သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချောင်းဦးမှာ ဒေသခံတချို့ ဖမ်းဆီးခံရ


{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှာ အရပ်ဖက်ကားတွေ၊ လူမူရေးပရဟိတ ကားတွေနဲ့ စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး သေနတ်တွေပစ်ဖောက်ကာ ရွာသား ၄ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုနောက်ဆုံး ဖမ်းဆီးမှု သတင်းနဲ့ ပတ်သက်လို့တော့ အာဏာပိုင်တွေဖက်က တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်၊ တောကျောင်းလေးကျေးရွာကို စစ်ကောင်စီတပ်တွေက ပရဟိတ လူမှုကူညီရေးအသင်းကားတွေနဲ့ ဝင်ရောက်လာပြီး ရွာသားတွေကို လာရောက်ဖမ်းဆီးပြီး ရိုက်နှက်တာအပြင် ငွေကြေးတွေကိုယူသွားတယ်လို့ စစ်ကိုင်းတိုင်း၊ အမြင့်တိုက်နယ်ရဲ့သပိတ်ခေါင်းဆောင် ကိုဖြိုးဝေက အခုလိုပြောပြပါတယ်။

"မနေ့ကညနေ ၃နာရီခွဲလောက်ဖြစ်မယ်၊ စစ်ကောင်စီတပ်တွေက တောကျောင်းလေးကျေးရွာထဲကိုဝင်လာတယ်။ သူတိုက ဘုန်းကြီးကျောင်းတွေ ကျန်းမာရေးကားတွေကိုသုံးလာတယ်။ သူတို့ပထမဦးဆုံ းအဲဒီရွာထဲဝင်လာပြီး ဝင်ဝင်ချင်းသေနတ်တွေ ပစ်ဖောက်တယ်။ ရွာအဝင်က ကွမ်းယာဆိုင်ထဲဝင်ပြီး ဦးရွှေမှတ်ကို သိလားဆိုပြိးမေးတယ်။ ကွမ်းယာဆိုင်ပိုင်ရှင်က မသိဘူးပြောတော့ လိမ်ရမလားဆိုပြီး ကွမ်းယာဆိုင်က ကိုနဂါးကို နောက်ပြန် လက်ထိပ်ခတ်ပြီး သံဒုတ်တွေနဲ့ရိုက်ကြတယ်။ ရွာမြောက်ပိုင်းက အိမ်တအိမ်ကိုဝင်တယ်၊ ဆိုင်ကယ် ၃စီးယူတယ်။ မြောက်ပိုင်း ဦးဘိုသွင်အိမ်ကိုဝင်တယ်၊ သူ့အိမ်ကတော့ ပိုက်ဆံ ၁၅သိန်းပါသွားတယ်။ နောက်ထပ်အိမ်တအိမ်ကတော့ စပါးရောင်းပြီးကာစ သိန်းအစိတ်ပါသွားတယ် ပြောတယ်။ ဒီကောင်တွေက အလစ်အငိုက် စစ်ကားနဲ့မဝင်ပဲ နာရေးကား၊ ဘုန်းကြီးကားနဲ့ ဝင်တာဆိုတော့ လူတွေလည်း အလစ်အငိုက်မိပြီးတော့ ဘာမှယူချိန်မရပဲ ပြေးကြရတဲ့သဘောဖြစ်တာပေါ့"

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ သူတို့ရှာနေတဲ့ အကိုကို မတွေ့တဲ့အတွက် ညီမဖြစ်သူကို ဖမ်းဆီးသွားခဲ့တယ်လို့လည်း ကိုဖြိုးဝေက ပြောပြပါတယ်။

"ရွာသား ၃ယောက်အဖမ်းခံရတယ်။ အနောက်တောင်ဒေါင့်က အကိုကိုမတွေလို့ အိမ်တအိမ်မှ ာ မအိသန္တာဖြိုး ဆိုတဲ့အသက် ၂၅နှစ်အရွယ် မိန်းကလေးတဦးအဖမ်းခံရတယ်။ သူ့အကိုက PDF ဆိုပြီး အကိုကိုမတွေ့လို့ညီမကိုဖမ်းတယ်။ အကိုနဲ့ ပြန်လာလဲလို့ပြောတယ်။ ဖမ်းခံရတဲ့ အိသန္တာဖြိုးအကိုကလည်း PDF မဟုတ်ပါဘူး။ ဒလန်တွေသတင်းပေး ချောက်ချလို့ဖမ်းသွားတဲ့သဘောပါ"

"ဖမ်ဆီးခံထားရတဲ့ မအိသန္တာဖြိုး မိသားစုကတော့ သူတို့ဟာ တောင်သူမိသားစုဖြစ်ပြီး စစ်ကောင်စီက စွတ်စွဲတာမဟုတ်မှန်ကြောင်း၊ လာဖမ်းချိန်မှာ တောင်ယာထဲ သွားနေတာကြောင့် မမိခဲ့တဲ့အတွက် ညီမဖြစ်သူကို ဖမ်းဆီးသွားပြီး ချောင်းဦးရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရကြောင်းပြောပြပါတယ်"

စစ်ကောင်စီတပ်တွေဟာ တောကျောင်းလေးကျေးရွာ နဲ့နီးတဲ့ အမြင့်တိုက်နယ် သပိတ်ခေါင်းဆောင်ဖြစ်တဲ့ သူ့အိမ်ကိုလည်း ဝင်ရောက်ရှာဖွေတာမျိုးတွေ လုပ်ခဲ့တာတွေရှိကြောင်း စစ်ကောင်စီက သူ့ကိုလိုက်လံရှာဖွေနေလို့ တိမ်းရှောင်နေရတဲ့ ကိုဖြိုးဝေက ပြောပြပါတယ်။

အခုဆိုရင် မွန်ပြည်နယ် ဘီးလင်းဘက်မှာလည်း ရာဘာခြံအလုပ်သမားတွေကို ရိုက်နှက်ဖမ်းဆီးပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက လူတွေအဖြစ် စွတ်စွဲတာတွေရှိတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီအုပ်ချုပ်တဲ့ကာလအတွင်းမှာ လူ ၁,၀၀၀ကျော် သတ်ဖြတ်ခံရပြီး လူ ၇ထောင်ကျော်ကတော့ အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့AAPP ကလည်း ပြောဆိုထားပါတယ်ရှင်။

........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG