သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပီလီကို ဂုဏ္ျပဳလမ္းနာမည္ေပး 


Brazil Pele

[[Zawgyi/Unicode]]

၂၀၂၂ ဒီဇင္ဘာလက ကြယ္လြန္သြားတဲ့ Brazil ႏိုင္ငံက ကမာၻေက်ာ္ ေဘာလုံးအေက်ာ္အေမာ္ ပီလီကိုဂုဏ္ျပဳၿပီး Rio de Janeiro ၿမိဳ႕ Maracana အားကစား႐ုံ ေရွ႕ကလမ္းကို King Pelé Avenue လို႔ နာမည္ေပးလိုက္ပါတယ္။

Rio de Janeiro ၿမိဳ႕ေတာ္ဝန္ Eduardo Paes (အက္ဒြါဒို ပိုက္စ္) က ၿမိဳခံေတြရဲ႕ သေဘာထားကို Twitter လူမႈကြန္ရက္မွာ စစ္တမ္းေကာက္ၿပီး King Pelé Avenue ဆိုတဲ့ လမ္းနာမည္ကို ေ႐ြးလိုက္တာပါ။ လမ္းဆိုင္းဘုတ္အသစ္တင္လိုက္ၿပီးေနာက္ ေဘာလုံးဝါသနာရွင္ေတြ၊ ခရီးသြားေတြ၊ ပီလီကို ခ်စ္သူေတြ ဆိုင္းဘုတ္ ေရွ႕မွာ အမွတ္တရ ဓါတ္ပုံလာ႐ိုက္ၾကပါတယ္။

ပီလီဟာ Brazil ေဘာလုံးအသင္းအတြက္ ကမာၻ႔ဖလားဆု ၃ ႀကိမ္ရေအာင္ ကစားေပးခဲ့သူျဖစ္ပါတယ္။ အသက္ ၁၅ ႏွစ္အ႐ြယ္မွာ Brazil က Santos ကလပ္ အသင္းမွာ စတင္ကစားခဲ့ၿပီး ေနာက္ႏိုင္ငံ့လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ အသက္ ၁၇ ႏွစ္အ႐ြယ္မွာ အသက္အငယ္ဆုံး ေဘာလုံးသမားအျဖစ္ ကမာၻ႔ဖလား ေဘာလုံးပြဲေတြမွာ ပါဝင္ကစားခြင့္ ရခဲ့ပါတယ္။

ရာစုႏွစ္တခုအတြင္းအေကာင္းဆုံး ေဘာလုံးသမားအျဖစ္ ၂၀၀၀ ျပည့္ႏွစ္မွာ FIFA ကမာၻ႔ဖလားအဖြဲ႕ခ်ဳပ္က ေ႐ြးခ်ယ္ဂုဏ္ျပဳခဲ့ပါတယ္။ အသက္ အသက္ ၈၂ ႏွစ္ရွိေနၿပီျဖစ္တဲ့ ပီလီဟာ အူမႀကီးကင္ဆာနဲ႔ ခြဲစိတ္မႈခံခဲ့ရၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၉ ရက္ေန႔က ကြယ္လြန္ခဲ့ပါတယ္။ ၂၀၂၃ ဇန္နဝါရီလ ၃ ရက္ကပဲ သူ႔ရဲ႕ ေမြးရပ္ေျမ Santos မွာ ေျမျမဳပ္ သၿဂၤဳိဟ္ခဲ့ပါတယ္။

ပီလီကို ဂုဏ္ျပဳလမ္းနာမည္ေပး .mp3
please wait

No media source currently available

0:00 0:00:32 0:00
တိုက္႐ိုက္ လင့္ခ္

================
[[Unicode]]


ပီလီကို ဂုဏ်ပြုလမ်းနာမည်ပေး

၂၀၂၂ ဒီဇင်ဘာလက ကွယ်လွန်သွားတဲ့ Brazil နိုင်ငံက ကမ္ဘာကျော် ဘောလုံးအကျော်အမော် ပီလီကိုဂုဏ်ပြုပြီး Rio de Janeiro မြို့ Maracana အားကစားရုံ ရှေ့ကလမ်းကို King Pelé Avenue လို့ နာမည်ပေးလိုက်ပါတယ်။

Rio de Janeiro မြို့တော်ဝန် Eduardo Paes (အက်ဒွါဒို ပိုက်စ်) က မြိုခံတွေရဲ့ သဘောထားကို Twitter လူမှုကွန်ရက်မှာ စစ်တမ်းကောက်ပြီး King Pelé Avenue ဆိုတဲ့ လမ်းနာမည်ကို ရွေးလိုက်တာပါ။ လမ်းဆိုင်းဘုတ်အသစ်တင်လိုက်ပြီးနောက် ဘောလုံးဝါသနာရှင်တွေ၊ ခရီးသွားတွေ၊ ပီလီကို ချစ်သူတွေ ဆိုင်းဘုတ် ရှေ့မှာ အမှတ်တရ ဓါတ်ပုံလာရိုက်ကြပါတယ်။

ပီလီဟာ Brazil ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလားဆု ၃ ကြိမ်ရအောင် ကစားပေးခဲ့သူဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာ Brazil က Santos ကလပ် အသင်းမှာ စတင်ကစားခဲ့ပြီး နောက်နိုင်ငံ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ အသက်အငယ်ဆုံး ဘောလုံးသမားအဖြစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။

ရာစုနှစ်တခုအတွင်းအကောင်းဆုံး ဘောလုံးသမားအဖြစ် ၂၀၀၀ ပြည့်နှစ်မှာ FIFA ကမ္ဘာ့ဖလားအဖွဲ့ချုပ်က ရွေးချယ်ဂုဏ်ပြုခဲ့ပါတယ်။ အသက် အသက် ၈၂ နှစ်ရှိနေပြီဖြစ်တဲ့ ပီလီဟာ အူမကြီးကင်ဆာနဲ့ ခွဲစိတ်မှုခံခဲ့ရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ၂၀၂၃ ဇန်နဝါရီလ ၃ ရက်ကပဲ သူ့ရဲ့ မွေးရပ်မြေ Santos မှာ မြေမြှုပ်သြင်္ဂိုဟ်ခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG