သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အြန္လိုင္းကေန အစားအေသာက္ေပးပို႔တဲ့လုပ္ငန္း ႀကီးၾကပ္ဖို႔လိုေန


စက္ဘီးနဲ႔ အစားအေသာက္ပို႔ေပးသူ ၀န္ထမ္းတဦးကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတေနရာတြင္ ေတြ႔ရ။ (ေမ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါကာလ အိမ္ထဲမွာ ေနၾကရတဲ့အခ်ိန္ အစားအေသာက္ေတြ မွာယူတဲ့လူ မ်ားလာတာေၾကာင့္ အြန္လုိင္းလုပ္ငန္းေတြ တြင္က်ယ္လာေပမဲ့ က်န္းမာေရးအတြက္ စိတ္ခ်ရရဲ႕လားဆုိတဲ့ ေမးခြန္းေတြလည္း ရွိေနတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပပါမယ္။

ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အင္တာနက္ကေန ေစ်းေရာင္းတာေတြ ပုိၿပီး တြင္က်ယ္လာရာမွာ စားေသာက္ကုန္လုပ္ငန္းေတြလည္း ေရွ႕တန္းကေန ပါ၀င္လာပါတယ္။ အရင္က ကုန္ပစၥည္းေတြကုိသာ အင္တာနက္ကေန ေရာင္း၀ယ္တာမ်ားေပမဲ့ အခုအခါမွာေတာ့ အြန္လုိင္းကေန အစားအေသာက္ေတြမွာၿပီး အိမ္တုိင္ယာေရာက္ ပုိ႔ေဆာင္ေပးတဲ့ စနစ္လည္း ျမန္မာႏုိင္ငံမွာ ေခတ္စားလာခဲ့တာပါ။

ဒါေပမဲ့လည္း ဒီလိုအိမ္အေရာက္လိုက္ပို႔တဲ့ အစားအေသာက္ေတြဟာ သန႔္ရွင္းရဲ႕လား၊ က်န္းမာေရးစံေတြနဲ႔ ကိုက္ညီမႈ ရွိရဲ႕လားဆုိတဲ့အေပၚမွာ စိုးရိမ္မႈေတြလည္း ရွိလာပါတယ္။ အထူးသျဖင့္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ၊ စားေသာက္ကုန္ အပါအ၀င္ ကုန္ထုတ္လုပ္မႈေတြအေပၚ ထိန္းကြပ္မႈေတြ အားနည္းတဲ့ ျမန္မာႏုိင္ငံမွာ တေန႔တျခား ေခတ္စားလာေနတဲ့ အြန္လုိင္းကေန အစားအေသာက္ ျဖန္႔ျဖဴးမႈေတြကုိ စနစ္တက် စီမံခန္႔ခဲြဖုိ႔ လုိမယ္လုိ႔ စားသံုးသူကာကြယ္ေရးအသင္း ဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာပါတယ္။

“မျဖစ္မေန ဒီ Online Shopping နဲ႔ Delivery ကိုအားကိုးရတာေတြလည္း ရွိေနတဲ့အတြက္ ဒီလုပ္ငန္းက ဆက္ၿပီးေတာ့တြင္က်ယ္ေနဦးမွာပဲ။ ဒါေပမဲ့ ဒါကုိစနစ္တက် ႀကီးၾကပ္ဖို႔ေတာ့လုိပါတယ္။ သက္ဆုိင္ရာ အစိုးရဌာနအေနနဲ႔ စားသံုးသူေရးရာဦးစီးဌာနကျဖစ္ေစ၊ FDA ကျဖစ္ေစ၊ Online Shopping ေတြကုိ မွတ္ပံုတင္လုပ္တာမ်ိဳးေတြေတာ့ လိုအပ္ေနတယ္။”

ျမန္မာႏုိင္ငံမွာ စားေသာက္ကုန္ေတြ သန္႔ရွင္းမႈရွိ၊ မရွိ ဆုိးေဆးေတြလုိ က်န္းမာေရးအတြက္ အႏၱရာယ္ရွိတဲ့ ဓာတုပစၥည္းေတြ ပါ-မပါ ဆုိတာေတြကုိ မၾကာေသးခင္ႏွစ္ေတြကစလုိ႔ ပုိမုိစစ္ေဆးလာေပမဲ့ အြန္လုိင္းက ေရာင္းခ်ေနတဲ့ အစားအေသာက္ေတြနဲ႔ ပတ္သက္လုိ႔ေတာ့ လတ္တေလာ တိတိက်က် ေဆာင္ရြက္ေနတာ မေတြ႔ရေသးပါဘူး။

ျမန္မာႏုိင္ငံ အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန (FDA) အေနနဲ႔လည္း ေစ်းကြက္ထဲမွာရွိတဲ့ ကုန္ပစၥည္းေတြကုိ စစ္ေဆးတာမ်ဳိးေတြ ရွိေပမဲ့ စားေသာက္ဆုိင္က အစားအစာေတြကုိေတာ့ စစ္ေဆးေလ့ မရွိဘူးလုိ႔လည္း မႏၱေလးတုိင္း ျပည္သူ႔က်န္းမာေရးဦးစီးမွဴး ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။

“ဒီ Market Survey ေတြလုပ္တယ္။ ငါးပိ၊ ငရုတ္သီးမႈန္႔၊ လက္ဖက္နမူနာေတြကုိ ေကာက္ယူၿပီး ဆိုးေဆးပါဝင္မႈရွိ၊ မရွိ၊ တာရွည္ခံေဆးဝါးေတြပါ မပါကုိေတာ့ FDA က ပံုမွန္ေဆာင္ရြက္ေနတယ္။ ဒါေပမဲ့ စားေသာက္ဆုိင္ေတြမွာ ခ်က္ျပဳတ္ေရာင္းတဲ့ အစားအစာေတြေပၚမွာေတာ့ နမူနာယူစစ္တာကေတာ့ ပံုမွန္သိပ္မလုပ္ျဖစ္ဘူးေပါ့ေနာ္။ ဘယ္လိုအခ်ိန္မွာ လုပ္ျဖစ္လည္းဆုိရင္ ျပည္သူေတြက တိုင္ၾကားတင္ျပတာရွိလာမယ္၊ အစာအဆိပ္သင့္တာေတြျဖစ္လို႔ စစ္မယ္ဆိုရင္ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲက စစ္ေပးသလို၊ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာနကလည္း စစ္ေဆးေပးတယ္။”

ႏုိင္ငံတကာ ေငြေပးေခ်ေရးလုပ္ငန္းႀကီး တခုျဖစ္တဲ့ ACI Worldwide ရဲ႕ ဆန္းစစ္ခ်က္အရ ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္ ကမာၻတ၀န္း အြန္လုိင္းကေန အေရာင္းအ၀ယ္လုပ္ၾကတဲ့ e-commerce လုပ္ငန္းေတြ စံခ်ိန္ခ်ဳိးေလာက္ေအာင္ ျမင့္တက္ခဲ့တာပါ။ ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ အိမ္ေတြမွာသာ ေနထုိင္ေနၾကရတဲ့အခ်ိန္ မတ္လထဲ လက္ကားလုပ္ငန္းေတြက ေငြေပးေခ်မႈပမာဏဟာ အရင္တႏွစ္ကနဲ႔ ယွဥ္ရင္ ၇၄ ရာခုိင္ႏႈန္း တုိးလာသလုိ၊ အြန္လုိင္းဂိမ္းကစားတဲ့ လုပ္ငန္းေတြမွာေတာ့ ၉၇ ရာခုိင္ႏႈန္း တုိးလာေၾကာင္းလည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အွန်လိုင်းကနေ အစားအသောက်ပေးပို့တဲ့လုပ်ငန်း ကြီးကြပ်ဖို့လိုနေ

COVID-19 ကပ်ရောဂါကာလ အိမ်ထဲမှာ နေကြရတဲ့အချိန် အစားအသောက်တွေ မှာယူတဲ့လူ များလာတာကြောင့် အွန်လိုင်းလုပ်ငန်းတွေ တွင်ကျယ်လာပေမဲ့ ကျန်းမာရေးအတွက် စိတ်ချရရဲ့လားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပါမယ်။

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အင်တာနက်ကနေ ဈေးရောင်းတာတွေ ပိုပြီး တွင်ကျယ်လာရာမှာ စားသောက်ကုန်လုပ်ငန်းတွေလည်း ရှေ့တန်းကနေ ပါဝင်လာပါတယ်။ အရင်က ကုန်ပစ္စည်းတွေကိုသာ အင်တာနက်ကနေ ရောင်းဝယ်တာများပေမဲ့ အခုအခါမှာတော့ အွန်လိုင်းကနေ အစားအသောက်တွေမှာပြီး အိမ်တိုင်ယာရောက် ပို့ဆောင်ပေးတဲ့ စနစ်လည်း မြန်မာနိုင်ငံမှာ ခေတ်စားလာခဲ့တာပါ။

ဒါပေမဲ့လည်း ဒီလိုအိမ်အရောက်လိုက်ပို့တဲ့ အစားအသောက်တွေဟာ သန့်ရှင်းရဲ့လား၊ ကျန်းမာရေးစံတွေနဲ့ ကိုက်ညီမှု ရှိရဲ့လားဆိုတဲ့အပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ စားသောက်ကုန် အပါအဝင် ကုန်ထုတ်လုပ်မှုတွေအပေါ် ထိန်းကွပ်မှုတွေ အားနည်းတဲ့ မြန်မာနိုင်ငံမှာ တနေ့တခြား ခေတ်စားလာနေတဲ့ အွန်လိုင်းကနေ အစားအသောက် ဖြန့်ဖြူးမှုတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ လိုမယ်လို့ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“မဖြစ်မနေ ဒီ Online Shopping နဲ့ Delivery ကိုအားကိုးရတာတွေလည်း ရှိနေတဲ့အတွက် ဒီလုပ်ငန်းက ဆက်ပြီးတော့တွင်ကျယ်နေဦးမှာပဲ။ ဒါပေမဲ့ ဒါကိုစနစ်တကျ ကြီးကြပ်ဖို့တော့လိုပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနအနေနဲ့ စားသုံးသူရေးရာဦးစီးဌာနကဖြစ်စေ၊ FDA ကဖြစ်စေ၊ Online Shopping တွေကို မှတ်ပုံတင်လုပ်တာမျိုးတွေတော့ လိုအပ်နေတယ်။”

မြန်မာနိုင်ငံမှာ စားသောက်ကုန်တွေ သန့်ရှင်းမှုရှိ၊ မရှိ ဆိုးဆေးတွေလို ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါ-မပါ ဆိုတာတွေကို မကြာသေးခင်နှစ်တွေကစလို့ ပိုမိုစစ်ဆေးလာပေမဲ့ အွန်လိုင်းက ရောင်းချနေတဲ့ အစားအသောက်တွေနဲ့ ပတ်သက်လို့တော့ လတ်တလော တိတိကျကျ ဆောင်ရွက်နေတာ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေနဲ့လည်း ဈေးကွက်ထဲမှာရှိတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးတာမျိုးတွေ ရှိပေမဲ့ စားသောက်ဆိုင်က အစားအစာတွေကိုတော့ စစ်ဆေးလေ့ မရှိဘူးလို့လည်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

“ဒီ Market Survey တွေလုပ်တယ်။ ငါးပိ၊ ငရုတ်သီးမှုန့်၊ လက်ဖက်နမူနာတွေကို ကောက်ယူပြီး ဆိုးဆေးပါဝင်မှုရှိ၊ မရှိ၊ တာရှည်ခံဆေးဝါးတွေပါ မပါကိုတော့ FDA က ပုံမှန်ဆောင်ရွက်နေတယ်။ ဒါပေမဲ့ စားသောက်ဆိုင်တွေမှာ ချက်ပြုတ်ရောင်းတဲ့ အစားအစာတွေပေါ်မှာတော့ နမူနာယူစစ်တာကတော့ ပုံမှန်သိပ်မလုပ်ဖြစ်ဘူးပေါ့နော်။ ဘယ်လိုအချိန်မှာ လုပ်ဖြစ်လည်းဆိုရင် ပြည်သူတွေက တိုင်ကြားတင်ပြတာရှိလာမယ်၊ အစာအဆိပ်သင့်တာတွေဖြစ်လို့ စစ်မယ်ဆိုရင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲက စစ်ပေးသလို၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကလည်း စစ်ဆေးပေးတယ်။”

နိုင်ငံတကာ ငွေပေးချေရေးလုပ်ငန်းကြီး တခုဖြစ်တဲ့ ACI Worldwide ရဲ့ ဆန်းစစ်ချက်အရ ကပ်ရောဂါနဲ့ ကြုံနေရချိန် ကမ္ဘာတဝန်း အွန်လိုင်းကနေ အရောင်းအဝယ်လုပ်ကြတဲ့ e-commerce လုပ်ငန်းတွေ စံချိန်ချိုးလောက်အောင် မြင့်တက်ခဲ့တာပါ။ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်တွေမှာသာ နေထိုင်နေကြရတဲ့အချိန် မတ်လထဲ လက်ကားလုပ်ငန်းတွေက ငွေပေးချေမှုပမာဏဟာ အရင်တနှစ်ကနဲ့ ယှဉ်ရင် ၇၄ ရာခိုင်နှုန်း တိုးလာသလို၊ အွန်လိုင်းဂိမ်းကစားတဲ့ လုပ်ငန်းတွေမှာတော့ ၉၇ ရာခိုင်နှုန်း တိုးလာကြောင်းလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG