သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ ICRC ရုံး လူစုလူဝေးနဲ့ဟန့်တားမှု သံသယရှိသူ ၈ ဦးဖမ်းဆီး


ICRC လူသာချင်း စာနာမှု အထောက်အကူပေးမှုကို ဒေသခံတွေ လာရောက်ကန့်ကွက်စဉ် (Information commitee)
ICRC လူသာချင်း စာနာမှု အထောက်အကူပေးမှုကို ဒေသခံတွေ လာရောက်ကန့်ကွက်စဉ် (Information commitee)

စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ လူအုပ်ကြီးက လူသားချင်းစာနာမူဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ပို့မှာကို မနေ့က အတင်းဝင်ရောက်ဟန့်တားခဲ့တာကြောင့် ရဲတွေက သေနတ်ဖောက်လူစုခွဲခဲ့ပြီး သံသယရှိသူ (၈) ဦးကို ဖမ်းဆီးလိုက်ပါတယ်။

မြန်မာအစိုးရ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ကြေညာချက်ထဲမှာ အင်အား ၃၀၀ ခန့်ရှိတဲ့ ဒီလူအုပ်ကြီးက ICRI အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အနေနဲ့ မောင်တောဒေသက ဒုက္ခသည်တွေဆီပို့မယ့် ထောက်ပံ့ရေးပစ္စည်းတွေကို ပြန်ချပြီး၊ စက်လှေမထွက်ဖို့တားမြစ်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီစက်လှေအနေနဲ့ စစ်တွေမြို.ဆင်ခြေဖုံး ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းအနီး ဘူးသီးတောင်စက်လှေဆိပ်ကနေ မထွက်ခွာခင် တင်ထားတဲ့ မီးအိမ်၊ အမျိုးသမီးသုံးပစ္စည်းနဲ့ အဝတ်အစားအပါအဝင် ဒီ ထောက်ပံရေးပစ္စည်းတွေဟာ ဘင်္ဂါလီတွေဆီပို့မှာလို့ သံသယရှိပြီး မြို့နေရခိုင်လူအုပ်က ခုလိုတားဖြစ်ခဲ့တာလို့ ဒေသခံအရာရှိတစ်ဦးက ဆိုပါတယ်။

သံဃာတော်များနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေပေါင်းပြီး လူအုပ်ကြီးကို ဖျောင်းဖျခဲ့ပေမဲ့ လူအုပ်ဘက်က ဂျင်ကလိတွေ၊ ခဲတွေ၊ မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် နောက်ဆုံးမိုးချုပ်ကြီးမှာ သေနပ်ဖောက် လူစုခွဲခဲ့တာကြောင့် ည (၁၁) နာရီခန့်မှာ လူစုကွဲသွားခဲ့တယ်လို့ မြို့မိမြို့ဖတစ်ဦးက ရှင်းပြပါတယ်။

တပ်မတော်အနေနဲ့ပါ နောက်ဆုံးအားဖြည့်ပေးတဲ့ ဒီလူစုခွဲမှုထဲမှာ ရဲတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး လူအုပ်ထဲမှာပါတဲ့ သံသယရှိသူ (၈) ဦးကို ဆက်လက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ အစိုးရသတင်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သြဂုတ်လ (၂၅) ရက်နေ့မှာ မြန်မာအများအခေါ် ဘင်္ဂါလီ၊ သူတို့အခေါ် ရိုဟင်ဂျာ အကြမ်းဖက်အုပ်စုအနေနဲ့ လုံခြုံရေးစခန်းတွေကို တပြိုင်နက်တိုက်ခိုက်အပြီး၊ တပ်မတော်ဖက်က နယ်မြေရှင်းလင်းတိုက်ခိုက်ရာမှာ လူတွေရာနဲ့ချီသေခဲ့ရပြီး၊ ရွာပေါင်းများစွာမီးရှို.ခံရကာ၊ စစ်ပွဲပဋိပက္ခတွေကနေလွတ်ဖို့ လူပေါင်း သိန်းတွေနဲ့ချီ ပြည်တွင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG