သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူးကဖယ်ရှားခံရတဲ့ ကိုရီးယားသမ္မတ လူထုကို တောင်းပန်


တောင်ကိုရီးယားမှာတော့ ရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ သမ္မတ Park Geun-hye ဒီနေ့ တရားရုံးမှာ လာဘ်စားမှုနဲ့ စစ်ဆေးခံခဲ့ရပြီးပြည်သူတွေကို ပထမဆုံး တောင်းပန် လိုက်ပါတယ်။

တောင်ကိုးရီးယားမှာ ပထမဆုံး ရာထူးကထုတ်ပယ်ခံရတဲ့ ရွေးကောက်ခံ သမ္မတ Park အနေနဲ့ တရားရုံးကို ရောက်လာချိန်မှာ “ပြည်သူတွေအတွက် ကျွန်မ ဝမ်းနည်းမိပါတယ်” လို့ တောင်းပန်လိုက်ပါတယ်။

တောင်ကိုရီးယား ဖွဲ့စည်းပုံခုံရုံးကနေ ဒီလအစောပိုင်းမှာ ရာထူးကပယ်ချခံခဲ့ရတဲ့ သမ္မတ Park က တရားဥပဒေရှေ့မှောက်မှာ သစ္စာရှိရှိ အစစ်အဆေးခံမှာပါလို့ ဆက်ပြောခဲ့ပါတယ်။

သမ္မတဟောင်း Park အနေနဲ့ သူနဲ့ ရေရှည်တွဲလာခဲ့တဲ့ သူငယ်ချင်း Choi Soon-sil နဲ့ပေါင်းပြီး ကုမ္ပဏီတွေအနေနဲ့ မျက်နှာသာရဖို့ သူနဲ့နီးစပ်တဲ့ ဖောင်ဒေးရှင်းအဖွဲ့တွေကို အမေရိကန်ဒေါ်လာ သန်း ၇၀ အလှူငွေထည့်ပေးဖို့ ဖိအားပေးခဲ့တယ်လို့ လွှတ်တော် အမတ်တွေက စွပ်စွဲခဲ့အပြီးခုလို ရာထူးကထုတ်ပယ်ခံရတာပါ။

သမ္မတဟောင်း Park အနေနဲ့ ငွေမတရားတောင်းမှု၊ လာဘ်စားမှုနဲ့ အခြား ရာဇဝတ်ပြစ်မှုတွေနဲ့ တရားစွဲခံရဖို့ ရှိနေပါတယ်။ ဒါပေမယ့် သူကတော့ ဒီပြစ်မှုတွေ အားလုံးကို ငြင်းဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားမှာ အခြားလူသိများတဲ့သူတွေကိုလည်း တရားစွဲ ထားရာမှာ နာမည်ကြီး Samsung လျှပ်စစ်ပစ္စည်း ကုမ္ပဏီ အကြီးအကဲ Lee Jae-yong လည်း ပါပါတယ်။

တောင်ကိုးရီးယားမှာ စီးပွားရေးအပြောင်းအလဲတွေလုပ်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်ဟောင်း Park Chung-hee ရဲ့ သမီးဖြစ်တဲ့ သမ္မတဟောင်း Park ပြုတ်သွား တာကြောင့် သမ္မတသစ်ရွေးကောက်ပွဲတွေကို မေလ ၉ ရက်နေ့မှာလုပ်ဖို့ ကြေညာထားပါတယ်။

ရာထူးကဖယ်ရှားခံရတဲ့ ကိုရီယားသမ္မတ လူထုကို တောင်းပန်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG