သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူတို့နိုင်ငံသားတွေလုံခြုံရေး အကာအကွယ်ပေးဖို့ ပါကစ္စတန်ကို တရုတ်ဖိအားပေး​​​​​​​


ပါကစ္စတန်လေဆိပ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု
ပါကစ္စတန်လေဆိပ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု

ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ တနင်္ဂနွေညဘက် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်ဝန်ထမ်း ၂ ဦး သေဆုံး၊ နောက်တဦးဒဏ်ရာရသွားခဲ့ရပြီးတဲ့နောက် နိုင်ငံတွင်း တရုတ်စီမံကိန်းတွေနဲ့ တရုတ်လုပ်သား တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပါကစ္စတန်အစိုးရအနေနဲ့ လုံခြုံရေးဟာကွက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်က အောက်တိုဘာလ ၇ ရက်၊ တနင်္လာနေ့က တောင်းဆိုသွားပါတယ်။

တောင်ပိုင်း ဆင်းဒ်ပြည်နယ်မြို့တော် ကရာချီလေဆိပ်အပြင်ပိုင်းမှာ တရုတ်လုပ်သားတွေလိုက်လာတဲ့ မော်တော်ယာဉ်တန်း ပစ်မှတ်ထားတိုက်ခိုက်ခံရတယ်လို့ပြောပြီး သေဆုံးထိခိုက်သူအရေအတွက်ကို ၂ ဘက်လုံးက အတည်ပြုသွားပါတယ်။ တိုက်ခိုက်ခံရတဲ့တရုတ်လုပ်သားတွေဟာ ကရာချီမြို့မှာ တရုတ်တည်ဆောက်ထားတဲ့ Port Qasim (ကာဆင်မ်) ဆိပ်ကမ်း ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံကလုပ်သားတွေ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ကားအများအပြားဟာ တစီးလုံး ဒါမှတဟုတ် တစိတ်တပိုင်း ပျက်ဆီးနေတာ ရုပ်သံသတင်းတွေမှာ တွေ့ရပါတယ်။ ယာဉ်တန်းကို လုံခြုံရေးလိုက်ပေးတဲ့ ရဲ ၁၀ ဦးထက်မကလည်း ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ပြီး တရုတ်နိုင်ငံသားတွေ တိုက်ခိုက်ခံရတာကို အထူးထိတ်လန့်မိကြောင်းနဲ့ အကြမ်းဖက်မှုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့ လက်သည်ကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ သူတို့အင်တာနက်စာမျက်နှာမှာ ပြောထားပါတယ်။

ပါကစ္စတန် အနောက်တောင်ပိုင်းမှာ လုံခြုံရေးတပ်တွေနဲ့ တိုက်နေတဲ့ ဘလို့ချ်လွတ်မြောက်ရေးတပ်က ဒီတိုက်ခိုက်မှုကိုလုပ်ဆောင်တယ်လို့ ဝန်ခံပါတယ်။ ပါကစ္စတန်အာဏာပိုင်တွေကတော့ ဆက်လက် စုံစမ်းနေကြောင်းပြောပြီး တိုက်ခိုက်သူတွေ အရေးယူနိုင်ဖို့ လုပ်မယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG