သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမှာ ICRC လူသာချင်း စာနာမှု အထောက်အကူပေးမှု ဒေသခံတွေ ကန့်ကွက်


တိုက်ခိုက်ခံရတဲ့ ICRC စက်လှေ။ (ဓာတ်ပုံ - Infomation Committee)
တိုက်ခိုက်ခံရတဲ့ ICRC စက်လှေ။ (ဓာတ်ပုံ - Infomation Committee)

မကြာသေးမီက ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသက အိုးအိမ်စွန့်ခွာနေကြတဲ့ ဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ သွားပို့မယ့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ စက်လှေတစင်း၊ စစ်တွေမြို့ ဆင်ခြေဖုံး ဆတ်ရိုးကျ ကယ်ဆယ်ရေး စခန်းအနီး ချောင်းကနေ မထွက်ခွာခင် မြို့ခံ ရခိုင်တိုင်းရင်းသားတွေ တားမြစ်ရာက လူစုလူဝေးဖြစ်လာပြီး ရဲတွေက တားမြစ်ပေမဲ့ နာရီအတော်ကြာ လူစုမကွဲတာကြောင့် နောက်ဆုံးမှာ မျက်ရေယိုဗုံးသုံးပြီး လူစုခွဲခဲ့ရကြောင်း၊ အခင်းဖြစ်ပွားရာကို ရောက်ခဲ့တဲ့ မြို့မိမြို့ဖတဦးဖြစ်သူ ဦးမောင်ထွန်းလှိုင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စတင်ဖြေကြားပါတယ်။

ဦးမောင်ထွန်းလှိုင် ။ ။ ICRC ပစ္စည်းကို မော်တော်နဲ့ ဘူးသီးတောင်၊ မောင်တောပို့မယ်။ အဲဒါကို လူထုတွေက မပို့ရဘူး။ အဲဒီပစ္စည်းကို ကုလားကို သွားပို့မယ်လို့ သူတို့ သတင်းရလို့ အဲလိုပေါ့ သွားဝိုင်းပြီးတော့ မီးရှို့မယ် အဲလို ဖြစ်ကြမယ်။ အဲဒီလို ကျတော့ ဒီ အာဏာပိုင် အဖွဲ့အစည်းတွေကို ရဲကို လာပြော။ ရဲကနေ တားဆီးတယ်။ လူတွေနဲ့ သူတို့နဲ့ ပြသနာ ဖြစ်ကြတာပေါ့နော်။ မီးရှိုှု့မယ် မရှို့ရဘူး။ အဲလို။ လူက အကုန်လုံး လာကြတာဘဲ။ ထောင်နဲ့ချီ ရှိမှာပေါ့။

ကိုဉာဏ်ဝင်းအောင်။ ။တားဆီးရာကနေ ဘာတွေ ဆက်ဖြစ်လဲ ခင်ဗျ။

ဦးမောင်ထွန်းလှိုင ်။ ။ ပထမဆုံးက တားဆီးတာကတော့ ညနေ ၄ နာရီလောက်ပေါ့။ ညနေဘက် ၄ နာရီလောက်က အဲဒီက လူတွေ မများသေးဘူး။ နည်းနည်း နည်းနည်း တိုးတိုး အဲလိုနဲ့ လူတွေ များလာတော့ အဲလိုနဲ့ ညမိုးချုပ် ၁၀ နာရီ ပိုဆိုးတာပေါ့။ ၁၀ နာရီနီးပါး အဲဒီအချိန်က စပြီး လူစုခွဲတာပေါ့နော်။ ၄-၅ ချက်လောက် မိုးပေါ်ထောင်ပြီး သေနတ်ပစ်ရတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ မိုးပေါ် ထောင်မပစ်ခင် ရဲတွေက လူထုကို လူစုခွဲဖို့ သတိပေးသေးလား ခင်ဗျ။

ဦးမောင်ထွန်းလှိုင်။ ။ ပြောပြတယ် လူထုကို။ လူထုက မနိုင်ဘူး။ လူထုကို ပြောလို့ မရဘူး။ အဲလို မီးရှို့မယ်။ လူတွေပေါ့ မီးတွေနဲ့ ပစ်ကြတယ်။ သူတို့က အင်မတန်မှ တောင်းပန်ပြီး ပြောပြော ပြောလို့မရတော့ နောက်ဆုံး မိုးပေါ်ထောင်ပစ်တာနော်။

ကိုဉာဏ်ဝင်းအောင်။ ။ ပြီးတော့ ဘာတွေ ဆက်ဖြစ်လဲ ခင်ဗျ။

ဦးမောင်ထွန်းလှိုင်။ ။ အဲလို မိုးပေါ်ထောင်ပစ်တော့ ၁၀ နာရီ ၁၁ နာရီ သူတို့ မပြန်ဘူးလေ။ မိုးပေါ်ထောင်ပစ်လည်း မပြန်ကြဘူး။ ပိုဆိုးတယ်။ ရဲတွေကို ဟိုနေရာက ဒီနေရာက ပုလင်းခွံ့တွေနဲ့ပစ်၊ ခဲတွေနဲ့ ပစ်။ ၁၁ နာရီလောက် ၁၂ နာရီလောက် ပိုပြီးတော့ ဆိုးတာပေါ့နော်။ အဲလိုနဲ့ အုပ်စုခွဲရတယ်။ အခုတော့ ငြိမ်သက်နေပါပြီ။

ကိုဉာဏ်ဝင်းအောင်။ ။ ရဲတွေက လူအုပ်ထဲကို ပစ်ခတ်တာတွေ ရှိပါသလား။

ဦးမောင်ထွန်းလှိုင်။ ။ ပစ် ဆိုတာ အဲလို မပစ်ဘူးလေ။ ကျနော်တို့ မျက်ရည်ယိုဗုံးတွေ သုံးတာပေါ့လေ။ အဲဒါသုံးပြီး လူထုကိုခွဲတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဘယ်အချိန်လောက်မှာ လူစုကွဲသွားပါသလဲ။

ဦးမောင်ထွန်းလှိုင်။ ။ ၁၂ နာရီတော့ ကျော်သွားတယ်။ ကျနော်လည်း ပြန်လာတယ်။ အခုတော့ ငြိမ်နေတယ်။ အခု ကြားတော့ မကြားတော့ဘူး။

ကိုဉာဏ်ဝင်းအောင်။ ။ ခုနကလို ခြောက်လှန့် ပစ်ခတ်တာတို့ မျက်ရည်ယိုဗုံးသုံးပြီးတော့ လူစုခွဲတဲ့အခါ စစ်တွေမြို့ခံတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိပါသလား။

ဦးမောင်ထွန်းလှိုင်။ ။ အဲဒါတော့ လူအုပ်များတော့ မသိရဘူး။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ အခု လုံခြုံရေးတပ်ဖွဲ့တွေက လုံခြုံရေးအစီအမံ ဘယ်လိုချထားပါသလဲ။

ဦးမောင်ထွန်းလှိုင်။ ။ အဲဒီ မီးမရှို့ရအောင် အင်အားတော့ သူတို့ အများကြီးချပြီး လမ်းကို ပိတ်ထားတယ်။ ဟိုဘက်သည်ဘက်ပေါ့။

ကိုဉာဏ်ဝင်းအောင်။ ။ စစ်တွေမြို့မှာ ညမထွက်ရ အမိန့်တို့ဘာတို့ ထုတ်ပြန်တာ ရှိပါသလား။

ဦးမောင်ထွန်းလှိုင်။ ။ မရှိပါနော်။ မရှိပါ။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ ဒီ ICRC ပစ္စည်းသယ်တဲ့ စက်လှေက ထွက်ခွင့်ရသွားပါသလား။

ဦးမောင်ထွန်းလှိုင်။ ။ မရဘူး၊ မရဘူး။ ထိန်းသိမ်းထားတာ။ ရဲကလည်း ထိန်းသိမ်းထားတယ်။ မနက်မိုးလင်းမှ သူတို့တွေလည်း ရှင်းကြမယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပေးပို့တဲ့ ကူညီထောက်ပံ့မှု ပစ္စည်းတွေကို ဒေသခံမူဆလင်တွေကို လုံးဝ မပေးရတော့ဘူး ဆိုပြီးတော့ ပြည်နယ်အစိုးရကနေ သတ်မှတ်ထားတာမျိုး ရှိပါသလား။

ဦးမောင်ထွန်းလှိုင်။ ။ အဲဒီလိုမျိုး တားမြစ်တာ မရှိပါဘူး။ အခုဟာက ကျနော်တို့ မြို့ခံ ဒေသလူတွေကသာ ဖြစ်နေကြတာ အဲလို မပို့ရဘူး အဲဒါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG