သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ နိုင်ငံတကာလေကြောင်းပြေးဆွဲမှု ရပ်တန့်နိုင်ဟု IATA သတိပေး


ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေဆိပ်  
ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေဆိပ်  

{{Zawgyi/Unicode}}

စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ ပါကစ္စတန်မှာ ငွေမပေးချေနိုင်လို့ နိုင်ငံခြားလေကြောင်းလိုင်း ပြေးဆွဲမှု‌တွေရပ်တန့်နိုင်တယ်လို့ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း (IATA) က ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။

IATA ရဲ့ ထုတ်ပြန်ချက်မှာ ဇန်နဝါရီလအထိစာရင်းတွေအရ ပါကစ္စတန်ဟာ နိုင်ငံတကာလေကြောင်းလိုင်းတွေအပေါ် ပြန်လည်လွှဲပြောင်းရမယ့်နိုင်ငံခြားငွေကြေး ဒေါ်လာသန်း ၂၉၀ လောက် အကြွေးတင်နေပါတယ်။ ဒါဟာ ကမ္ဘာမှာ နိုင်ဂျီးရီးယားပြီးရင် ဒုတိယအများဆုံးဖြစ်ပါတယ်။

ပါကစ္စတန်ရဲ့ နိုင်ငံခြားငွေအရန်ငွေအင်အားဟာ မကြာသေးခင်တုန်းက ဒေါ်လာ ၄.၆ ဘီလီယံနီးပါးအထိ ကျဆင်းသွားပြီး သွင်းကုန်တွေကို လေးပတ်ကြာကာမိဖို့ လုံလောက်ရုံသာရှိနေလို့ ဗဟိုဘဏ်ဟာ ပြည်ပကို ဒေါ်လာငွေပေးချေဖို့ ခက်ခဲနေတာပါ။

နိုင်ငံတနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ရေရှည်မတည်တံ့စေတဲ့အခြေအနေတွေ ဆက်ရှိနေရင် လေကြောင်းလိုင်းတွေဟာ သူတို့ရဲ့တန်ဖိုးကြီးတဲ့ လေယာဉ်ပိုင်ဆိုင်မှုတွေကို တခြားပိုကောင်းတဲ့ နိုင်ငံတွေဆီ ပြောင်းလဲ င်းနှီးမြှုပ်နှံသွားမယ်လို့ IATA က ထောက်ပြပါတယ်။

သိပ်မကြာသေးခင်ကပဲ ဗားဂျင်း အတ္တလန်တိတ် လေကြောင်းလိုင်းဟာ ပါကစ္စတန် မှာ လေကြောင်းပျံသန်းမှုတွေ ရပ်တန့်လိုက်ပါတယ်။

IATA ရဲ့ လွန်ခဲ့တဲ့ငါးနှစ်ကလေ့လာမှုတခုအရ ပါကစ္စတန်မှာ လေကြောင်းခရီးသွားလာသူအရေအတွက်က တနှစ်အတွင်း လက်ရှိ ၁၁ သန်း အရေအတွက်ကနေ ၂၀၃၈ ခုနှစ်မှာ ၃၅ သန်းအထိတိုးလာနိုင်ပြီး နိုင်ငံရဲ့ GDP အတွက် ၉.၃ ဒေါ်လာ ဘီလီယံ ပံ့ပိုးပေးကာ အလုပ်အကိုင်ပေါင်း ၈၀၀,၀၀ နီးပါး ဖန်တီးပေးထားပါတယ်။

ဒါပေမယ့် အစိုးရအဆက်ဆက်က နိုင်ငံရဲ့ လေကြောင်းလုပ်ငန်းကို နှစ်များစွာ လျစ်လျူရှုထားခဲ့တယ်လို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။

သွင်းကုန်အပေါ်မှီခိုနေရတဲ့ ပါကစ္စတန်မှာ နိုင်ငံခြားငွေပြတ်လပ်မှုနဲ့ ပြည်တွင်းသုံးငွေတန်ဖိုးကျဆင်းမှုက ဆေးဝါးလုပ်ငန်းနဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းအပါအဝင် တခြားအရေးကြီးတဲ့ကဏ္ဍတွေကိုလည်း ထိခိုက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}










XS
SM
MD
LG