ္ေဆးရာကေန Omicron ကူးစက္မႈေတြ႕ရွိတာျဖစ္ၿပီးေတာ့ ျပည္သူလူထုၾကားမွာေတာ့ ကူးစက္ပ်ံ႕ႏွံ႔တဲ့ အေနအထားမရွိေသးဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက တာဝန္ရွိသူတေယာက္ရဲ႕ လူမႈကြန္ယက္မွာလည္း ေရးသားေဖာ္ျပထားပါတယ္။ ဗီဇေျပာင္း ကိုဗစ္ပိုးသစ္ Omicron လူထုၾကား ကူးစက္မႈမရွိေသးေပမယ့္လည္း ကပ္ေရာဂါတတိယလႈိင္း ဆိုးဆိုး႐ြား႐ြားႀကဳံေတြ႕ခဲ့ရလို႔ ျပည္သူေတြမေပါ့ဆသင့္ဘူးလို႔ က်န္းမာေရးတာဝန္႐ွိသူေတြကေတာ့ သတိေပးေနပါတယ္။

ကပ္ေရာဂါတတိယလႈိင္းျပန္းထန္ခဲ့တဲ့ ဇူလိုင္လအစပိုင္းတုန္းက လူအသြားအလာမ်ားတဲ့ ေစ်းနဲ႔ ေက်ာင္းေတြကေန အစုလိုက္ကူးစက္မႈေတြထဲ ပဲခူးတိုင္း၊ လက္ပံတန္းၿမိဳ႕နယ္လည္း ပါဝင္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ေရာဂါျဖစ္ပြားသူ မရွိသေလာက္နည္းပါးသြားၿပီဆိုေပမယ့္ တေန႔ကို လူအေယာက္ ၁၅၀ ဝန္းက်င္ေလာက္ကို ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ ပုံမွန္စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ သိရပါတယ္။ ကပ္ေရာဂါကာကြယ္ေရး အေလ့အထေတြကို လိုက္နာေနတယ္ဆိုေပမယ့္ ဆက္ၿပီးသတိရွိၾကဖို႔ကိုလည္း လက္ပံတန္းၿမိဳ႕နယ္ က်န္းမာေရးတာဝန္ရွိသူတဦးက တိုက္တြန္းထားပါတယ္။

"စည္းကမ္းတက်ေလးေပါ့ Mask ကေလးတပ္၊ အတတ္ႏိုင္ဆုံး ကိုယ့္က်န္းမာေရး ကိုယ္ဂ႐ုစိုက္ၿပီးေတာ့ ေနသြားရင္ေတာ့ အဆင္ေျပသြားမွာပါ။ ဒီအတိုင္း အရင္လိုပဲ လက္လြတ္စပယ္ ျပန္ေနလိုက္မယ္ဆိုရင္ေတာ့ ေျပာလို႔မရဘူးေပါ့ေနာ္။ ပထမတခါလည္း က်ေနာ္တို႔ ခံရၿပီးသြားၿပီေလ။ အဲအတိုင္းပဲ ခံရၿပီးသြားေတာ့ ေပါ့ေပါ့ေလးလို႔ သြားေတြးလို႔ မရႏိုင္ေသးဘူးေပါ့ေနာ္၊ အခုခ်ိန္မွာ။ အဲဒီအတြက္ အကုန္လုံးကိုေတာ့ စည္းကမ္းေလးနဲ႔ေနေပးပါလို႔ပဲ ေျပာခ်င္ေတာ့တာေပါ့။"

ထိန္းမႏိုင္သိမ္းမရ အေျခအေနနဲ႔ ကပ္တတိယလႈိင္း ကူးစက္ခဲ့ခ်ိန္က ေသဆုံးသူေတြကို သၿဂိဳလ္ႏိုင္ဖို႔ အေလာင္းေတြစုပုံတဲ့အထိ ျဖစ္ခဲ့တာပါ။ အခုရက္ပိုင္းေတြမွာေတာ့ ကိုဗစ္ကူးစက္ျဖစ္ပြားသူ သိပ္မေတြ႕ရေတာ့ဘူးလို႔ ရန္ကုန္အေျခစိုက္ ပရဟိတအဖြဲ႕တခုက ေျပာပါတယ္။
"အခုလက္ရွိ ေျမျပင္အေနအထား ေျပာမယ္ဆိုရင္ေတာ့ နည္းနည္းေအးခ်မ္းေနေသးတယ္ ဆိုတဲ့သေဘာ ျပတာေပါ့ေနာ္။ ကူးစက္မႈေတြေတာ့ ဆိုးဆိုး႐ြား႐ြားမၾကားရေသးဘူး။ က်ေနာ္တို႔ကလည္း အခု ဒီဘက္အေျခအေနေပၚ မူတည္ၿပီးေတာ့ ပရဟိတလုပ္ေဆာင္တဲ့ေနရာမွာလည္း အခက္အခဲေလးေတြ ရွိတာေပါ့ေနာ္။ ဖိအားေလးေတြရွိတဲ့အတြက္ေၾကာင့္ လုပ္ရတာ နည္းနည္းေတာ့ကသီတာေပါ့။ အရင္လို ေပါ့ေပါ့ပါးပါး လြတ္လြတ္လပ္လပ္ လူနာပို႔ေဆာင္ခြင့္၊ သယ္ေဆာင္ခြင့္က body သယ္ခြင့္ေတြက အစေပါ့ေနာ္၊ နည္းနည္းအကန႔္အသတ္ေလးေတြ ရွိလာေတာ့ က်ေနာ္တို႔မွာ သြားရလာရတာေတြ အခက္အခဲေလးေတြ ျဖစ္လာတာေပါ့။"

စစ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ကာလမွာ ညမထြက္ရအမိန႔္ရွိေနလို႔ ပရဟိတေဆာင္႐ြက္သူေတြအေနနဲ႔ ၂၄ နာရီျပည့္ ကူညီေပးႏိုင္ဖို႔ အခက္အခဲေတြရွိေနတယ္လို႔ ေျပာပါတယ္။ ကပ္ေရာဂါတတိယလႈိင္းကာလတုန္းကလည္း အခက္အခဲေတြၾကား ေက်ာ္ျဖတ္ခဲ့ရတဲ့အေတြ႕အႀကဳံေတြရွိခဲ့လို႔ အခုကူးစက္ျမန္တဲ့ Omicron ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ ကပ္ေရာဂါစည္းမ်ဥ္းေတြအတိုင္း ေနထိုင္ဖို႔ကို သတိေပးေနတာပါ။

"ကာကြယ္တဲ့ပစၥည္းေလးေတြ Mask တို႔၊ လက္ေဆးတာတို႔၊ လူေတြစုစု႐ုန္း႐ုန္းသြားတဲ့ေနရာေတြ ေရွာင္ၾကဥ္တာတို႔၊ မလိုအပ္ဘဲနဲ႔ အျပင္မထြက္တာတို႔၊ အဲဒါမ်ိဳးေလးေတြကိုေတာ့ ထိန္းထိန္းသိမ္းသိမ္း ေနေပးဖို႔လိုမယ္ေပါ့ေနာ္၊ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔။ ဘာျဖစ္လို႔လဲဆိုရင္ အဲလိုမွမဟုတ္လို႔ သြားေနလာေနဦးမယ္ဆိုရင္၊ ဒီလိုပဲ တိုးႀကိတ္ေခြ႕ေနဦးမယ္ဆိုရင္ေတာ့ တတိယလႈိင္းထက္ ပိုဆိုးသြားႏိုင္တဲ့ အေနအထားမ်ိဳး က်ေနာ္တို႔က ျမင္လာတာေပါ့ေနာ္။ ဘာလို႔ဆို ဒီေရာဂါကလည္း က်ေနာ္တို႔ၾကားသိရသေလာက္က ကူးစက္ျမန္တဲ့အတြက္ေလ။ ႀကိဳတင္ကာကြယ္မႈေတြကေတာ့ အၿမဲတမ္းလုပ္ထားဖို႔ လိုလိမ့္မယ္၊ အဲဒါေတာ့ တိုက္တြန္းခ်င္တာေပါ့ေနာ္။ က်ေနာ္တို႔ အသင္းအဖြဲ႕ေတြမွာလည္း တတ္ႏိုင္သေလာက္ ျပည္သူေတြကို ႀကိဳတင္ကာကြယ္ဖို႔အတြက္၊ ကိုယ္ကိုယ္တိုင္လည္း ကာကြယ္ဖို႔ေပါ့ေနာ္၊ အားလုံးကေတာ့ က်ေနာ္တို႔အသင္းတိုင္းမွာေတာ့ အဆင္သင့္လုပ္ထားၾကတာ ရွိပါတယ္။"

ဗီဇေျပာင္း Omicron ကိုဗစ္ပိုးသစ္နဲ႔ ပတ္သက္လို႔ သိပၸံပညာရွင္ေတြက အတိအက်သိႏိုင္ေအာင္ ႀကိဳးစားေနခ်ိန္မဖွာ ကိုဗစ္ကာကြယ္ေဆး ထိုးၾကဖို႔နဲ႔ အားျဖည့္ကိုဗစ္ကာကြယ္ေဆး ထိုးၾကဖို႔ကို က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္ကာကြယ္ေဆး အႀကိမ္ျပည့္ ထိုးႏွံၿပီးသူက ၁၅ သန္းေက်ာ္ ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ကိုဗစ္ကာကြယ္ေဆး ပထမ ၁ လံုး ထိုးႏုိင္ဖုိ႔ ေစာင့္ေနၾကသူေတြ အမ်ားအျပား႐ွိေနပါေသးတယ္။

...................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ပြည်ပကပြန်လာတဲ့ မြန်မာနိုင်ငံသား လေးဦးဆီမှာ ကိုဗစ်မျိုးကွဲဗိုင်းရပ်စ် Omicron ဓာတ်ခွဲအတည်ပြု တွေ့ရှိပြီးတဲ့နောက် လူထုကြားမှာ ဒီကိုဗစ်မျိုးကွဲသစ် ကူးစက်မှုအန္တရာယ် မရှိစေဖို့ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ဆက်ပြီးလိုက်နာဖို့ကို ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ပရဟိတဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဒေါ်ခင်မျိုးသက် က ပြောပြမှာပါ။

အာရပ်စောဘွားများပြည်ထောင်စု UAE နိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးမှာ Omicron ကိုဗစ်ရောဂါပိုးသစ် တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် အင်္ဂါနေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ ၄ ဦးစလုံးကို ကုသရေးစင်တာတွေမှာ သတ်မှတ်ရက်အတွင်း စောင့်ကြည့်ပြီးတဲ့နောက် ကျန်းမာရေးအခြေအနေကောင်းမွန်လို့ ကုသရေးစင်တာကနေ ဆင်းခွင့်ပြုလိုက်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ ဒါဟာ ပြည်ပကပြန်လာသူတွေကို Quarantine ထားပြီး ဓာတ်ခွဲစစ်ဆေးရာကနေ Omicron ကူးစက်မှုတွေ့ရှိတာဖြစ်ပြီးတော့ ပြည်သူလူထုကြားမှာတော့ ကူးစက်ပျံ့နှံ့တဲ့ အနေအထားမရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတယောက်ရဲ့ လူမှုကွန်ယက်မှာလည်း ရေးသားဖော်ပြထားပါတယ်။ ဗီဇပြောင်း ကိုဗစ်ပိုးသစ် Omicron လူထုကြား ကူးစက်မှုမရှိသေးပေမယ့်လည်း ကပ်ရောဂါတတိယလှိုင်း ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရလို့ ပြည်သူတွေမပေါ့ဆသင့်ဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေကတော့ သတိပေးနေပါတယ်။

ကပ်ရောဂါတတိယလှိုင်းပြန်းထန်ခဲ့တဲ့ ဇူလိုင်လအစပိုင်းတုန်းက လူအသွားအလာများတဲ့ ဈေးနဲ့ ကျောင်းတွေကနေ အစုလိုက်ကူးစက်မှုတွေထဲ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ရောဂါဖြစ်ပွားသူ မရှိသလောက်နည်းပါးသွားပြီဆိုပေမယ့် တနေ့ကို လူအယောက် ၁၅၀ ဝန်းကျင်လောက်ကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ပုံမှန်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ ကပ်ရောဂါကာကွယ်ရေး အလေ့အထတွေကို လိုက်နာနေတယ်ဆိုပေမယ့် ဆက်ပြီးသတိရှိကြဖို့ကိုလည်း လက်ပံတန်းမြို့နယ် ကျန်းမာရေးတာဝန်ရှိသူတဦးက တိုက်တွန်းထားပါတယ်။

"စည်းကမ်းတကျလေးပေါ့ Mask ကလေးတပ်၊ အတတ်နိုင်ဆုံး ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ပြီးတော့ နေသွားရင်တော့ အဆင်ပြေသွားမှာပါ။ ဒီအတိုင်း အရင်လိုပဲ လက်လွတ်စပယ် ပြန်နေလိုက်မယ်ဆိုရင်တော့ ပြောလို့မရဘူးပေါ့နော်။ ပထမတခါလည်း ကျနော်တို့ ခံရပြီးသွားပြီလေ။ အဲအတိုင်းပဲ ခံရပြီးသွားတော့ ပေါ့ပေါ့လေးလို့ သွားတွေးလို့ မရနိုင်သေးဘူးပေါ့နော်၊ အခုချိန်မှာ။ အဲဒီအတွက် အကုန်လုံးကိုတော့ စည်းကမ်းလေးနဲ့နေပေးပါလို့ပဲ ပြောချင်တော့တာပေါ့။"

ထိန်းမနိုင်သိမ်းမရ အခြေအနေနဲ့ ကပ်တတိယလှိုင်း ကူးစက်ခဲ့ချိန်က သေဆုံးသူတွေကို သဂြိုလ်နိုင်ဖို့ အလောင်းတွေစုပုံတဲ့အထိ ဖြစ်ခဲ့တာပါ။ အခုရက်ပိုင်းတွေမှာတော့ ကိုဗစ်ကူးစက်ဖြစ်ပွားသူ သိပ်မတွေ့ရတော့ဘူးလို့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တခုက ပြောပါတယ်။
"အခုလက်ရှိ မြေပြင်အနေအထား ပြောမယ်ဆိုရင်တော့ နည်းနည်းအေးချမ်းနေသေးတယ် ဆိုတဲ့သဘော ပြတာပေါ့နော်။ ကူးစက်မှုတွေတော့ ဆိုးဆိုးရွားရွားမကြားရသေးဘူး။ ကျနော်တို့ကလည်း အခု ဒီဘက်အခြေအနေပေါ် မူတည်ပြီးတော့ ပရဟိတလုပ်ဆောင်တဲ့နေရာမှာလည်း အခက်အခဲလေးတွေ ရှိတာပေါ့နော်။ ဖိအားလေးတွေရှိတဲ့အတွက်ကြောင့် လုပ်ရတာ နည်းနည်းတော့ကသီတာပေါ့။ အရင်လို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် လူနာပို့ဆောင်ခွင့်၊ သယ်ဆောင်ခွင့်က body သယ်ခွင့်တွေက အစပေါ့နော်၊ နည်းနည်းအကန့်အသတ်လေးတွေ ရှိလာတော့ ကျနော်တို့မှာ သွားရလာရတာတွေ အခက်အခဲလေးတွေ ဖြစ်လာတာပေါ့။"

စစ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ကာလမှာ ညမထွက်ရအမိန့်ရှိနေလို့ ပရဟိတဆောင်ရွက်သူတွေအနေနဲ့ ၂၄ နာရီပြည့် ကူညီပေးနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။ ကပ်ရောဂါတတိယလှိုင်းကာလတုန်းကလည်း အခက်အခဲတွေကြား ကျော်ဖြတ်ခဲ့ရတဲ့အတွေ့အကြုံတွေရှိခဲ့လို့ အခုကူးစက်မြန်တဲ့ Omicron ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကပ်ရောဂါစည်းမျဉ်းတွေအတိုင်း နေထိုင်ဖို့ကို သတိပေးနေတာပါ။

"ကာကွယ်တဲ့ပစ္စည်းလေးတွေ Mask တို့၊ လက်ဆေးတာတို့၊ လူတွေစုစုရုန်းရုန်းသွားတဲ့နေရာတွေ ရှောင်ကြဉ်တာတို့၊ မလိုအပ်ဘဲနဲ့ အပြင်မထွက်တာတို့၊ အဲဒါမျိုးလေးတွေကိုတော့ ထိန်းထိန်းသိမ်းသိမ်း နေပေးဖို့လိုမယ်ပေါ့နော်၊ ကြိုတင်ကာကွယ်တဲ့ အနေနဲ့။ ဘာဖြစ်လို့လဲဆိုရင် အဲလိုမှမဟုတ်လို့ သွားနေလာနေဦးမယ်ဆိုရင်၊ ဒီလိုပဲ တိုးကြိတ်ခွေ့နေဦးမယ်ဆိုရင်တော့ တတိယလှိုင်းထက် ပိုဆိုးသွားနိုင်တဲ့ အနေအထားမျိုး ကျနော်တို့က မြင်လာတာပေါ့နော်။ ဘာလို့ဆို ဒီရောဂါကလည်း ကျနော်တို့ကြားသိရသလောက်က ကူးစက်မြန်တဲ့အတွက်လေ။ ကြိုတင်ကာကွယ်မှုတွေကတော့ အမြဲတမ်းလုပ်ထားဖို့ လိုလိမ့်မယ်၊ အဲဒါတော့ တိုက်တွန်းချင်တာပေါ့နော်။ ကျနော်တို့ အသင်းအဖွဲ့တွေမှာလည်း တတ်နိုင်သလောက် ပြည်သူတွေကို ကြိုတင်ကာကွယ်ဖို့အတွက်၊ ကိုယ်ကိုယ်တိုင်လည်း ကာကွယ်ဖို့ပေါ့နော်၊ အားလုံးကတော့ ကျနော်တို့အသင်းတိုင်းမှာတော့ အဆင်သင့်လုပ်ထားကြတာ ရှိပါတယ်။"

ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ်နဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေက အတိအကျသိနိုင်အောင် ကြိုးစားနေချိန်မဖှာ ကိုဗစ်ကာကွယ်ဆေး ထိုးကြဖို့နဲ့ အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးကြဖို့ကို ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူက ၁၅ သန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကိုဗစ်ကာကွယ်ဆေး ပထမ ၁ လုံး ထိုးနိုင်ဖို့ စောင့်နေကြသူတွေ အများအပြားရှိနေပါသေးတယ်။

XS
SM
MD
LG