သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့ မြန်မာလုပ်ငန်းတွေရပ်ဆိုင်း 


အမေရိကန် Peace Corps စေတနာ့ဝန်ထမ်းများ (သတင်းဓာတ်ပုံ - Peace Corps Facebook)
အမေရိကန် Peace Corps စေတနာ့ဝန်ထမ်းများ (သတင်းဓာတ်ပုံ - Peace Corps Facebook)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့ Peace Corps ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းမယ့်အကြောင်း ကြေညာလိုက်ပါတယ်။

အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့ မြန်မာလုပ်ငန်းတွေရပ်ဆိုင်း

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့ Peace Corps ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ မတည်ငြိမ်မှုတွေ၊ ဆူပူမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ပေါ်ပေါက် နေပြီး စေတနာ့ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းကင်း အလုပ်လုပ်နိုင်မှာ မဟုတ်တာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းမှာဖြစ်ကြောင်း Peace Corps အမှုဆောင် အရာရှိချုပ် Carol Spahn က တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

Peace Corps စေတနာ့ဝန်ထမ်းတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ မလုပ်နိုင်ပေမဲ့ ကမ္ဘာတလွှားက ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိတ်ချရတဲ့ နေရာတွေမှာ အလုပ်လုပ်ကြမှာ ဖြစ်ကြောင်းနဲ့ တချိန်ချိန် မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာရင်တော့ လုပ်ငန်းတွေ ပြန်စမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

Peace Corps အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂ဝ၁၆ ခုနှစ်ကစပြီး လုပ်ငန်းတွေ စတင်ခဲ့ရာမှာ ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားခဲ့ရတဲ့ ၂၀၂၀ ပြည့် မတ်လအထိ အင်္ဂလိပ်စာ သင်ကြားပို့ချပေးဖို့ စေတနာ့ဝန်ထမ်း ၈၇ ယောက် စေလွှတ်ခဲ့တာပါ။

Peace Corps စေတနာ့ဝန်ထမ်းအဖွဲ့ကြီးကို နိုင်ငံတကာရှိ လူမှုအသိုင်းအဝိုင်းအတွင်း အကူအညီပေးဖို့အတွက် ၁၉၆၁ ခုနှစ်မှာ အမေရိကန် သမ္မတ John F Kennedy က ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နိုင်ငံပေါင်း ၁၄၂ နိုင်ငံကို စေတနာ့ဝန်ထမ်းပေါင်း ၂ သိန်း ၄ သောင်း ကျော် တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................................


{{Zawgyi/Unicode}}




XS
SM
MD
LG