သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူၿမိဳ႕နယ္တြင္း စစ္ေဘးေရွာင္ေတြရဲ႕ရိကၡာေတြအလုခံရ


ကန္႔ဘလူျမဳိ႕နယ္ (Photo : C J )

[[Zawgyi/Unicode]]

ကန္႔ဘလူၿမိဳ႕နယ္တြင္း စစ္ေဘးေရွာင္ေတြရဲ႕ရိကၡာေတြအလုခံရ

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ ကိုးေထာင္ဘို႔ရြာမွာ တပ္စြဲစခန္းခ်ေနတဲ့ ျမန္မာစစ္တပ္ဟာ ေဒသတြင္းက စစ္ေဘးေရွာင္ေတြရဲ႕ရိကၡာေတြကိုလုယူတာ မၾကာမၾကာျဖစ္လာတယ္လို႔ ေဒသခံစစ္ေရွာင္ေတြက ေျပာပါတယ္။ ဒီသတင္းအျပည့္အစုံ သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပေပးထားပါတယ္။

ကန႔္ဘလူၿမိဳ႕နယ္ ကိုးေထာင္ဘို႔႐ြာမွာ တပ္စြဲထားတဲ့ ျမန္မာစစ္ေကာင္စီတပ္ဟာ ကိုးေထာင္ဘို႔တိုက္နယ္အတြင္းမွာရွိတဲ့ ေက်း႐ြာေတြကို မၾကာခဏ နယ္ေျမရွင္းလင္းဝင္ၿပီး ႐ြာေတြကိုမီးရႈိ႕တာနဲ႔ ေဒသခံေတြကိုဖမ္းဆီးတာမ်ိဳးေတြလုပ္ေလ့ရွိတာေၾကာင့္ ေဒသခံေတြဟာ ‌‌ေက်း႐ြာေတြမွာမေနရဲဘဲ ေတာထဲမွာေရွာင္ပုန္းေနၾကရတာ တႏွစ္နီးပါးရွိေနပါၿပီ။ ကိုးေထာင္ဘို႔႐ြာမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္ဟာ စစ္ေျပးဒုကၡသည္ေတြေနတဲ့ ေနရာေတြကို စစ္ေၾကာင္းထိုးဝင္ေရာက္ၿပီး စစ္ေရွာင္ေတြသိုေလွာင္ထားတဲ့ ရိကၡာေတြကို လုယူတာလာတယ္လို႔ စစ္ေရွာင္ေတြကို အကူအညီေပးေနသူတဦးက ေျပာပါတယ္။

"ဒီေန႔ က်ေနာ္တို႔ဘက္ စစ္ေၾကာင္းထိုးလို႔၊ အင္အား ၆၀ ေက်ာ္ စစ္ေၾကာင္းထိုးတယ္။ ဘုန္းႀကီးေက်ာင္းေတြကို ဝင္ၿပီးေတာ့မွ မၾကာပါဘူး ျပန္ထြက္သြားတယ္။ ေတာေက်ာင္းေဆာက္ထားတဲ့ စာသင္ေက်ာင္းေလးေတြနဲ႔ ဘုန္းႀကီးေက်ာင္းနဲ႔ က်ေနာ္တို႔ အဲ့နားေလးက စစ္ေရွာင္ေနတဲ့ ျပည္သူ႔ တဲ ၄၊ ၅၊ ၆ လုံး ေလာက္ေတာ့ ဝင္သြားတယ္။ ေလွ်ာ္ျဖဴကုန္းစစ္ေဘးေရွာင္ေတြေနတဲ့ တဲတိုက္ေတြကို ထိုးတာပါ။ အဲ့မွာ က်ေနာ္တို႔ ဒီ ေလွ်ာ္ျဖဴကုန္းက ဘုန္းႀကီးေက်ာင္းကလည္း ႐ြာေက်ာင္းမွာ မေနရေတာ့ ေတာေက်ာင္းေဆာက္ထားတာဆိုေတာ့ အဲ့ ေတာေက်ာင္းမွာ စားနပ္ရိကၡာ စုေဆာင္းထားသလို ျဖစ္ေနတာဆိုေတာ့ အဲ့ဒီကို လာလာၿပီးေတာ့ ထမ္းသြားတယ္။ ဒါပါဆိုရင္ အဲ့ဒီ ဘုန္းႀကီးေက်ာင္းကို သူတို႔ တည္သြားတာ ၂ ခ်ီရွိၿပီ။"

ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြက ကိုးေထာင္ဘို႔တိုက္နယ္အတြင္းက ေက်း႐ြာေတြကို ပိတ္ဆို႔ထားတဲ့ အေျခအေနေၾကာင့္ ျမန္မာစစ္တပ္က ရိကၡာက်ပ္တည္းလာၿပီး အခုလို ဒုကၡသည္ေတြရဲ႕ ရိကၡာကို လုယူတာမ်ိဳးျဖစ္လာတာလို႔ စစ္ေရွာင္ေတြကို ကူညီ‌ေပးေနသူက ေျပာျပပါတယ္။

"ေလာေလာဆယ္ကေတာ့ ဒီနားပတ္ခ်ာလည္မွာ ကိုးေထာင္ဘို႔တိုက္နယ္ ၅ ႐ြာ၊ အဲ့ ၅ ႐ြာကို ေဘးကခ်ဳပ္ပိတ္ထားတဲ့အတြက္ (စကစ က) စားနပ္ရိကၡာလည္း နည္းနည္းက်ပ္တည္းတဲ့ သေဘာရွိတယ္ဗ်။ ကိုးေထာင္ဘို႔နဲ႔ အနီးတဝိုက္ စကစ ကုန္းထိုင္ထားတဲ့ ေနရာနားနီးက ၅ ႐ြာ ဒီဘက္ကေနမွ အကုန္ခ်ဳပ္ပိတ္ထားတာဆိုေတာ့ လမ္းေၾကာေလးက ဒီအေနာက္ဘက္က တလမ္းေလးပဲဖြင့္ထားတာဆိုေတာ့ အဲ့လမ္းေၾကာကိုပဲ ဆန္ထြက္ ထြက္ခဲ့တဲ့ သေဘာရွိတယ္။"

ျမန္မာစစ္တပ္က ဒုကၡသည္ေတြရဲ႕ ရိကၡာေတြကို မၾကာမၾကာ အခုလို လုယူတဲ့အျဖစ္အပ်က္ေတြေၾကာင့္ စစ္ေျပးဒုကၡသည္ေတြအတြက္ စားေသာက္ေရး အခက္အခဲရွိလာတယ္လို႔လည္း ေျပာပါတယ္။

" ဒီတေခါက္ကေတာ့ မပါသြားဘူးဗ်။ ေရွ႕ကေနကင္းခ်ၿပီးေတာ့ ေတာက္ေလွ်ာက္ ျပည္သူကို ထုတ္ႏိုင္လိုက္တယ္။ အခုက်ေတာ့ အရင္ကလို အသံေတြဘာေတြထြက္ၿပီး ပစ္ၿပီးေတာ့ မလာေတာ့ဘူး။ တိတ္တိတ္လာေတာ့တာ။ ႐ြာေတြမွာလည္း က်ေနာ္တို႔ဘက္မွာက ကိုးေထာင္ဘို႔ အေနာက္ဘက္ျခမ္းမွာ က်ေနာ္တို႔ ႐ြာေတြဘက္မွာက စကတည္းက ေလ်ာ္ျဖဴကုန္းကေတာ့ မီးရႈိ႕ထားတာဆိုေတာ့ ႐ြာကိုဝင္ရင္လည္း သူတို႔က မရေတာ့ဘူးေလ။ လူေတြလည္း မေနေတာ့ဘူး၊ ႐ြာထဲမွာ ေတာေတြေတာင္ ထေနၿပီ။ ခုေလာေလာဆယ္လည္း ဒါ ျပည္သူေတြတိမ္းေရွာင္တဲ့တဲေတြမွာ ထမ္းပိုးၿပီးေတာ့ သြားတာေပါ့၊ ရွိတဲ့ပစၥည္းအကုန္ရွာၿပီးေတာ့မွ ယူတာ၊ ငပိ ဆီ ဆားေတြ႔ရင္ ငပိ ဆီ ဆား၊ ဆန္ေတြ႔ရင္ ဆန္။ သူတို႔က အကုန္ထမ္းသြားတာ။"

စစ္တပ္ရဲ႕နယ္ေျမရွင္းလင္းေရးထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကိုအေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========================

[[Unicode]]

ကန့်ဘလူမြို့နယ်တွင်း စစ်ဘေးရှောင်တွေရဲ့ရိက္ခာတွေအလုခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ရွာမှာ တပ်စွဲစခန်းချနေတဲ့ မြန်မာစစ်တပ်ဟာ ဒေသတွင်းက စစ်ဘေးရှောင်တွေရဲ့ရိက္ခာတွေကိုလုယူတာ မကြာမကြာဖြစ်လာတယ်လို့ ဒေသခံစစ်ရှောင်တွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ရွာမှာ တပ်စွဲထားတဲ့ မြန်မာစစ်ကောင်စီတပ်ဟာ ကိုးထောင်ဘို့တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို မကြာခဏ နယ်မြေရှင်းလင်းဝင်ပြီး ရွာတွေကိုမီးရှို့တာနဲ့ ဒေသခံတွေကိုဖမ်းဆီးတာမျိုးတွေလုပ်လေ့ရှိတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေမှာမနေရဲဘဲ တောထဲမှာရှောင်ပုန်းနေကြရတာ တနှစ်နီးပါးရှိနေပါပြီ။ ကိုးထောင်ဘို့ရွာမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ဟာ စစ်ပြေးဒုက္ခသည်တွေနေတဲ့ နေရာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်ရှောင်တွေသိုလှောင်ထားတဲ့ ရိက္ခာတွေကို လုယူတာလာတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

"ဒီနေ့ ကျနော်တို့ဘက် စစ်ကြောင်းထိုးလို့၊ အင်အား ၆၀ ကျော် စစ်ကြောင်းထိုးတယ်။ ဘုန်းကြီးကျောင်းတွေကို ဝင်ပြီးတော့မှ မကြာပါဘူး ပြန်ထွက်သွားတယ်။ တောကျောင်းဆောက်ထားတဲ့ စာသင်ကျောင်းလေးတွေနဲ့ ဘုန်းကြီးကျောင်းနဲ့ ကျနော်တို့ အဲ့နားလေးက စစ်ရှောင်နေတဲ့ ပြည်သူ့ တဲ ၄၊ ၅၊ ၆ လုံး လောက်တော့ ဝင်သွားတယ်။ လျှော်ဖြူကုန်းစစ်ဘေးရှောင်တွေနေတဲ့ တဲတိုက်တွေကို ထိုးတာပါ။ အဲ့မှာ ကျနော်တို့ ဒီ လျှော်ဖြူကုန်းက ဘုန်းကြီးကျောင်းကလည်း ရွာကျောင်းမှာ မနေရတော့ တောကျောင်းဆောက်ထားတာဆိုတော့ အဲ့ တောကျောင်းမှာ စားနပ်ရိက္ခာ စုဆောင်းထားသလို ဖြစ်နေတာဆိုတော့ အဲ့ဒီကို လာလာပြီးတော့ ထမ်းသွားတယ်။ ဒါပါဆိုရင် အဲ့ဒီ ဘုန်းကြီးကျောင်းကို သူတို့ တည်သွားတာ ၂ ချီရှိပြီ။"

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကိုးထောင်ဘို့တိုက်နယ်အတွင်းက ကျေးရွာတွေကို ပိတ်ဆို့ထားတဲ့ အခြေအနေကြောင့် မြန်မာစစ်တပ်က ရိက္ခာကျပ်တည်းလာပြီး အခုလို ဒုက္ခသည်တွေရဲ့ ရိက္ခာကို လုယူတာမျိုးဖြစ်လာတာလို့ စစ်ရှောင်တွေကို ကူညီ‌ပေးနေသူက ပြောပြပါတယ်။

"လောလောဆယ်ကတော့ ဒီနားပတ်ချာလည်မှာ ကိုးထောင်ဘို့တိုက်နယ် ၅ ရွာ၊ အဲ့ ၅ ရွာကို ဘေးကချုပ်ပိတ်ထားတဲ့အတွက် (စကစ က) စားနပ်ရိက္ခာလည်း နည်းနည်းကျပ်တည်းတဲ့ သဘောရှိတယ်ဗျ။ ကိုးထောင်ဘို့နဲ့ အနီးတဝိုက် စကစ ကုန်းထိုင်ထားတဲ့ နေရာနားနီးက ၅ ရွာ ဒီဘက်ကနေမှ အကုန်ချုပ်ပိတ်ထားတာဆိုတော့ လမ်းကြောလေးက ဒီအနောက်ဘက်က တလမ်းလေးပဲဖွင့်ထားတာဆိုတော့ အဲ့လမ်းကြောကိုပဲ ဆန်ထွက် ထွက်ခဲ့တဲ့ သဘောရှိတယ်။"

မြန်မာစစ်တပ်က ဒုက္ခသည်တွေရဲ့ ရိက္ခာတွေကို မကြာမကြာ အခုလို လုယူတဲ့အဖြစ်အပျက်တွေကြောင့် စစ်ပြေးဒုက္ခသည်တွေအတွက် စားသောက်ရေး အခက်အခဲရှိလာတယ်လို့လည်း ပြောပါတယ်။

" ဒီတခေါက်ကတော့ မပါသွားဘူးဗျ။ ရှေ့ကနေကင်းချပြီးတော့ တောက်လျှောက် ပြည်သူကို ထုတ်နိုင်လိုက်တယ်။ အခုကျတော့ အရင်ကလို အသံတွေဘာတွေထွက်ပြီး ပစ်ပြီးတော့ မလာတော့ဘူး။ တိတ်တိတ်လာတော့တာ။ ရွာတွေမှာလည်း ကျနော်တို့ဘက်မှာက ကိုးထောင်ဘို့ အနောက်ဘက်ခြမ်းမှာ ကျနော်တို့ ရွာတွေဘက်မှာက စကတည်းက လျော်ဖြူကုန်းကတော့ မီးရှို့ထားတာဆိုတော့ ရွာကိုဝင်ရင်လည်း သူတို့က မရတော့ဘူးလေ။ လူတွေလည်း မနေတော့ဘူး၊ ရွာထဲမှာ တောတွေတောင် ထနေပြီ။ ခုလောလောဆယ်လည်း ဒါ ပြည်သူတွေတိမ်းရှောင်တဲ့တဲတွေမှာ ထမ်းပိုးပြီးတော့ သွားတာပေါ့၊ ရှိတဲ့ပစ္စည်းအကုန်ရှာပြီးတော့မှ ယူတာ၊ ငပိ ဆီ ဆားတွေ့ရင် ငပိ ဆီ ဆား၊ ဆန်တွေ့ရင် ဆန်။ သူတို့က အကုန်ထမ်းသွားတာ။"

စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

XS
SM
MD
LG