သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္႔ဘလူ စစ္ေရွာင္ေတြ ရိကၡာေဆးဝါး အခက္ၾကံဳ


ကန္႔ဘလူ စစ္ေရွာင္ေတြ ရိကၡာေဆးဝါး အခက္ၾကံဳ

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း ကန္႔ဘလူၿမိဳ႕နယ္က ေက်း႐ြာေတြမွာ စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ စစ္ေျပးဒုကၡသည္ေတြမွာ အခ်ိန္ၾကာလာတာနဲ႔အမွ် ရိကၡာနဲ႔ ေဆးဝါးလိုအပ္ခ်က္ေတြ ပိုမ်ားလာေနတယ္လို ေဒသခံေတြက ေျပာပါတယ္။ ေဒသတြင္းမွာ စစ္ေျပးဒုကၡသည္ တေသာင္းနီးပါးရွိေနၿပီး၊ ရိကၡာ ေဆးဝါးနဲ႔ ေနထိုင္စရာ အေရးေပၚလိုအပ္ခ်က္ေတြ တိုးလာေနတာပါ။ ရန္ကုန္ စုံစမ္းေမးျမန္းထားတဲ့သတင္း ကိုခင္ေမာင္စုိးမင္း က ေျပာျပပါမယ္။

ကန္႔ဘလူၿမိဳ႕နယ္ ကိုးေထာင္ဘို႔ တိုက္နယ္အတြင္း က ေက်း႐ြာ ၈ ႐ြာဟာ စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ ထြက္ေျပးေနၾကရၿပီး၊ စစ္ေၾကာင္းေတြရွိေနဆဲမို႔ ေက်း႐ြာကို ျပန္မဝင္ႏိုင္ဘဲ ေတာထဲမွာ ပုန္းခိုေနၾကရတာ ၆ လ ေက်ာ္ေလာက္ ၾကာေနပါၿပီ။ လက္ရွိမွာ ေဆးဝါး၊ ရိကၡာနဲ႔ ေနထိုင္စရာေတြ အေရးေပၚလိုအပ္ေနတယ္လို႔ စစ္ေရွာင္ေတြကို ကူညီေပးေနၾကသူေတြက ေျပာပါတယ္။ ႏိုဝင္ဘာ ၃၀ ရက္ေန႔က စစ္ေကာင္စီ စစ္ေၾကာင္းက ေဇာ္ေခ်ာင္းေက်း႐ြာကို ၆ ႀကိမ္ေျမာက္အျဖစ္ မီးရႈိ႕ခဲ့ၿပီး အိမ္ေျခ ၂၀၄ လုံးရွိတဲ့ထဲက ၁၆၅ လုံး မီးေလာင္ဆုံးရႈံးထားၿပီးျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

“ ရက္သတၱပတ္မွာ အနည္းဆုံး ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ေပါ့ေနာ္ ။ စစ္ေၾကာင္းထိုးဝင္ေရာက္ၿပီးေတာ့မွ ဒီလိုမ်ိဳး ျပည္သူ႔ေနအိမ္ေတြကို အေၾကာင္းမဲ့ မီးရႈိ႕တာမ်ိဳးေတြလုပ္တယ္။ လုပ္တဲ့ခါက်ေတာ့ ၂၇၊ ၂၈၊ ၂၉ သုံးရက္တိုင္တိုင္ သင္ေတာမွာ တပ္စြဲတယ္။ တပ္စြဲၿပီးေတာ ၃၀ ရက္ေန႔မွာပဲ ေဇာေခ်ာင္းေက်း႐ြာကို သူတို႔ထြက္သြားတယ္။ ေဇာ္ေခ်ာင္းေက်း႐ြာကို မီးရႈိတယ္ ။ သူတို႔က အဲ့ဒီမွာ အမ်ားပိုင္ ျပည္သူ႔အေဆာက္အဦးျဖစ္တဲ့ မီးရထားဘူတာကိုလည္း သူတို႔က မီးရႈိ႕တယ္။ ဝန္ထမ္းအိမ္ယာေတြကိုလည္း မီးရႈိ႕တယ္။ အဲ့ဒီကေန တဆင့္ထြက္ခြာသြားၿပီးေတာ့ မိႆလင္ကုန္း႐ြာကိုလည္း မိးရႈိ႕တယ္ေပါ့ေနာ္ ။ ကိုးေထာင္ဘို႔ နဲ႔ ခ်ိတ္ဆက္တဲ့ ေက်း႐ြာေတြ စုစုေပါင္း ၈ ႐ြာေပါ့ေနာ္ ။ ဒီ ၈ ႐ြာက ၆ လေက်ာ္ေလာက္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ အေနအထားရွိတယ္ေပါ့ေနာ္ ”

ကန္႔ဘလူနယ္က စစ္ေရွာင္ေတြဟာ ေတာထဲမွာ ေႁမြအႏၲရာယ္ မၾကာခဏ ႀကဳံေတြ႕ရတတ္တာေၾကာင့္ ေႁမြဆိပ္ေျဖေဆးေတြလည္း လိုအပ္ေနတယ္လို႔ ကန္႔ဘလူၿမိဳ႕နယ္ ကိုးေထာင္ဘို႔ တိုက္နယ္အတြင္းက စစ္ေရွာင္ေတြကို ကူညီေပးေနသူတစ္ဦးက VOA ကို ေျပာပါတယ္။

“စစ္ေရွာင္တဲ့ ယာယီတဲေတြကို ကြၽန္ေတာ္တို႔က ေတာေတြ ေတာင္ေတြထဲမွာကြၽန္ေတာ္တို႔က ေဆာက္ထားတာေပါ့ေနာ္။ လုံေလာက္တဲ့ အေနအထားမရွိဘူးဗ်၊ စစ္ေရွာင္ အေရအတြက္က အရမ္းျမင့္တက္လာတာဆိုေတာ့။ အဲ့အတြက္ေၾကာင့္ မိုးကာေတြ အေရးတႀကီး လိုအပ္တယ္ေပါ့ေနာ္။ ေနာက္တစ္ခ်က္ ေဆးဝါးေပါ့။ ေဆးဝါးဆိုတဲ့ အေနအထားမွာက ဘာလဲဆိုေတာ့ စစ္ေရွာင္ေတြအတြက္ ကြၽန္ေတာ္တို႔ ပိုးထိလူနာေတြလည္း ရွိတယ္ေလ။ အာဏာသိမ္းၿပီးတာရဲ႕ ေနာက္ဆက္တြဲေပါ့၊ ပိုးထိလူနာေတြက ၃၉ ဦးေလာက္ေပါ့ အဲေလာက္ ပိုးထိထားတယ္။ တစ္ေယာက္ဆိုရင္ ေႁမြဆိပ္ေျဖေဆး စုစုေပါင္း ၂၈ လုံးေလာက္ ထိုးရတဲ့ အေနအထားမ်ိဳးေပါ့ေနာ္။ အဲ့လိုဆိုတဲ့ခါက်ေတာ့ လူနာတစ္ေယာက္ရဲ႕ အေနအထားက ၁၀ သိန္းေက်ာ္ေက်ာ္ေလာက္ထိကို ကုန္က်တဲ့ အေနအထားမ်ိဳးရွိတယ္။ ေနာက္တခါ ေဆးဝါးက သက္ႀကီး႐ြယ္အိုေတြမွာ ကိုယ္ခံအားက်တဲ့ အေနအထားေတြရွိတယ္။ ဒီဟာေတြအတြက္ ကြၽန္ေတာ္တို႔က ေဆးဝါးကြၽမ္းက်င္ေတြနဲ႔ ဘယ္လိုေဆးေတြ ေကြၽးမလဲေပါ့၊ ေနာက္တခါ ကိုယ္ဝန္ေဆာင္မိခင္ သူတို႔ေတြမွာ အာဟာရ ခ်ိဳု႔တဲ့ေနတာမ်ဳိး ေဆးဝါးကေတာ့ အေတာ္ခက္ခဲတယ္ေပါ့။ အဓိကကေတာ့ စားဝတ္ေနေရးေပါ့၊ ဒုတိယအေနနဲ႔ ေဆးဝါးေပါ့။ အဲ့ေတာ့ မိုးကာရယ္၊ စားနပ္ရိကၡာရယ္၊ ေဆးဝါးရယ္ေပါ့ ၊ ဒါကေတာ့ အေရးေပၚလိုအပ္ေနတဲ့ အေနအထားေပါ့”

စစ္ေျပးဒုကၡသည္ေတြ ခိုေအာင္းေနရာေတြကို စစ္ေကာင္စီစစ္ေၾကာင္းေတြက ဝင္ေရာက္ နယ္ေျမရွင္းလင္းတာေတြ ဒီလပိုင္းေတြမွာ ပိုလုပ္လာတဲ့အတြက္၊ ထပ္မံ ေနရာေျပာင္းေ႐ြ႕ ထြက္ေျပးၾကရတာေတြ ရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေရွာင္တဲေတြကို မိးရႈိ႕တာ၊ စစ္ေရွာင္ ေဒသခံတခ်ိဳ႕ကို ဖမ္းဆီး သတ္ျဖတ္တာေတြလည္း လုပ္ေနတယ္လို႔ စစ္ေရွာင္ကူညီေပးသူတစ္ဦးက ခုလိုေျပာပါတယ္။

“၁၁ လပိုင္း ၃ ရက္ေန႔ေပါ့ေနာ္၊ အဲ့ဒီမွာ ဇီးကနားနဲ႔ ေလ်ာ္ျဖဴကုန္းေပါ့ေနာ္ အဲ့က စုစုေပါင္း ၁၈ ေယာက္ေလာက္ စစ္ေရွာင္ေဒသကေန သူတို႔ ဖမ္းဆိးသြားတယ္ေပါ့ေနာ္ ။ အဲ့ဒီမွာ ၁၄ ဦးကို သူတို႔က အေၾကာင္းမဲ့ေပါ့ေနာ္။ သူတို႔ကို အေၾကာင္းမဲ့ ဖမ္းဆီးၿပီးေတာ့ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္တယ္။ အဲ့ေနာက္မွာ စုၿပဳံၿပီးေတာ့ မီးရႈိ႕တဲ့ အေနအထားမ်ိဳးေတြ သူတို႔လုပ္တယ္ေပါ့ေနာ္ ။ ဂုံညႇင္းရႈိဖက္မွာဆိုရင္လည္း ၃ ေယာက္ဖမ္းသြားတယ္ ။ ဒီေန႔အခ်ိန္ထိ ျပန္မလြတ္ေသးဘူးေပါ့ေနာ္။ ဒါ ခမရ ၃၆၃ က ဖမ္းသြားတဲ့ အေနအထားေပါ့။ အဲ့ ၃ ေယာက္ကလည္း သတ္ပစ္လိုက္ၿပီလို႔ ကြၽန္ေတာ္တို႔ ၾကားေနရတဲ အေနအထားရွိတယ္။ အဲ့ဒါကို ကြၽန္ေတာ္တို႔ ေနာက္ဆက္တြဲ စုံစမ္းေနတယ္။ သူတို႔က အခု စစ္ေရွာင္တဲ ရွိတဲ့ အရပ္ေဒသကို တန္းထိုးတာ။ အဲ့ကမွ စစ္ေရွာင္တဲေတြ ရွိတဲ့ ဖက္ကမွ လွည့္လွည့္ၿပီး ထိုးသြားတယ္။ အေဆာက္အဦးေတြက အလ်ဥ္းသင့္သလို မီးရႈိ႕သြားတာ၊ စစ္ေရွာင္တဲေတြ ဘာေတြ နားမလည္ဘူး။ မီးရႈိ႕ရေအာင္ေလာက္ပဲ သူတို႔ လုပ္တတ္တာ။”

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း တန္ျပန္စြပ္စြဲတာရွိပါတယ္။ စစ္ကိုင္းတိုင္းအတြင္း အာဏာသိမ္း စစ္ေကာင္စီကို ဆန႔္က်င္တဲ့ေက်း႐ြာေတြရွိသလို၊ စစ္ေကာင္စီကိုလိုလားတဲ့ ေက်း႐ြာတခ်ိဳ႕လည္းရွိေနၿပီး အဲဒီေက်း႐ြာေတြကို စစ္ေကာင္စီက ျပည္သူ႔စစ္အျဖစ္ လက္နက္တပ္ဆင္ေပးတာေတြလည္းရွိခဲ့ပါတယ္။

ကန္႔ဘလူ စစ္ေရွာင္ေတြ ရိကၡာေဆးဝါး အခက္ၾကံဳ
please wait

No media source currently available

0:00 0:05:09 0:00
တိုက္႐ိုက္ လင့္ခ္

ကန့်ဘလူ စစ်ရှောင်တွေ ရိက္ခာဆေးဝါး အခက်ကြုံ

{{Unicode}}

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် စစ်ပြေးဒုက္ခသည်တွေမှာ အချိန်ကြာလာတာနဲ့အမျှ ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ပိုများလာနေတယ်လို ဒေသခံတွေက ပြောပါတယ်။ ဒေသတွင်းမှာ စစ်ပြေးဒုက္ခသည် တသောင်းနီးပါးရှိနေပြီး၊ ရိက္ခာ ဆေးဝါးနဲ့ နေထိုင်စရာ အရေးပေါ်လိုအပ်ချက်တွေ တိုးလာနေတာပါ။ ရန်ကုန် စုံစမ်းမေးမြန်းထားတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ တိုက်နယ်အတွင်း က ကျေးရွာ ၈ ရွာဟာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ထွက်ပြေးနေကြရပြီး၊ စစ်ကြောင်းတွေရှိနေဆဲမို့ ကျေးရွာကို ပြန်မဝင်နိုင်ဘဲ တောထဲမှာ ပုန်းခိုနေကြရတာ ၆ လ ကျော်လောက် ကြာနေပါပြီ။ လက်ရှိမှာ ဆေးဝါး၊ ရိက္ခာနဲ့ နေထိုင်စရာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေကြသူတွေက ပြောပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းက ဇော်ချောင်းကျေးရွာကို ၆ ကြိမ်မြောက်အဖြစ် မီးရှို့ခဲ့ပြီး အိမ်ခြေ ၂၀၄ လုံးရှိတဲ့ထဲက ၁၆၅ လုံး မီးလောင်ဆုံးရှုံးထားပြီးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ရက်သတ္တပတ်မှာ အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်လောက်ပေါ့နော် ။ စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့မှ ဒီလိုမျိုး ပြည်သူ့နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့တာမျိုးတွေလုပ်တယ်။ လုပ်တဲ့ခါကျတော့ ၂၇၊ ၂၈၊ ၂၉ သုံးရက်တိုင်တိုင် သင်တောမှာ တပ်စွဲတယ်။ တပ်စွဲပြီးတော ၃၀ ရက်နေ့မှာပဲ ဇောချောင်းကျေးရွာကို သူတို့ထွက်သွားတယ်။ ဇော်ချောင်းကျေးရွာကို မီးရှိုတယ် ။ သူတို့က အဲ့ဒီမှာ အများပိုင် ပြည်သူ့အဆောက်အဦးဖြစ်တဲ့ မီးရထားဘူတာကိုလည်း သူတို့က မီးရှို့တယ်။ ဝန်ထမ်းအိမ်ယာတွေကိုလည်း မီးရှို့တယ်။ အဲ့ဒီကနေ တဆင့်ထွက်ခွာသွားပြီးတော့ မိဿလင်ကုန်းရွာကိုလည်း မိးရှို့တယ်ပေါ့နော် ။ ကိုးထောင်ဘို့ နဲ့ ချိတ်ဆက်တဲ့ ကျေးရွာတွေ စုစုပေါင်း ၈ ရွာပေါ့နော် ။ ဒီ ၈ ရွာက ၆ လကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အနေအထားရှိတယ်ပေါ့နော် ”

ကန့်ဘလူနယ်က စစ်ရှောင်တွေဟာ တောထဲမှာ မြွေအန္တရာယ် မကြာခဏ ကြုံတွေ့ရတတ်တာကြောင့် မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေတယ်လို့ ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ တိုက်နယ်အတွင်းက စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက VOA ကို ပြောပါတယ်။

“စစ်ရှောင်တဲ့ ယာယီတဲတွေကို ကျွန်တော်တို့က တောတွေ တောင်တွေထဲမှာကျွန်တော်တို့က ဆောက်ထားတာပေါ့နော်။ လုံလောက်တဲ့ အနေအထားမရှိဘူးဗျ၊ စစ်ရှောင် အရေအတွက်က အရမ်းမြင့်တက်လာတာဆိုတော့။ အဲ့အတွက်ကြောင့် မိုးကာတွေ အရေးတကြီး လိုအပ်တယ်ပေါ့နော်။ နောက်တစ်ချက် ဆေးဝါးပေါ့။ ဆေးဝါးဆိုတဲ့ အနေအထားမှာက ဘာလဲဆိုတော့ စစ်ရှောင်တွေအတွက် ကျွန်တော်တို့ ပိုးထိလူနာတွေလည်း ရှိတယ်လေ။ အာဏာသိမ်းပြီးတာရဲ့ နောက်ဆက်တွဲပေါ့၊ ပိုးထိလူနာတွေက ၃၉ ဦးလောက်ပေါ့ အဲလောက် ပိုးထိထားတယ်။ တစ်ယောက်ဆိုရင် မြွေဆိပ်ဖြေဆေး စုစုပေါင်း ၂၈ လုံးလောက် ထိုးရတဲ့ အနေအထားမျိုးပေါ့နော်။ အဲ့လိုဆိုတဲ့ခါကျတော့ လူနာတစ်ယောက်ရဲ့ အနေအထားက ၁၀ သိန်းကျော်ကျော်လောက်ထိကို ကုန်ကျတဲ့ အနေအထားမျိုးရှိတယ်။ နောက်တခါ ဆေးဝါးက သက်ကြီးရွယ်အိုတွေမှာ ကိုယ်ခံအားကျတဲ့ အနေအထားတွေရှိတယ်။ ဒီဟာတွေအတွက် ကျွန်တော်တို့က ဆေးဝါးကျွမ်းကျင်တွေနဲ့ ဘယ်လိုဆေးတွေ ကျွေးမလဲပေါ့၊ နောက်တခါ ကိုယ်ဝန်ဆောင်မိခင် သူတို့တွေမှာ အာဟာရ ချိုု့တဲ့နေတာမျိုး ဆေးဝါးကတော့ အတော်ခက်ခဲတယ်ပေါ့။ အဓိကကတော့ စားဝတ်နေရေးပေါ့၊ ဒုတိယအနေနဲ့ ဆေးဝါးပေါ့။ အဲ့တော့ မိုးကာရယ်၊ စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ်ပေါ့ ၊ ဒါကတော့ အရေးပေါ်လိုအပ်နေတဲ့ အနေအထားပေါ့”

စစ်ပြေးဒုက္ခသည်တွေ ခိုအောင်းနေရာတွေကို စစ်ကောင်စီစစ်ကြောင်းတွေက ဝင်ရောက် နယ်မြေရှင်းလင်းတာတွေ ဒီလပိုင်းတွေမှာ ပိုလုပ်လာတဲ့အတွက်၊ ထပ်မံ နေရာပြောင်းရွေ့ ထွက်ပြေးကြရတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ရှောင်တဲတွေကို မိးရှို့တာ၊ စစ်ရှောင် ဒေသခံတချို့ကို ဖမ်းဆီး သတ်ဖြတ်တာတွေလည်း လုပ်နေတယ်လို့ စစ်ရှောင်ကူညီပေးသူတစ်ဦးက ခုလိုပြောပါတယ်။

“၁၁ လပိုင်း ၃ ရက်နေ့ပေါ့နော်၊ အဲ့ဒီမှာ ဇီးကနားနဲ့ လျော်ဖြူကုန်းပေါ့နော် အဲ့က စုစုပေါင်း ၁၈ ယောက်လောက် စစ်ရှောင်ဒေသကနေ သူတို့ ဖမ်းဆိးသွားတယ်ပေါ့နော် ။ အဲ့ဒီမှာ ၁၄ ဦးကို သူတို့က အကြောင်းမဲ့ပေါ့နော်။ သူတို့ကို အကြောင်းမဲ့ ဖမ်းဆီးပြီးတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်။ အဲ့နောက်မှာ စုပြုံပြီးတော့ မီးရှို့တဲ့ အနေအထားမျိုးတွေ သူတို့လုပ်တယ်ပေါ့နော် ။ ဂုံညှင်းရှိုဖက်မှာဆိုရင်လည်း ၃ ယောက်ဖမ်းသွားတယ် ။ ဒီနေ့အချိန်ထိ ပြန်မလွတ်သေးဘူးပေါ့နော်။ ဒါ ခမရ ၃၆၃ က ဖမ်းသွားတဲ့ အနေအထားပေါ့။ အဲ့ ၃ ယောက်ကလည်း သတ်ပစ်လိုက်ပြီလို့ ကျွန်တော်တို့ ကြားနေရတဲ အနေအထားရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့ နောက်ဆက်တွဲ စုံစမ်းနေတယ်။ သူတို့က အခု စစ်ရှောင်တဲ ရှိတဲ့ အရပ်ဒေသကို တန်းထိုးတာ။ အဲ့ကမှ စစ်ရှောင်တဲတွေ ရှိတဲ့ ဖက်ကမှ လှည့်လှည့်ပြီး ထိုးသွားတယ်။ အဆောက်အဦးတွေက အလျဉ်းသင့်သလို မီးရှို့သွားတာ၊ စစ်ရှောင်တဲတွေ ဘာတွေ နားမလည်ဘူး။ မီးရှို့ရအောင်လောက်ပဲ သူတို့ လုပ်တတ်တာ။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း တန်ပြန်စွပ်စွဲတာရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

XS
SM
MD
LG