သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဖဂန္နယ္စပ္ ျခံစည္း႐ိုးကာရံေရး ပါကစၥတန္ ဆက္လုပ္ဖို႔ ပိုင္းျဖတ္


မွတ္တမ္း႐ုပ္ပံု - အာဖဂန္နဲ႔ နယ္စပ္ ပါကစၥတန္ ႏိုင္ငံ ေျမာက္ပိုင္း ဝါဇီရစၥတန္ ျပည္နယ္က နယ္စပ္ ျခံစည္႐ိုးနား ကင္းေစာင့္ေနတဲ႔ စစ္သားတဦး။ ေအာက္တိုဘာလ ၁၈၊ ၂၀၁၇။

(Zawgyi/ Unicode)

ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္ၾကား လံုျခံဳေရး ျခံစည္႐ိုး ကာရံ ေနတာေၾကာင့္ ျဖစ္လာရတဲ႔ မေက်လည္မႈ တခ်ိဳ႕ကို ေျဖရွင္းႏိုင္ေရး သံတမန္ေရး လမ္းေၾကာင္းကေန တာလီဘန္ အုပ္ခ်ဳပ္သူေတြနဲ႔ ဆက္သြယ္ ေဆာင္ရြက္ေနေၾကာင္း ပါကစၥတန္က တနလာၤေန႔မွာ ေျပာပါတယ္။

ကီလိုမီတာ ၂,၆၀၀ - မိုင္ ၁၆၀၀ ေက်ာ္ ေလာက္ရွိတဲ႔ အာဖဂန္နစၥတန္နဲ႔ နယ္စပ္မွာ ပါကစၥတန္ဘက္က ျခံစည္း႐ိုး ကာတာကို ဆက္လုပ္မွာ ျဖစ္ၿပီး ပါကစၥတန္ရဲ႕ အက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔ ပိုင္းျဖတ္ထားေၾကာင္း အစၥလာမၼာဘတ္မွာ လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲမွာ ႏိုင္ငံျခားေရး ၀န္ႀကီး Shah Mehmood Qureshi က ေျပာပါတယ္။

ပါကစၥတန္ဘက္က ျခံစည္း႐ိုး တည္ေဆာက္မႈကို တာလီဘန္ နယ္ျခားေစာင့္ တပ္ဖြဲ႔ေတြဘက္က လတ္တေလာ တားျမစ္ဖို႔ ႀကိဳးပမ္းမႈကို ပါကစၥတန္ ႏိုင္ငံျခားေရး ၀န္ႀကီးက တုံ႔ျပန္ ေျပာဆိုတာ ျဖစ္ပါတယ္။ ျခံစည္း႐ိုး တခ်ိဳ႕ကို အာဖဂန္ဘက္က ဖ်က္စီးလိုက္တဲ႔ သီတင္းပတ္ကုန္ပိုင္းေလာက္မွာ ႏွစ္ဘက္ မေက်လည္မႈ ျဖစ္ခဲ႔တဲ႔ အေနအထား ရွိပါတယ္။

ပါကစၥတန္ ႏိုင္ငံျခားေရး ၀န္ႀကီး Qureshi ကေတာ့ အာဖဂန္ဟာ ရင္းႏွီးတဲ႔ အိမ္နီးခ်င္း ျဖစ္ေၾကာင္း၊ မေက်မလည္ ျဖစ္တာေတြ ေပၚလာရတာနဲ႔ အတူဘဲ သူတို႔နဲ႔ ဆက္သြယ္ ေဆာင္ရြက္ေနေၾကာင္းနဲ႔ သံတမန္ေရး လမ္းေၾကာင္းေတြကေန တဆင့္ ေျဖရွင္းႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

Durand Line နယ္ျခားမ်ဥ္း တေလွ်ာက္မွာ ပါကစၥတန္ဘက္က သံဆူးႀကိဳးေတြ ကာရံခြင့္ မရွိေၾကာင္းနဲ႔ နယ္စပ္မ်ဥ္းရဲ႕ တဖက္တခ်က္က မ်ိဳးႏြယ္စုေတြကို ခြဲျခားခြင့္လည္း မရွိေၾကာင္း တာလီဘန္ ကာကြယ္ေရး ၀န္ႀကီးဌာန ေျပာခြင့္ရက တနဂၤေႏြေန႔မွာ ေျပာဆိုၿပီး ပါကစၥတန္ဘက္က ျခံစည္း႐ိုး ကာရံတဲ႔ အစီအစဥ္ကို ေ၀ဖန္ခဲ႔ပါတယ္။ ၿဗိတိန္ ကိုလိုနီေခတ္ ၁၈၉၃ ခုႏွစ္က သေဘာတူညီခ်က္နဲ႔ ရရွိခဲ႔တဲ႔ Durand Line နယ္ေျမ ပိုင္းျခားမႈကို အာဖဂန္ အစိုးရ အဆက္ဆက္ အျငင္းပြားေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

အာဖဂန်နယ်စပ် ခြံစည်းရိုးကာရံရေး ပါကစ္စတန် ဆက်လုပ်ဖို့ ပိုင်းဖြတ်

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား လုံခြုံရေး ခြံစည်ရိုး ကာရံ နေတာကြောင့် ဖြစ်လာရတဲ့ မကျေလည်မှု တချို့ကို ဖြေရှင်းနိုင်ရေး သံတမန်ရေး လမ်းကြောင်းကနေ တာလီဘန် အုပ်ချုပ်သူတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်း ပါကစ္စတန်က တနလာၤနေ့မှာ ပြောပါတယ်။

ကီလိုမီတာ ၂,၆၀၀ - မိုင် ၁၆၀၀ ကျော် လောက်ရှိတဲ့ အာဖဂန်နစ္စတန်နဲ့ နယ်စပ်မှာ ပါကစ္စတန်ဘက်က ခြံစည်းရိုး ကာတာကို ဆက်လုပ်မှာ ဖြစ်ပြီး ပါကစ္စတန်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ပိုင်းဖြတ်ထားကြောင်း အစ္စလာမ္မာဘတ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး Shah Mehmood Qureshi က ပြောပါတယ်။

ပါကစ္စတန်ဘက်က ခြံစည်းရိုး တည်ဆောက်မှုကို တာလီဘန် နယ်ခြားစောင့် တပ်ဖွဲ့တွေဘက်က လတ်တလော တားမြစ်ဖို့ ကြိုးပမ်းမှုကို ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးက တုံ့ပြန် ပြောဆိုတာ ဖြစ်ပါတယ်။ ခြံစည်းရိုး တချို့ကို အာဖဂန်ဘက်က ဖျက်စီးလိုက်တဲ့ သီတင်းပတ်ကုန်ပိုင်းလောက်မှာ နှစ်ဘက် မကျေလည်မှု ဖြစ်ခဲ့တဲ့ အနေအထား ရှိပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Qureshi ကတော့ အာဖဂန်ဟာ ရင်းနှီးတဲ့ အိမ်နီးချင်း ဖြစ်ကြောင်း၊ မကျေမလည် ဖြစ်တာတွေ ပေါ်လာရတာနဲ့ အတူဘဲ သူတို့နဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်းနဲ့ သံတမန်ရေး လမ်းကြောင်းတွေကနေ တဆင့် ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

Durand Line နယ်ခြားမျဉ်း တလျှောက်မှာ ပါကစ္စတန်ဘက်က သံဆူးကြိုးတွေ ကာရံခွင့် မရှိကြောင်းနဲ့ နယ်စပ်မျဉ်းရဲ့ တဖက်တချက်က မျိုးနွယ်စုတွေကို ခွဲခြားခွင့်လည်း မရှိကြောင်း တာလီဘန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက တနင်္ဂနွေနေ့မှာ ပြောဆိုပြီး ပါကစ္စတန်ဘက်က ခြံစည်းရိုး ကာရံတဲ့ အစီအစဉ်ကို ဝေဖန်ခဲ့ပါတယ်။ ဗြိတိန် ကိုလိုနီခေတ် ၁၈၉၃ ခုနှစ်က သဘောတူညီချက်နဲ့ ရရှိခဲ့တဲ့ Durand Line နယ်မြေ ပိုင်းခြားမှုကို အာဖဂန် အစိုးရ အဆက်ဆက် အငြင်းပွားနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG