သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ်ပင်လယ် ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို ထောက်ခံကြောင်း လူသိရှင် ကြား ပြောထားတဲ့ နိုင်ငံပေါင်း ၄၀ ကျော်ရှိထားပြီးတော့ ထောက်ခံတဲ့နိုင်ငံတွေ ထပ်တိုးလာလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying က သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“နိုင်ငံရေးအရ ဘက်လိုက်မှုမရှိတဲ့ နိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်အရေး တရားနည်းလမ်းအတိုင်းဖြစ်ဖို့ တရုတ်ရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံမယ်ဆိုတာ ယုံကြည်ပါတယ်။ လက်ရှိအချိန်ထိ သိထားသလောက်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံအပေါ် ထောက်ခံကြောင်း လူသိရှင်ကြား ကြေညာချက်ထုတ်ထားတဲ့ ဒါမှမဟုတ် ရပ်တည်ချက်ကို ပြောထားတဲ့ နိုင်ငံ ပေါင်း ၄၀ ကျော် ရှိနေပါပြီ။ ဒီထဲမှာ သိပ်အရေးပါတဲ့ အဖွဲ့တခုဖြစ်တဲ့ အာရပ်ဘ်အဖွဲ့ချုပ်လည်း ပါပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နိုင်ငံအတွက် တရားမျှတမှုရှိစေဖို့ရာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ခံပါ တယ်လို့ ပြောတဲ့နိုင်ငံတွေ ပိုပိုပြီး များလာမှာပါ။” လို့ Hua Chunying ကပြောတာပါ။

စွမ်းအင်အရင်းအမြစ် ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ် ရေနယ်နိမိတ် တခုလုံးနီးပါးကို သူတို့ပိုင်တယ်လို့ တရုတ်က ပြော ထားတာပါ။

အဲဒီရေကြောင်းကို ဖြတ်ပြီး နှစ်စဉ် ကုန်သွယ်ကူးသန်းရောင်းဝယ်တဲ့ တန်ဖိုးဟာ ဒေါ်လာ ဘီလီယံ ၅ ထောင်ကျော်ထိ ရှိပါတယ်။ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ တိုင်ဝမ်တို့က ပိုင်ဆိုင်တယ်လို့ပြော ထားတဲ့ ရေပြင်နယ်နိမိတ်တွေ လည်း ရှိပါတယ်။

The Hague မြို့အခြေစိုက် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ တရားရုံးမှာ ဖိလစ်ပိုင်က တင်ပြထားတာကို တရုတ်က အသိအမှတ်မပြုပါဘူး။ ဒီအငြင်းပွားမှုတွေ ကို နှစ်နိုင်ငံချင်းပဲ ဖြေရှင်းသင့်တယ်လို့ တရုတ်က ပြောထားပါတယ်။

XS
SM
MD
LG