သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်း ရောင်းဝယ်ရေး (e-Commerce) စည်းမျဉ်းချက်များ နှစ်မကုန်ခင် ထုတ်ပြန်မည်


အွန်လိုင်း ရောင်းဝယ်ရေး (e-Commerce) စည်းမျဉ်းချက်များ နှစ်မကုန်ခင် ထုတ်ပြန်မည် (Online Shopping Myanmar)
အွန်လိုင်း ရောင်းဝယ်ရေး (e-Commerce) စည်းမျဉ်းချက်များ နှစ်မကုန်ခင် ထုတ်ပြန်မည် (Online Shopping Myanmar)

{{Zawgyi/Unicode}}

နိုင်ငံတကာနဲ့အွန်လိုင်းကနေ ဈေးရောင်းဝယ်တာ၊ ဖေ့ဘုတ် လူမှုကွန်ယက်မီဒီယာမှာ ဈေးရောင်းချတာစတာတွေနဲ့ပတ်သတ်လို့ လိုက်နာရမယ့် e-Commerce Guidelines တခုကို ၂၀၂၀ နှစ်မကုန်ခင် ထုတ်ပြန်သွားဖို့ ပြင်ဆင်နေသလို လာမယ့် နှစ်မှာတော့ ထုတ်ပြန်မယ့် စည်းမျဉ်းအတိုင်း လိုက်နာနိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း မမေခ က သတင်းပေးပို့ထားပါတယ်။

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး အတွက် အစိုးရဘက်က ကြိုးပမ်းနေတဲ့ အစီအစဉ် တခုဖြစ်တဲ့ CERP လို့ခေါ်တဲ့ ကပ် ဘေးအလွန် စီးပွားရေး ကုစားမှုအစီအစဉ်ကြီးရဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ နိုင်ငံတကာနဲ့အွန်လိုင် ဈေးရောင်းဝယ်တာ၊ ဖေ့ဘုတ် လူမှုကွန်ယက်မီဒီယာမှာ ဈေးရောင်းချတာစတာတွေနဲ့ ပတ်သတ်လို့ လိုက်နာရမယ့် e-Commerce Guidelines တခုကို ၂၀၂၀ နှစ်မကုန်ခင် ထုတ်ပြန်သွားဖို့ ပြင်ဆင်တာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောဆိုလိုက်တာပါ။

ဒီစည်းမျဉ်းတွေမှာ အခန်း ၁ဝခန်းကျော်ပါဝင်ထားသလို အခန်းတိုင်းမှာ နိုင်ငံတကာနဲ့ပတ်သတ်တဲ့ ဈေဒရောင်းဝယ်တဲ့ အပေါ်ကိုပါလွှမ်းခြုံနိုင်အောင်ပြင်ဆင် နေပြီး ဒီစည်းမျဉ်း ရေးဆွဲနိုင်ဖို့ ဂျပန်နိုင်ငံကနေ လေ့လာမှုတွေလုပ်ခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးမင်းမင်း က ပြောဆိုလိုက်ပါတယ်။

" E-commerceလုပ်မယ်ဆိုလို့ရှိရင် Electronic နည်းပညာပြုလုပ်တဲ့ ပဋိဉာဏ် အကြောင်းဖော်ပြထားတယ် ။ နောက်စားသုံးသူကာကွယ်ပေးရေးတွေဖော်ပြထားတယ်။ ငွေပေးချေမှုဝန်ဆောင်မှုအပိုင်းရှိတယ်။ နောက်တခု Privacy တဦးချင်းဆိုင်ရာလွတ်လပ်မှုနဲ့ အချက်လက်ကာကွယ်ခြင်းဆိုတာ ထဲ့ထားတယ်။ Cyber Security ထားတယ်။ နောက်တခုက အခွန်ကောက်ခံခြင်းနဲ့ အခွန်အနိမ်ဆုံးတွေပေါ့နော်။ နောက်တခုက နယ်စပ်ဖြတ်ကျော်အရောင်းအဝယ်တွေထဲ့ထားတယ်။ E Commerce တခု ဘယ် Law တွေပတ်သက်နေပြီဆိုတာကိုသိအောင်ထဲ့ထားပါတယ်။"

ဒီလိုက်နာရမယ့် စည်းမျဉ်းတွေ ထုတ်ပြန်ပြီးပြီးဆိုရင် လာမယ့် နှစ်တွေက စတင်ကျင့်သုံးမှာ ဖြစ်ပြီး စံသတ်မှတ်ချက်တခုအနေနဲ့ မှတ်ပုံတင် စာရင်းကောက်ခံသွားမှာဖြစ် ပါတယ်။ မှတ်ပုံတင်ကြေးကို စာရင်းသွင်းပြီး ၆လအထိ ငွေကြေးကောက်ခံမှုမရှိဘဲ လျော့ပေါ့ဖို့ ပြင်ဆင်ထားတယ်လို့ သူကပြောပြပါတယ်။ လုပ်ငန်းတွေ ကိုမှတ်ပုံတင်စာရင်းကောက်ခံမှုနဲ့ပတ်သတ်လို့ ဦးမင်းမင်းကအခုလိုပြောပြလာတာပါ။

Who Are You ပေါ့နော်။ သူဘယ်သူလဲဆိုတာ သိရမှာပေါ့နော်။ ဒီလောက်ပါပဲ။ ကျနော်တို့ ဒီပစ္စည်းတွေကိုလည်း အာမခံပေးတာမဟုတ်ဘူး။ Granteeပးထားတာမဟုတ်ဘူး။ ဒီ ပလက်ဖောင်းက ရှိတယ် ကျနော်တို့သိတယ်ဆိုတာမျိုးလောက်ပေါ့နော်။ သူတို့ရဲ့page. တွေကို Trusted trader လိုမျိုး Logoလေးတခု လုပ်လိုက်ပြီးတော့ သူတို့ ရဲ့.page မှာ.inverted သွားလုပ်ပေးလိုက်မယ်ပေါ့နော်။ စီးပွားကူးသန်းတံဆိပ်လေး သူမှာချိတ်လိုက်ရင် သူကို စီးပွားကူးသန်းက သိတယ်ပေါ့နော်။ အဲလောက်နဲ့စချင်တာပေါ့နော်။

မှတ်ပုံတင်တဲ့နေရာမှာ ပထမအဆင့်အနေနဲ့ အွန်လိုင်း ဝက်ဆိုဒ်တွေကို ဦးစွာမှတ်ပုံတင်ပေးမှာဖြစ်ပြီး ကျန်ငွေပေးချေမှု ၊ ပစ္စည်းသယ်ယူမှုတွေ၊ social media ဖေ့ဘုတ်ကနေကပစ္စည်းတွေရောင်းချနေတာ တွေနဲ့ပတ်သတ်တာကိုလည်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့ဆက်လက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

မကြာသေးခင်က ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ စီးပွားရေး ဆွေးနွေးဖက် (၅) နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ ပါဝင် စေ့စပ်ညှိနှိုင်းခဲ့တဲ့ လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်တစ်ခု ကိုလက်မှတ်ရေးထိုးထားခဲ့ပြီးဖြစ်ပါတယ်။ ဒီစာချုပ်အရ အွန်လိုင်းကုန်သွယ်မှု ထူထောင်နိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်တာကြောင့် အခုလို လုပ်ဆောင်တာလည်းဖြစ်တယ်လို့ ဦးမင်းမင်းကပြောပါတယ်။

အသေး စား၊ အလတ်စားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အကြံပေးအနေနဲ့ လုပ်ဆောင်နေသူလည်းဖြစ် SMEBI စီးပွားရေးသင်တန်းကျောင်းတခုကို ထူထောင်ထား သူလည်းဖြစ်တဲ့ ဦးစိုးဟိန်းပါ။ သူကတော့နည်းပညာပိုင်းနဲ့ အင်တာနက်ဆက်သွယ်မှု အားနည်းနေဆဲ မြန်မာနိုင်ငံအတွက် ဒီစနစ်ကို နေသား ကျဖို့ ရုန်းကန်ရနိူင်တာကြောင့် ဝန်ကြီးဌာနအနေနဲ့ ပြုပြင်ပြောင်းလဲဖို့စဉ်းစားရင် အောက်ခြေအထိပါ လုပ်နိုင်ဖို့ ချမှတ်ပေးစေချင်တယ်လို့ သူကထောက်ပြပါတယ်။

"တချို့လူတွေက ဆိုရှယ်မီဒီယာကိုတောင်မှ ကောင်းကောင်းမသုံးတတ်၊ မသိတဲ့လူတွေအများကြီးရှိသေးတယ်။ အဲဒီအတွက်တွေကို ပြည်နယ်နဲ့တိုင်းမှာရှိနေတဲ့အစိုးရဌာနတွေကနေပြီး ပညာပေး လုပ်ပေးဖို့အများကြီးလိုအပ်တယ်။ အဲဒီလိုမလုပ်ရင်One Stop ပေါ့။ သူတို့ရဲ့ ပစ္စည်းတွေကို အွန်လိုင်းပေါ်ရောက်လာအောင် အဖွဲ့အစည်းတခုခုကနေ လုပ်ပေးမှ ပိုကောင်းမယ်လို့ကျနော်မြင်ပါတယ်"။

မြန်မာနိုင်ငံပါဝင်လက်မှတ်ထိုးထားတဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ စီးပွားရေး ဆွေးနွေးဖက် (၅) နိုင်ငံပါတဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP နိုင်ငံများ ရဲ့ ကုန်သွယ်မှုဟာ လက်ရှိမှာ ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုပမာဏ ၏ ၂၈ % ခန့် ပါဝင် ထားပါတယ်ရှင်။

......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}













XS
SM
MD
LG