အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ (၉၇) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို "The Brutalist" ရုပ်ရှင်ဇာတ်ကားနဲ့ Adrien Brody က ရရှိပြီး နှစ်ထပ်ကွမ်း အော်စကာဆုရှင်ဖြစ်လာပါတယ်။
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Mikey Madison က "Anora" ဇာတ်ကားနဲ့ ရရှိတာ ပါ။ Independent Film ရုပ်ရှင်ဇာတ်ကား "Anora" က ဆန်ကာတင်စာရင်း (၆) ကားမှာ အကောင်းဆုံး ရုပ်ရှင်၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်း ဆုနဲ့ အကောင်းဆုံးတည်းဖြတ်ဆုအပါအဝင် အော်စကာ (၅) ဆု ဆွတ်ခူးခဲ့ပါတယ်။
ဇာတ်ညွှန်းနဲ့ အယ်ဒီတာ Sean Baker ကလည်း"Anora" ဇာတ်ကားနဲ့ ဇာတ်ညွှန်း၊ တည်းဖြတ်၊ ဒါရိုက်တာနဲ့ ဇာတ်ကားဆု (၄) ဆုကို တပြိုင်တည်းဆွတ်ခူးခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို "A Real Pain" ဇာတ်ကားနဲ့ Kieran Culkin ကရပြီး အကောင်း ဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုတော့ "Emilia Pérez"ဇာတ်ကားနဲ့ Zoe Saldaña က ရသွားပါတယ်။ ဝတ်စုံဒီဇိုင်းပညာရှင် Paul Tazewell ကတော့ "Wicked" ဇာတ်ကားနဲ့ ဝတ်စုံဒီဇိုင်း အော်စကာဆုရတဲ့ ပထမဆုံးလူမည်း အမျိုးသားဒီဇိုင်နာ ဖြစ်လာပါတယ်။
Forum