သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ လေတပ်ကိုယှဉ်ဖို့ တရုတ်တိုက်လေယာဉ် ပါကစ္စတန်ဝယ်ယူ


একটি চীনা জে-১০ যুদ্ধবিমান (ফাইল ছবি)
একটি চীনা জে-১০ যুদ্ধবিমান (ফাইল ছবি)

အိန္ဒိယ လေတပ်ကိုယှဉ်ဖို့ တရုတ်တိုက်လေယာဉ် ပါကစ္စတန်ဝယ်ယူ

{{Zawgyi/Unicode}}

ပြိုင်ဖက် အိန္ဒိယနိုင်ငံရဲ့ လေတပ်စွမ်းအားတည်ဆောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံဆီကနေ ဘက်စုံသုံး J -10 ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူမယ်လို့ ပါကစ္စတန်စစ်ဖက်က မနေ့ ဗုဒ်ဓဟူးနေ့ အတည်ပြုလိုက်ပါတယ်။

အင်ဂျင်တလုံးတပ် J-10 ဂျက်တိုက်လေယာဉ်တွေကို တရုတ်လေတပ်မှာ ၂ဝဝ၅ ခုနှစ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပြိုင်ဖက် အိန္ဒိယနိုင်ငံက ပြင်သစ်လုပ် Rafale တိုက်လေယာဉ်တွေကိုဝယ်ယူထားတဲ့အတွက် အင်အားချိန်ခွင်ရှာညှိတဲ့အနေနဲ့ တရုတ်တိုက်လေယာဉ်တွေကို ဝယ်ယူတာဖြစ်တယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Sheikh Rasheed Ahmad က ပြောဆိုခဲ့ပြီးနောက် စစ်ဖက်ပြောခွင့်ရှိသူ ဗိုလ်ချုပ် Babar Iftikhar က ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါပေမယ့်လည်း J-10 တိုက်လေယာဉ်ဘယ်နှစ်စီးဝယ်ယူထားတယ်ဆိုတာကိုတော့ သူကပြောဆိုဖို့ ငြင်းဆိုပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ပြင်သစ်နိုင်ငံလုပ် တိုက်လေယာဉ် ၃၆ စင်းဝယ်ယူဖို့ ၂ဝ၁၅ ခုနှစ်က ကန်ထရိုက်ပေးခဲ့ကြောင်းနဲ့ အဲဒီအထဲက ၂၆ စင်းရရှိထားပြီလို့ အိန္ဒိယအငယ်တန်း ကာကွယ်ရေးဝန်ကြီး Ajay Bhatt က သတင်းသမားတွေကို ပြီးခဲ့တဲ့ ဂျူလိုင်လက ပြောခဲ့ပါတယ်။ အဲဒီနောက်ကျန်သေးတဲ့ လေယာဉ်တွေလည်း ၂ဝ၂၁ နှစ်ကုန်မှာ ရရှိလိမ့်မယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်



{{Unicode}}





XS
SM
MD
LG