သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pager ပေါက်ကွဲမှုတွေကြောင့် ဟတ်ဇ်ဘူလာအဖွဲ့ဝင် ၁၂ ယောက်ထက်မနည်းသေဆုံး


Hezbollah အဖွဲ့ဝင်ဈာပနအခမ်းအနားကျင်းပနေစဉ် (စက်တင်ဘာ ၁၈၊ ၂၀၂၄)
Hezbollah အဖွဲ့ဝင်ဈာပနအခမ်းအနားကျင်းပနေစဉ် (စက်တင်ဘာ ၁၈၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံမှာ Hezbollah အဖွဲ့ဝင် အများစုကိုင်ဆောင်တဲ့ Pager အရေးပေါ် အချက်ပေး သတင်းပို့ကိရိယာတွေ မနေ့ စက်တင်ဘာ ၁၇ ရက်နေ့က တပြိုင်တည်း ပေါက်ကွဲတဲ့အတွက် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး၊ ၂,၈၀၀ ဒဏ်ရာရသွားခဲ့တဲ့ဖြစ်ရပ်ဟာ အစ္စရေးရဲ့ လက်ချက်လို့ Hezbollah နဲ့ လက်ဘနွန်အစိုးရတို့က စွပ်စွဲလိုက်ပါတယ်။​

ဂါဇာမှာ အစ္စရေးနဲ့စစ်ဖြစ်နေတဲ့ ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို သူတို့အနေနဲ့ ဆက်လက် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း Hezbollah အဖွဲ့က ပြောကြားလိုက်ပြီး အစ္စရေးအနေနဲ့ ပြင်းထန်တဲ့ လက်စားချေမှု ခံရမယ်လို့လည်း ဒီကနေ့ သတိပေးလိုက်ပါတယ်။​

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိပါဘူး။ ဒါပေမယ့် အစ္စရေးနိုင်ငံ မြောက်ပိုင်း လက်ဘနွန် နယ်စပ်မှာ Hezbollah အဖွဲ့နဲ့ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ စစ်ပွဲကို ပိုပြီး တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ အစ္စရေးက ကြေညာအပြီး နာရီပိုင်းအကြာမှာ လက်ဘနွန်နိုင်ငံအတွင်း ဒီ Pager ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တာပါ။

Hezbollah အဖွဲ့ကို အဲဒီ Pager တွေ မပို့ခင် ပေါက်ကွဲရေးပစ္စည်းတချို့ ထည့်ပေးခဲ့တယ်ဆိုအပေါ် အများစုက သံသယ ရှိနေကြတာပါ။ သူတို့အချင်းချင်းကြား ဆက်သွယ်ရေးမှာ အသုံးပြုတဲ့ လက်ကိုင်ဖုန်း (Cellphone) တွေကို အစ္စရေးက ကြားဖြတ်နားထောင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်လာပြီးတဲ့နောက် Hezbollah အဖွဲ့ခေါင်းဆောင်က Pager တွေကို အစားထိုး အသုံးပြုကြဖို့ ညွှန်ကြားခဲ့တာပါ။

လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mojtaba Amani လည်း Pager တွေ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲ ပါဝင်တယ်လို့ အီရန်အစိုးရပိုင်သတင်းမှာ ဖော်ပြပါတယ်။ အီရန်ဟာ ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲနဲ့ လက်ဘနွန်နယ်စပ်က အစ္စရေးနဲ့ ဖြစ်နေတဲ့ စစ်ပွဲတို့အတွက် Hezbollah နဲ့ ဟာမတ်စ်အဖွဲ့တို့ကို ပံ့ပိုးပေးနေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG