[[Zawgyi/Unicode]]
ကရင္ျပည္နယ္မွာ စစ္ေကာင္စီတပ္ဖဲြ႔ေတြနဲ႔ လက္နက္ကိုင္တပ္ဖဲြ႔ေတြၾကား တိုက္ပဲြေတြ ဆက္ျဖစ္ေနၿပီး လမ္းတံတားေတြ တိုက္ခိုက္ဖ်က္ဆီးခံရတာေတြလည္း ရွိေနပါတယ္။ ကရင္လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖဲြ႔ေတြက စစ္ေကာင္စီတပ္ေတြအသုံးျပဳတဲ့ တံတားတခုကိုလည္း မိုင္းခဲြဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။
ကရင္ျပည္နယ္ ေကာ့ကရိတ္၊ ၾကာအင္းဆိပ္ႀကီး ဘုရားသံုးဆူေဒသေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ပူးေပါင္းတပ္ဖဲြ႔ေတြၾကား ဆက္လက္တိုက္ခိုက္ေနၿပီး ဇန္နဝါရီလ၂၈ ရက္ေန႔မနက္မွာေတာ့ ၾကာအင္းဆိပ္ႀကီးနဲ႔ မုဒံုသြားတဲ့ကားလမ္းမႀကီးက ဒါလီတံတားကို ပူးေပါင္းတပ္ဖဲြ႔ေတြဘက္က မိုင္းခဲြခဲ့တယ္လို႔ ေဒသခံတဦးကေျပာျပပါတယ္။
“မိုင္းခဲြတာကေတာ့ ၂ ခါခဲြလိုက္တယ္။ ဒီဘက္ထိပ္နဲ႔ဟိုဘက္ထိပ္ ႏွစ္ဘက္ထိပ္ေပါ့။ ၾကာအင္းဆိပ္ႀကီးအထြက္မွာပဲ ဒါလီတံတားပါ။ ႏွစ္ခါဆိုတာကေတာ့ ဟုိဘက္ထိပ္နဲ့ ဒီဘက္ထိပ္ေပါ့။ တံတားကေတာ့ျပန္သံုးလို႔မရေတာ့ဘူး။ အလယ္ကေတာ့ မပ်က္ဘူး။ တံတားထိပ္ ၂ ခုပဲ ပ်က္သြားတယ္။ အဓိက ကေတာ့ ဒီဘက္ကလုပ္တာက စစ္တပ္ရဲ ့ဆက္သြယ္ေရးလမ္းေၾကာင္းကို ပိတ္တဲ့သေဘာပဲ။ စီးပြာေရးလုပ္တဲ့ကားလည္း ေျပးဆဲြတာသိပ္မရွိဘူး။ စစ္တပ္ရဲ႕ကားေတြလည္း ေျပးဆဲြတယ္။ အဲဒါကုိျဖတ္ေတာက္တဲ့သေဘာနဲ့ မုိင္းခဲြတာ ၂၄ နာရီ သံုးေနတဲ့တံတားပဲ။ မိန္းလမ္းတံတားပဲ။သံပရာရြာနဲ့ ၾကာအင္းဆိပ္ႀကီး ေျပးဆဲြေနတာ။ လူေတြေတာ့ သြားလာလို့ရတယ္။ ဆိုင္ကယ္ေတြဘာေတြေတာ့ ကားေတြဘာေတြသြားမရဘူး။ ႏွစ္ဘက္လံုးဆိုေတာ့ ေတာ္ေတာ္ေလး အရွိန္ယူရမွာပဲ။”
ဒီတံတားကို ဇန္နဝါရီလ ၂၆ ရက္ေန႔ကလည္း မိုင္းခဲြတိုက္ခိုက္တာေတြရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဘုရားသံုးဆူေဒသမွာလည္း မေန႔ညက မိုင္းခဲြတိုက္ခိုက္ခဲ့တယ္လို ့ေဒသခံကေျပာပါတယ္။
“ညကေတာ့ ဘုရားသံုးဆူ ခ်က္ပိြဳင့္မွာမုိင္းကဲြတယ္။ အထိအခုိက္အေသအဆံုး မရွိဘူး။ သတိေပးတဲ့ပံုစံ ထင္တယ္။ လုပ္တာကေတာ့ ဘုရားသံုးဆူနယ္ခံ ပီဒီအက္ဖ္ေတြပဲလုပ္တယ္။”
ဒီရက္ပိုင္းမွာပဲ ကရင္ျပည္နယ္အတြင္းက ေကာ့ကရိတ္၊ ဘုရားသံုးဆူ ၾကာအင္းဆိပ္ႀကီးစတဲ့ေနရာေတြမွာ တိုက္ပဲြေတြဆက္တိုက္ျဖစ္ေနၿပီး စစ္ေကာင္စီဘက္ကလည္း အက်အဆံုးေတြမ်ားေနတယ္လို႔ ေဒသခံေတြဆိုပါတယ္။ ေကာ့ကရိတ္ၿမိဳ ့နယ္ထဲမွာေတာ့ေက်းရြာ ၅ ရြာထက္မနည္းမီး႐ႈိ႕ခံရတာနဲ႔ လက္နက္ႀကီးက်ည္ဆံေတြက်ေရာက္ေပါက္ကဲြလို႔လည္း မီးေလာင္ခဲ့ပါတယ္။ ေဒသခံအရပ္သားေတြ ေသဆံုးဒဏ္ရာရတာေတြလည္းျဖစ္ခဲ့ပါတယ္ရွင္။
===============
[[Unicode]]
ကရင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်
ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လမ်းတံတားတွေ တိုက်ခိုက်ဖျက်ဆီးခံရတာတွေလည်း ရှိနေပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေအသုံးပြုတဲ့ တံတားတခုကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား ဆက်လက်တိုက်ခိုက်နေပြီး ဇန်နဝါရီလ၂၈ ရက်နေ့မနက်မှာတော့ ကြာအင်းဆိပ်ကြီးနဲ့ မုဒုံသွားတဲ့ကားလမ်းမကြီးက ဒါလီတံတားကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်းခွဲခဲ့တယ်လို့ ဒေသခံတဦးကပြောပြပါတယ်။
“မိုင်းခွဲတာကတော့ ၂ ခါခွဲလိုက်တယ်။ ဒီဘက်ထိပ်နဲ့ဟိုဘက်ထိပ် နှစ်ဘက်ထိပ်ပေါ့။ ကြာအင်းဆိပ်ကြီးအထွက်မှာပဲ ဒါလီတံတားပါ။ နှစ်ခါဆိုတာကတော့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ပေါ့။ တံတားကတော့ပြန်သုံးလို့မရတော့ဘူး။ အလယ်ကတော့ မပျက်ဘူး။ တံတားထိပ် ၂ ခုပဲ ပျက်သွားတယ်။ အဓိက ကတော့ ဒီဘက်ကလုပ်တာက စစ်တပ်ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်တဲ့သဘောပဲ။ စီးပွာရေးလုပ်တဲ့ကားလည်း ပြေးဆွဲတာသိပ်မရှိဘူး။ စစ်တပ်ရဲ့ကားတွေလည်း ပြေးဆွဲတယ်။ အဲဒါကိုဖြတ်တောက်တဲ့သဘောနဲ့ မိုင်းခွဲတာ ၂၄ နာရီ သုံးနေတဲ့တံတားပဲ။ မိန်းလမ်းတံတားပဲ။သံပရာရွာနဲ့ ကြာအင်းဆိပ်ကြီး ပြေးဆွဲနေတာ။ လူတွေတော့ သွားလာလို့ရတယ်။ ဆိုင်ကယ်တွေဘာတွေတော့ ကားတွေဘာတွေသွားမရဘူး။ နှစ်ဘက်လုံးဆိုတော့ တော်တော်လေး အရှိန်ယူရမှာပဲ။”
ဒီတံတားကို ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း မိုင်းခွဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားသုံးဆူဒေသမှာလည်း မနေ့ညက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံကပြောပါတယ်။
“ညကတော့ ဘုရားသုံးဆူ ချက်ပွိုင့်မှာမိုင်းကွဲတယ်။ အထိအခိုက်အသေအဆုံး မရှိဘူး။ သတိပေးတဲ့ပုံစံ ထင်တယ်။ လုပ်တာကတော့ ဘုရားသုံးဆူနယ်ခံ ပီဒီအက်ဖ်တွေပဲလုပ်တယ်။”
ဒီရက်ပိုင်းမှာပဲ ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်၊ ဘုရားသုံးဆူ ကြာအင်းဆိပ်ကြီးစတဲ့နေရာတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေများနေတယ်လို့ ဒေသခံတွေဆိုပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာတော့ကျေးရွာ ၅ ရွာထက်မနည်းမီးရှို့ခံရတာနဲ့ လက်နက်ကြီးကျည်ဆံတွေကျရောက်ပေါက်ကွဲလို့လည်း မီးလောင်ခဲ့ပါတယ်။ ဒေသခံအရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေလည်းဖြစ်ခဲ့ပါတယ်ရှင်။