သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ပြင်းအား ၇.၁ ပီရူးငလျင် လူတဦးထက်မနည်း သေဆုံး


Arequipa ဒေသ/ ပီရူးနိုင်ငံတောင်ပိုင်း
Arequipa ဒေသ/ ပီရူးနိုင်ငံတောင်ပိုင်း

ပီရူးနိုင်ငံမှာ တနင်္ဂနွေနေ့က ပြင်းအား ၇.၁ ရှိတဲ့ ငလျင်လှုပ်တာကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရသွားပါတယ်။

ပီရူးနိုင်ငံတောင်ပိုင်း၊ Arequipa ဒေသ၊ Acari မြို့ကနေ ၂၅ မိုင်နီးပါးအကွာမှာ ဗဟိုပြုပြီး တနင်္ဂေနွေနေ့မနက်အစောပိုင်းမှာ ငလျင်လှုပ်သွားတာလို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက ပြောပါတယ်။

Yauca မြို့မှာ အသက် ၅၅ နှစ်အရွယ် အမျိုးသားတဦး ကျောက်တုံးတွေရိုက်မိပြီး သေဆုံးသွားတယ်လို့ Arquipa အုပ်ချုပ်ရေးမှူး Yamila Osorio က Twitter မှာရေးပါတယ်။

အပျက်အစီးပမာဏကို သိရဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကိုပေးဖို့ အဲဒီဒေသကို သွားမယ်လို့ ပီရူးသမ္မတ Pedro Pablo Kuczynski ကလဲ Twitter မှာရေးပါတယ်။

ပြင်းအား ၇.၁ ပီရူးငလျင် လူတဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG