သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကို အမေရိကန် ထောက်ပံ့မှု သန်း ၂ ထောင်ရပ်


Pakistan US Military aid
Pakistan US Military aid

ပါကစ္စတန်နိုင်ငံအပေါ် ထောက်ပံ့ကူညီမှုတွေ ရပ်ပြစ်ဖို့အတွက် အထက်လွှတ်တော်မတ် Rand Paul ရဲ့ Twitter ပေါ်ကရေးသားချက်ကို သမ္မတ Trump က ဒါကောင်းတဲ့ အကြံအဉာဏ်ပဲလို့ မနေ့ သောကြာနေ့ နှောင်းပိုင်းက လူမှုကွန်ယက် Twitter ပေါ်မှာ ပြန်လည်တုန့်ပြန်လိုက် ရေးသားလိုက်ပါတယ်။

လာမယ့်ရက်ပိုင်းတွေတွင်း ပါကစ္စတန်အပေါ် ပေးနေတဲ့ ထောက်ပံ့ကူညီမှုအဆုံးသတ်ရေး မူကြမ်းတရပ်ကို အဆိုတင်သွင်းသွားမှာဖြစ်ကြောင်း၊ သူတင်သွင်းမယ့် မူကြမ်းကြောင့် ပါကစ္စတန်နိုင်ငံဆီကိုပေးနေတဲ့ငွေတွေကို ပြန်ပြီးရယူနိုင်မှာဖြစ်ပြီး၊ ပြည်တွင်းအခြေခံအဆောက်အအုံ လုပ်ငန်းတွေဖြစ်တဲ့ လမ်းနဲ့ တံတား ဆောက်လုပ်ရေးတွေမှာ အသုံးပြုသွားနိုင်မှာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် Paul က twitter ပေါ်မှာ ရေးသား ခဲ့တာပါ။

ပါကစ္စတန်ကို ပေးနေတဲ့ စစ်တပ်ရေးအထောက်အပံ့တွေကို ကန့်သတ်သွားမယ်လို့ သမ္မတ Trump အစိုးရအဖွဲ့က ကြာသာပတေးနေ့မှာ ကြေညာခဲ့ပြီး အာဖဂန် တာလီဘန်နဲ့ Haqqani အကြမ်းဖက်အဖွဲ့ကွန်ယက်တွေကို တိုက်ခိုက် ဖြိုခွင်းသွားမယ်လို့ ပါကစ္စတန်က ပြတ်သားတဲ့ ဆုံးဖြတ်ချက်မချမချင်း ပါကစ္စတန်အပေါ် ထောက်ပံ့ကူညီမှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ပါတယ်။

ထောက်ပံ့ ကူညီမှုတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် စစ်ရေး အသုံးအဆောင် ပစ္စည်းတွေအတွက် ဒေါ်လာ ၁ ဘီလယံ အပေါ် သက်ရောက်မှု ရှိစေမှာဖြစ်သလို အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး လုပ်ငန်းလည်ပတ်မှုတွေအတွက် ဒေါ်လာ သန်း ၉၀၀ အပေါ်မှာလည်း သက်ရောက်မှုရှိစေမှာဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတွေက မနေ့ သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ကျနော်တို့ရဲ့ တောင်းဆိုချက် တွေကို အလေးအနက် လိုက်နာကြောင်းပြသဖို့ ပါကစ္စတန်ဘက်က အချိန်အပြည့်အဝရရှိခဲ့ကြောင်း၊ အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူတဦးက သောကြာနေ့မှာပြောဆိုခဲ့ပြီး၊ ကျနော်တို့အနေနဲ့ ဘာတွေကို မျှော်လင့်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်ပေမယ့် စိတ်မကောင်းစွာပဲ ကျနော်တို့ လိုလားတဲ့ အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်ချက်မျိုးကို မတွေ့ခဲ့ရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်ကို အမေရိကန် ထောက်ပံ့မှု သန်း ၂ ထောင်ရပ်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG