သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္သူ႔ခုခံစစ္ ၂ ႏွစ္နီးပါးၾကာလာသည့္တိုင္ PDF ေတြအေပၚ လူထုေထာက္ခံမႈက်မသြားေသး


စစ္ကိုင္းတိုင္းက ေဒသကာကြယ္ေရး PDF တပ္ဖြဲ႔ဝင္မ်ား

ႏွစ္ႏွစ္နီးပါး စစ္မက္ပဋိပကၡေတြကို ျပင္းျပင္းထန္ထန္ႀကဳံေတြ႕ခံစားေနရတဲ့ စစ္ကိုင္းတိုင္းအတြင္း ေဒသခံေတြဟာ ေနအိမ္ေတြစြန႔္ခြာရၿပီး ေနထိုင္စားေသာက္မႈ အခက္အခဲေတြပိုရွိလာေပမယ့္လို႔ အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္မႈေတြကေတာ့ ရွိေနဆဲပါ။ ေက်း႐ြာေတြကိုမီးေလာင္တိုက္သြင္းၿပီး အေၾကာက္တရားလႊမ္းမိုးေအာင္ လုပ္ေဆာင္ခ်က္ေတြရွိေပမယ့္ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို ေထာက္ခံမႈ က်ဆင္းမသြားဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မဆုမြန္က ေျပာျပမွာပါ။

စစ္အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဆႏၵျပမႈေတြကို စစ္တပ္ကအၾကမ္းဖက္ႏွိမ္နင္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတဝွမ္း စစ္ေကာင္စီကို လက္နက္ကိုင္ေတာ္လွန္ဆန႔္က်င္မႈေတြရွိလာရာမွာ စစ္ကိုင္းတိုင္းေဒသဟာ အထူးျခားဆုံးနဲ႔ အထင္ရွားဆုံးျဖစ္ပါတယ္။ ဆင္းရဲေပမယ့္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ တည္ၿငိမ္လာခဲ့တဲ့ အဲဒီေဒသတေက်ာ့မွာ အခုေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ၊ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေတြျပင္းထန္ခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ စစ္ေကာင္စီကဖြဲ႕စည္းေပးတဲ့ ပ်ဴေစာထီး ျပည္သူ႔စစ္ေတြက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေရးဝင္ၿပီး ေနအိမ္ေတြ မီးေလာင္တိုက္သြင္းခဲ့တာေၾကာင့္ အေတာ္မ်ားမ်ားက အိုးအိမ္မဲ့ျဖစ္ၾကရပါတယ္။ ဒါေပမယ့္ ေဒသခံအမ်ားစုဟာ အခုအခ်ိန္ထိ ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကို ေထာက္ခံကူညီၾကတယ္လို႔ ေကာလင္းျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံ ကိုေဒါင္းနီက ေျပာပါတယ္။

"ေတာင့္ခံခဲ့ရတာကေတာ့ ဒုကၡသုတ္ခမ်ိဳးစုံ ၾကားထဲကေနၿပီးမွ ႐ုံးကန္ေနရတာပဲ။ ဒါေပမယ့္ ဘယ္ေတာ့မွ ကြၽန္ေတာ္တို႔ကေတာ့ အသက္မေသမခ်င္း လက္ကေတာ့ မေလွ်ာ့ဘူးေပါ့။ ျပည္သူေတြရဲ႕ စိတ္ဓာတ္ကလည္း တကယ္ ေလးစားစရာ ေကာင္းပါတယ္ဗ်။ ႐ြာေတြ၊ အိမ္ေတြ မီးရႈိ႕ခံရတာ ကြၽန္ေတာ္တို႔ဖက္ေတြဆိုရင္ ကြၽန္ေတာ္တို႔ ေအာင္ခ်မ္းသာ႐ြာေပါ့ တစ္႐ြာလုံးမွာမွ ႏွစ္အိမ္ပဲ က်န္ခဲတာ။ ဒါေပမယ့္ မရွိ ရွိတဲ့ ၾကားထဲက (PDF/စစ္ေရွာင္ေတြကို)လႉတာေတြ အမ်ားႀကီးပဲ။"

ျမန္မာစစ္ေကာင္စီကေတာ့ PDF ေတြဟာ ေက်း႐ြာေတြကို အေျချပဳၿပီး အၾကမ္းဖက္လုပ္ငန္းေတြက်ဴးလြန္ေနသလို၊ ေက်း႐ြာေတြကို မီးရႈိ႕တာရွိတယ္လို႔ တန္ျပန္စြပ္စြဲပါတယ္။ ေဒသတြင္းမွာပဲ စစ္ေကာင္စီရဲ႕ ပ်ဴေစာထီးတပ္ေတြကို ေထာက္ခံတဲ့ေက်း႐ြာေတြရွိတာေၾကာင့္လည္း စစ္ေကာင္စီလိုလားသူနဲ႔ မလိုလားသူ ေက်း႐ြာေတြအၾကား အျပန္အလွန္တိုက္ခိုက္မႈေတြလည္း ရွိခဲ့ပါတယ္။ လက္နက္ကိုင္ေတာ္လွန္ေရးအစပိုင္းမွာ တတ္တတ္ႂကြႂကြလုပ္သူေတြမ်ားေပမယ့္ အခု ႏွစ္ႏွစ္ၾကာလာတဲ့အခ်ိန္မွာေတာ့ အင္အားေလွ်ာ့နည္းလာတယ္လို႔ေတာ့ ကိုေဒါင္းနီက ဝန္ခံပါတယ္။

"ေျပာရမယ္ဆိုရင္ေတာ့ ကာကြယ္ေရး နည္းနည္းလူေလ်ာ့သြားတယ္လို႔ေတာ့ ကြၽန္ေတာ့္ စိတ္ထဲမွာ ျမင္တယ္ဗ်။ ေတာ္လွန္ေရး စခါစတုန္းကေတာ့ အကုန္လုံးေပါ့ အိမ္ထဲမွာ ၊ ႐ြာတ႐ြာမွ ေယာက္်ားေလး ၁၀၀ ရွိရင္ သက္ႀကီး႐ြယ္အိုနဲ႔ မသန္စြမ္းေလာက္ပဲက်န္မွာ က်န္တဲ့သူေတြ အကုန္လုံးက ထြက္ၿပီးေတာ့ တိုက္ခ်င္တယ္။ အဲ့လိုလူေတြမ်ားတယ္၊ ေနာက္ပိုင္းၾကာလာတဲ့ခါက်ေတာ့ ဟန္ျပလုပ္တဲ့သူနဲ႔(ကြာလာတာေပါ့)၊ တကယ္ ခံျပင္းစိတ္နဲ႔ စိတ္ရင္းရွိတဲ့သူေတြကေတာ့ က်န္တုန္းပါပဲ။ အကုန္လုံး လိုလိုလားလားရွိတုန္းေပါ့ နည္းနည္းကေတာ့ ေနာက္ဆုတ္သြားတဲ့သူ ရွိတာေပါ့ဗ်ာ။"

စစ္ေကာင္စီစစ္ေၾကာင္းေတြက ေက်း႐ြာေတြကို ဝင္ေရာက္ၿပီး နယ္ေျမရွင္းလင္းေရး လုပ္တိုင္း ‌ေက်း႐ြာေတြကို မီးရႈိ႕တာ၊ ေဒသခံေတြကို ဖမ္းဆီးတာနဲ႔ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္တာေတြလုပ္က ျပည္သူေတြ ေၾကာက္လန႔္ေအာင္ လုပ္ေလ့ရွိေပမယ့္ ေဒသခံေတြကေတာ့ အဲ့ဒီလုပ္ရပ္ေတြေၾကာင့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြဖက္ကို ပိုၿပီးေထာက္ခံလာၾကတယ္လို႔ ကန႔္ဘလူၿမိဳ႕နယ္နဲ႔ ကြၽန္းလွ ၿမိဳ႕နယ္က စစ္ေရွာင္ေတြအေရး ကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးက ခုလိုေျပာပါတယ္။

"အမွန္ေတာ့ ျပည္သူကို အေၾကာက္တရားနဲ႔ဖိႏွိပ္ၿပီးေတာ့မွ က်ဳံးသြင္းတဲ့ အေနအထားေပါ့ေနာ္။ အဲ့ေတာ့ ဘာသြားျဖစ္သလဲဆိုေတာ့ ကြၽန္ေတာ္တို႔ဘက္ကို စည္း႐ုံးသိမ္းသြင္းေပးသလိုမ်ိဳး ျဖစ္သြားတယ္။ ဒီေက်း႐ြာေတြကို အေၾကာင္းမဲ့ မီးရႈိ႕လိုက္တဲ့ အေနအထားမွာ ဒါေတြကို ကြၽန္ေတာ္တို႔ကေတာ့ လက္ခံႏိုင္တဲ့ အေနအထားမရွိဘူး။ ေနာက္တစ္ခ်က္က ဘာလဲဆိုေတာ့ သူတို႔ကေတာ့ အေၾကာက္တရား ဆိုတာကို သူတို႔ ပုံေဖာ္တဲ့ အေနအထားေပါ့ေနာ္။ မႀကိဳက္တဲ့ခါက်ေတာ့ သူတို႔ဘက္မွာ မေနေတာ့ဘူး မေနေတာ့ဘဲနဲ႔ ဒီဘက္ကို ပူးေပါင္းလာတဲ့ အေနအထားေပါ့ေနာ္။ အဲ့ဒါက ဘယ္လိုေတြလဲဆိုရင္ ကြၽန္ေတာ္တို႔ဘက္ကို သတင္းေပးတာမ်ိဳးေတြ။ ေနာက္တစ္ခ်က္က ကြၽန္ေတာ္တို႔ ေတာ္လွန္ေရးအင္အားစုေတြကို သူတို႔ ႏိုင္သေလာက္‌ေပါ့ေနာ္၊ လႉၾကတယ္၊ ကူၾကတယ္ ဒီလို အေနအထားမ်ိဳးေလးေတြ ျဖစ္လာတယ္။ ေနာက္တစ္ခ်က္က ဒီမွာ ေနစရာ ထိုင္စရာ မရွိ‌ေတာ့ဘူးဆိုေတာ့ ငါတို႔က မထူးေတာ့ဘူးဆိုၿပီးေတာ့ နီးစပ္ရာ ေတာ္လွန္ေရး အင္အားစုေတြနဲ႔ ပူးေပါင္းသြားတဲ့ အေနအထားေပါ့ေနာ္။"

ျမန္မာစစ္တပ္ရဲ႕ မီးရႈိ႕ဖ်က္ဆီးမႈေတြ။ ေဒသခံေတြရဲ႕ စားနပ္ရိကၡာေတြကို လုယူတာေတြေၾကာင့္ ေဒသခံေတြအတြက္ ေနေရး စားေရး အခက္အခဲေတြ အမ်ားႀကီးရွိေနေပမယ့္ လက္ရွိမွာ NUG က ေထာက္ပံ့မႈ တခ်ိဳ႕ရွိသလို ျပည္သူအခ်င္းခ်င္းကလည္း လက္တြဲ ကူညီၾကတာေၾကာင့္ ေဒသခံေတြအတြက္ ေတာင့္ခံႏိုင္ေနတဲ့ အေျခအေနျဖစ္တယ္လို႔ စစ္ေရွာင္ေတြအေရး ကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးက ေျပာျပပါတယ္။

"နည္းနည္းေတာ့ အခက္အခဲ ရွိတယ္၊ ဘာအခက္အခဲရွိသလဲဆိုေတာ့ ေနစရာ ထိုင္စရာ အခက္အခဲျဖစ္တယ္၊ ေနာက္ၿပီးေတာ့ စားေရး ေသာက္ေရး အခက္အခဲ ျဖစ္တယ္။ သို႔ေပမယ့္ ကြၽန္ေတာ္တို႔မွာက ျပည္သူေတြက ပူးေပါင္းပါဝင္တဲ့အခါက်ေတာ့ မွ်တၿပီးေတာ့ စားရတာေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ NUG ကလည္း ထိုက္သင့္အားေလ်ာ္စြာ က်န္းမာေရးဆိုလည္း က်န္းမာေရးအတြက္ ပညာေရးအတြက္ဆိုလည္း ပညာေရးအတြက္ ေနာက္ၿပီးေတာ့မွ စစ္ေဘးေရွာင္ေတြအတြက္ဆိုၿပိးေတာ့လည္း ထိုက္သင့္အားေလ်ာ္စြာ ႏိုင္တဲ့ ဖက္ကေနၿပီးေတာ့မွ ႏိုင္သေလာက္ ထိုက္သင့္အားေလ်ာ္စြာ ကူညီတာေတြ ရွိတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ေသခ်ာတာတခုကေတာ့ ထမင္းမငတ္ဘူးဗ်။ ဘာလို႔လဲဆိုေတာ့ ျပည္သူရွိေနတာကိုး။ ျပည္သူေထာက္ခံေနရင္ ဘယ္အစိုးရမွ က်ဆုံးတာ မရွိဘူးဗ်။"

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ နယ္ေျမရွင္းလင္းေရးစစ္ဆင္ေရးေတြမွာ ျမန္မာစစ္ေကာင္စီက ေလေၾကာင္းပစ္ကူသုံးတာ၊ ေလေၾကာင္းခ်ီတပ္ အသုံးျပဳတာေတြေၾကာင့္ အရပ္သားထိခိုက္မႈေတြလည္း မ်ားလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒါေပမယ့္ စစ္ကိုင္းတိုင္းအတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ လႈပ္ရွားမႈဟာ အာဏာသိမ္းႏွစ္ႏွစ္နီးပါးၾကာလာေပမယ့္ အားမေလွ်ာ့သြားဘဲ လူထုေထာက္ခံမႈလည္း ရွိေနဆဲပဲလို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပြည်သူ့ခုခံစစ် ၂ နှစ်နီးပါးကြာလာသည့်တိုင် PDF တွေအပေါ် လူထုထောက်ခံမှုကျမသွားသေး

နှစ်နှစ်နီးပါး စစ်မက်ပဋိပက္ခတွေကို ပြင်းပြင်းထန်ထန်ကြုံတွေ့ခံစားနေရတဲ့ စစ်ကိုင်းတိုင်းအတွင်း ဒေသခံတွေဟာ နေအိမ်တွေစွန့်ခွာရပြီး နေထိုင်စားသောက်မှု အခက်အခဲတွေပိုရှိလာပေမယ့်လို့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှုတွေကတော့ ရှိနေဆဲပါ။ ကျေးရွာတွေကိုမီးလောင်တိုက်သွင်းပြီး အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်ချက်တွေရှိပေမယ့် PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ခံမှု ကျဆင်းမသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြမှာပါ။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဆန့်ကျင်မှုတွေရှိလာရာမှာ စစ်ကိုင်းတိုင်းဒေသဟာ အထူးခြားဆုံးနဲ့ အထင်ရှားဆုံးဖြစ်ပါတယ်။ ဆင်းရဲပေမယ့် ဆယ်စုနှစ်တွေနဲ့ချီ တည်ငြိမ်လာခဲ့တဲ့ အဲဒီဒေသတကျော့မှာ အခုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီကဖွဲ့စည်းပေးတဲ့ ပျူစောထီး ပြည်သူ့စစ်တွေက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးဝင်ပြီး နေအိမ်တွေ မီးလောင်တိုက်သွင်းခဲ့တာကြောင့် အတော်များများက အိုးအိမ်မဲ့ဖြစ်ကြရပါတယ်။ ဒါပေမယ့် ဒေသခံအများစုဟာ အခုအချိန်ထိ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံကူညီကြတယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒေါင်းနီက ပြောပါတယ်။

"တောင့်ခံခဲ့ရတာကတော့ ဒုက္ခသုတ်ခမျိုးစုံ ကြားထဲကနေပြီးမှ ရုံးကန်နေရတာပဲ။ ဒါပေမယ့် ဘယ်တော့မှ ကျွန်တော်တို့ကတော့ အသက်မသေမချင်း လက်ကတော့ မလျှော့ဘူးပေါ့။ ပြည်သူတွေရဲ့ စိတ်ဓာတ်ကလည်း တကယ် လေးစားစရာ ကောင်းပါတယ်ဗျ။ ရွာတွေ၊ အိမ်တွေ မီးရှို့ခံရတာ ကျွန်တော်တို့ဖက်တွေဆိုရင် ကျွန်တော်တို့ အောင်ချမ်းသာရွာပေါ့ တစ်ရွာလုံးမှာမှ နှစ်အိမ်ပဲ ကျန်ခဲတာ။ ဒါပေမယ့် မရှိ ရှိတဲ့ ကြားထဲက (PDF/စစ်ရှောင်တွေကို)လှူတာတွေ အများကြီးပဲ။"

မြန်မာစစ်ကောင်စီကတော့ PDF တွေဟာ ကျေးရွာတွေကို အခြေပြုပြီး အကြမ်းဖက်လုပ်ငန်းတွေကျူးလွန်နေသလို၊ ကျေးရွာတွေကို မီးရှို့တာရှိတယ်လို့ တန်ပြန်စွပ်စွဲပါတယ်။ ဒေသတွင်းမှာပဲ စစ်ကောင်စီရဲ့ ပျူစောထီးတပ်တွေကို ထောက်ခံတဲ့ကျေးရွာတွေရှိတာကြောင့်လည်း စစ်ကောင်စီလိုလားသူနဲ့ မလိုလားသူ ကျေးရွာတွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအစပိုင်းမှာ တတ်တတ်ကြွကြွလုပ်သူတွေများပေမယ့် အခု နှစ်နှစ်ကြာလာတဲ့အချိန်မှာတော့ အင်အားလျှော့နည်းလာတယ်လို့တော့ ကိုဒေါင်းနီက ဝန်ခံပါတယ်။

"ပြောရမယ်ဆိုရင်တော့ ကာကွယ်ရေး နည်းနည်းလူလျော့သွားတယ်လို့တော့ ကျွန်တော့် စိတ်ထဲမှာ မြင်တယ်ဗျ။ တော်လှန်ရေး စခါစတုန်းကတော့ အကုန်လုံးပေါ့ အိမ်ထဲမှာ ၊ ရွာတရွာမှ ယောက်ျားလေး ၁၀၀ ရှိရင် သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းလောက်ပဲကျန်မှာ ကျန်တဲ့သူတွေ အကုန်လုံးက ထွက်ပြီးတော့ တိုက်ချင်တယ်။ အဲ့လိုလူတွေများတယ်၊ နောက်ပိုင်းကြာလာတဲ့ခါကျတော့ ဟန်ပြလုပ်တဲ့သူနဲ့(ကွာလာတာပေါ့)၊ တကယ် ခံပြင်းစိတ်နဲ့ စိတ်ရင်းရှိတဲ့သူတွေကတော့ ကျန်တုန်းပါပဲ။ အကုန်လုံး လိုလိုလားလားရှိတုန်းပေါ့ နည်းနည်းကတော့ နောက်ဆုတ်သွားတဲ့သူ ရှိတာပေါ့ဗျာ။"

စစ်ကောင်စီစစ်ကြောင်းတွေက ကျေးရွာတွေကို ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်တိုင်း ‌ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေလုပ်က ပြည်သူတွေ ကြောက်လန့်အောင် လုပ်လေ့ရှိပေမယ့် ဒေသခံတွေကတော့ အဲ့ဒီလုပ်ရပ်တွေကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဖက်ကို ပိုပြီးထောက်ခံလာကြတယ်လို့ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှ မြို့နယ်က စစ်ရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ခုလိုပြောပါတယ်။

"အမှန်တော့ ပြည်သူကို အကြောက်တရားနဲ့ဖိနှိပ်ပြီးတော့မှ ကျုံးသွင်းတဲ့ အနေအထားပေါ့နော်။ အဲ့တော့ ဘာသွားဖြစ်သလဲဆိုတော့ ကျွန်တော်တို့ဘက်ကို စည်းရုံးသိမ်းသွင်းပေးသလိုမျိုး ဖြစ်သွားတယ်။ ဒီကျေးရွာတွေကို အကြောင်းမဲ့ မီးရှို့လိုက်တဲ့ အနေအထားမှာ ဒါတွေကို ကျွန်တော်တို့ကတော့ လက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ နောက်တစ်ချက်က ဘာလဲဆိုတော့ သူတို့ကတော့ အကြောက်တရား ဆိုတာကို သူတို့ ပုံဖော်တဲ့ အနေအထားပေါ့နော်။ မကြိုက်တဲ့ခါကျတော့ သူတို့ဘက်မှာ မနေတော့ဘူး မနေတော့ဘဲနဲ့ ဒီဘက်ကို ပူးပေါင်းလာတဲ့ အနေအထားပေါ့နော်။ အဲ့ဒါက ဘယ်လိုတွေလဲဆိုရင် ကျွန်တော်တို့ဘက်ကို သတင်းပေးတာမျိုးတွေ။ နောက်တစ်ချက်က ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကို သူတို့ နိုင်သလောက်‌ပေါ့နော်၊ လှူကြတယ်၊ ကူကြတယ် ဒီလို အနေအထားမျိုးလေးတွေ ဖြစ်လာတယ်။ နောက်တစ်ချက်က ဒီမှာ နေစရာ ထိုင်စရာ မရှိ‌တော့ဘူးဆိုတော့ ငါတို့က မထူးတော့ဘူးဆိုပြီးတော့ နီးစပ်ရာ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းသွားတဲ့ အနေအထားပေါ့နော်။"

မြန်မာစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေ။ ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို လုယူတာတွေကြောင့် ဒေသခံတွေအတွက် နေရေး စားရေး အခက်အခဲတွေ အများကြီးရှိနေပေမယ့် လက်ရှိမှာ NUG က ထောက်ပံ့မှု တချို့ရှိသလို ပြည်သူအချင်းချင်းကလည်း လက်တွဲ ကူညီကြတာကြောင့် ဒေသခံတွေအတွက် တောင့်ခံနိုင်နေတဲ့ အခြေအနေဖြစ်တယ်လို့ စစ်ရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြပါတယ်။

"နည်းနည်းတော့ အခက်အခဲ ရှိတယ်၊ ဘာအခက်အခဲရှိသလဲဆိုတော့ နေစရာ ထိုင်စရာ အခက်အခဲဖြစ်တယ်၊ နောက်ပြီးတော့ စားရေး သောက်ရေး အခက်အခဲ ဖြစ်တယ်။ သို့ပေမယ့် ကျွန်တော်တို့မှာက ပြည်သူတွေက ပူးပေါင်းပါဝင်တဲ့အခါကျတော့ မျှတပြီးတော့ စားရတာပေါ့ဗျာ။ နောက်ပြီးတော့ ကျွန်တော်တို့ NUG ကလည်း ထိုက်သင့်အားလျော်စွာ ကျန်းမာရေးဆိုလည်း ကျန်းမာရေးအတွက် ပညာရေးအတွက်ဆိုလည်း ပညာရေးအတွက် နောက်ပြီးတော့မှ စစ်ဘေးရှောင်တွေအတွက်ဆိုပြိးတော့လည်း ထိုက်သင့်အားလျော်စွာ နိုင်တဲ့ ဖက်ကနေပြီးတော့မှ နိုင်သလောက် ထိုက်သင့်အားလျော်စွာ ကူညီတာတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ သေချာတာတခုကတော့ ထမင်းမငတ်ဘူးဗျ။ ဘာလို့လဲဆိုတော့ ပြည်သူရှိနေတာကိုး။ ပြည်သူထောက်ခံနေရင် ဘယ်အစိုးရမှ ကျဆုံးတာ မရှိဘူးဗျ။"

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ မြန်မာစစ်ကောင်စီက လေကြောင်းပစ်ကူသုံးတာ၊ လေကြောင်းချီတပ် အသုံးပြုတာတွေကြောင့် အရပ်သားထိခိုက်မှုတွေလည်း များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာ အာဏာသိမ်းနှစ်နှစ်နီးပါးကြာလာပေမယ့် အားမလျှော့သွားဘဲ လူထုထောက်ခံမှုလည်း ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG