သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သမ္မတဟောင်း Park Geun-hye ကို ဖမ်းဆီး


တောင်ကိုရီးယား သမ္မတဟောင်း Park Geun-hye ကို ဖမ်းဆီး

ဖြုတ်အချ ခံခဲ့ရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း Park Geun-hye ကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတွေ ကျူးလွန်ခဲ့တယ် လို့စွပ်စွဲပြီး သောကြာနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

မစ္စ Park ကို လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားလုပ်မှု၊ အကျပ်ကိုင်မှုနဲ့ အစိုးရ လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှု တွေနဲ့ စွဲချက်တင်ပြီး အဆိုးလ်မြို့တော် တရားရုံး တရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်မြို့တရားရုံးမှာ အချိန်အတော်ကြာ ကြားနာမှု အပြီး ကြာသပတေးနေ့က အခုလို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မစ္စ Park ရဲ့ သူငယ်ချင်းဖြစ်သူက စီးပွါးရေးလုပ်ငန်းရှင်တွေ ဆီက ငွေယူပြီး သူမရဲ့နိုင်ငံရေးအကျိုးအမြတ်ရအောင် လုပ်ဆောင်မှုကို မစ္စ Parkက ခွင့်ပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အခုလို စွပ်စွဲမှုတွေဟာ မမှန်ကန်ကြောင်း သူမက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့ သူမမှာ အပြစ်ရှိကြောင်း တွေ့ခဲ့ရင်တော့ ကျသင့်တဲ့အပစ်ဒဏ်ကို ခံယူမှာ ဖြစ်ကြောင်း မနှစ်ကပဲ ကတိပေးပြောကြားခဲ့တာပါ။

မစ္စ Park ဟာ တောင်ကိုရီးယား သမ္မတဟောင်းတွေထဲမှာ ရာဇဝတ်ပစ်မှုတွေနဲ့ အဖမ်းခံရတဲ့ တတိယမြောက် သမ္မတဟောင်း ဖြစ်တယ်လို့ တောင်ကိုရီးယား Yonhap သတင်းမှာ ဖေါ်ပြပါတယ်။ တောင်ကိုရီးယား ဖွဲ့စည်းပုံခုံရုံးကနေ မတ်လ ၁၀ ရက် မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့ နောက်မှာ သူမကို ရာထူးက ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ သမ္မတသစ်ရွေးကောက်ပွဲကိုတော့ မေလ ၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မစ္စ Park ရဲ့ မိတ်ဆွေ Choi Soon-sil ကိုတော့ နိုင်ငံတော်ရဲ့ အရေးကိစ္စတွေမှာ မတော်သြဇာလွှမ်းမိုးဖို့ လုပ်ဆောင်တယ်ဆိုတဲ့ သံသယရှိမှုနဲ့ မနှစ်က အောက်တိုဘာလထဲမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတဟောင်း Park Geun-hye ကို ဖမ်းဆီး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG