သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန္႔မွာ မူးယစ္ေဆး၀ါး အမ်ားအျပား ဖမ္းဆီးရမိ


၂၀၂၀ ခုႏွစ္ ေဖေဖာ္၀ါရီလနဲ႔ ဧၿပီလအတြင္း ရွမ္းျပည္နယ္ Loikan ရြာအနီး ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆး၀ါးတခ်ိဳ႕

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဖားကန္႔ျမိဳ႕နယ္ဘက္မွာ မူးယစ္စိတ္ၾကြေဆးနဲ႕ လက္နက္ေတြ ဖမ္းဆီးရရွိမႈအေျခအေနေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးမွာပါ။

တကမၻာလံုးမွာ ကူးစက္ ပ်ံ ႔ႏွံ႕ေနတဲ့ COVID-19 ေရာဂါထိန္းခ်ဳပ္ေရးကို အာရံုစိုက္ေနခ်ိန္မွာပဲျမန္မာနိုင္ငံအတြင္း ဒီလပိုင္းအတြင္း တရားမ၀င္မူးယစ္ေဆးၾကြေဆး ဖမ္းဆီးရမႈေတြ အေတာ္မ်ာမ်ား ရွိေနပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ျမိဳ႕နယ္ဘက္မွာ ျမိဳ႕နယ္ရဲတပ္ဖြဲ႕၀င္ေတြကေန မူးယစ္စိတ္ၾကြေဆးျပားကာလတန္ဖိုး က်ပ္ သိန္းေပါင္း ၇,၆၀၀ ေတြနဲ႕အတူ ေသနတ္တလက္ မေန႔ကဖမ္းဆီးရမိခဲ့တာပါ။

ဖားကန္႔ၿမိဳ႕နယ္ဘက္မွာ မူးယစ္ေဆးနဲ႔ ေသနတ္ဖမ္းဆီးရမိေၾကာင္းနဲ႕ လက္၀ယ္ေတြ႕ရွိသူေတြကို ရဲတပ္ဖြဲ႕ကေန စစ္ေဆးေနဆဲလို႔ ဖားကန္႔ျမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုး ရဲ၀န္ထမ္းတဦးကအတည္ျပဳေျပာပါတယ္။

“လတ္တေလာေတာ့ တရားခံစစ္ေဆးဆဲပဲ ရွိေသးတယ္ဗ်။”

ဖားကန္႔ျမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးတို႔ကေန မူးယစ္ေဆး၀ါးလက္၀ယ္ေတြ႕ရွိသူေတြကို စစ္ေဆးေနျပီး တရားရံုးမွာ စြဲခ်က္တင္ဖို႔စီစဥ္ေနဆဲလို႔ သူကဆိုပါတယ္။

ေမလ ၂၃ ရက္ေန႔က ဖားကန္႔ျမိဳ႕နယ္ ဆိပ္မူ ေဝခါ လမ္းမႀကီးကို ရဲတပ္ဖြဲ႕၀င္ေတြကေန ပိတ္ဆို႔ စစ္ေဆးရာမွာ ေမွာ္ရွန္ေက်းရြာ ရတနာသစ္လမ္းၾကားအတိုင္း ေမာင္းႏွင္လာတဲ့ဆိုင္ကယ္တစီးေပၚကေန တံဆိပ္မပါ ပန္းေရာင္ ေဆးျပား စုစုေပါင္း ၁,၀၀၀ ျပားကိုသက္ေသမ်ားႏွင့္အတူ ဖမ္းဆီးရရွိခဲ့ပါတယ္။

ကြင္းဆက္ေတြကို ဆက္လက္ေဖာ္ထုတ္ရာမွာ၂၄ ရက္ေန႔မွာ ဆိပ္မူေက်းရြာရပ္ကြက္ ၃ ေနဦးေဇာ္ဆိုင္း ေနအိမ္ ကို ရွာေဖြခြင့္ ဝရမ္းနဲ႕စစ္ေဆးရာမွာ ေနအိမ္ေအာက္ထပ္အခန္းအတြင္းကုတင္ေပၚမွသံေသတၱာအတြင္းစုစုေပါင္း ေဆးျပား ၁၄၈,၂၀၀ ျပား၊ ဘိန္းျဖဴလို႔ယူဆရတဲ့့ျဖဴဝါၾကားမႈန္႔ ဆပ္ျပာခြက္ ၂၀ ခြက္၊ ဘိန္းဆီခဲအေစးအထုတ္ ၁၅ ထုတ္၊ ကာလတန္ဖိုးစုစုေပါင္းက်ပ္သိန္းေပါင္း ၇,၆၀၀ ေက်ာ္။ CZP-07 အမ်ိဳးအစား ၉ mm ပစၥတိုေသနတ္ တစ္လက္ IPSAM ခဲေရာင္ကားတစ္စီးတို႔ကို ေတြ႕ရွိသိမ္းဆည္းၿပီး မူးယစ္လက္၀ယ္ေတြ႕ရွိသူ ၄ ဦးကိုေတာ့ ဖားကန္႔ရဲစခန္း ကေန မူးယစ္ဥပေဒနဲ႕ အမႈဖြင့္အေရးယူထားတယ္လို႔ အမည္မေဖၚလိုသူ မူးယစ္ရဲတပ္ဖြဲ႕၀င္တဦးကေျပာပါတယ္။

ဆိပ္မူေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္ တဦးကလည္း မူးယစ္ေဆး၀ါးနဲ႔ လက္နက္ဖမ္းဆီးရမိေၾကာင္းေျပာပါတယ္။

“ဟုတ္တယ္။ မူးယစ္ေဆး၀ါးဖမ္းမိတယ္။ ေမွာ္ရွန္ေက်းရြာဘက္က။ ကိုေဇာ္ေဘာက္ဆိုလားမသိဘူး။ အဲဒီမွာေသနတ္ တလက္နက္ က်ည္ဖူးေတြေပါ့။ ပစၥတိုေတြေပါ့ အဲတာေတြေတာ့ေတြ႕မိတယ္။

ကခ်င္ျပည္နယ္ထဲမွာဆိုရင္ ဖားကန္႔ေဒသဘက္မွာ မူးယစ္ေဆးေရာင္း၀ယ္သုံးစြဲမႈ ပိုမ်ားေနတယ္လို႔ ကခ်င္လူမႈအဖြဲ႕အစည္း တာ၀န္ရွိသူတဦးျဖစ္တဲ့ ေဒၚဂ်ာေခါန္ကေျပာပါတယ္။

“မူးယစ္ေဆး၀ါးက ဖားကန္႔မွာေလ ဆိုင္းေတာင္ေတာင္မဟုတ္ဘူး လုံးခင္းမွာလည္းဒီအတိုင္းကုန္စိမ္းေရာင္းသလို လမ္းမွာ ဒီအတိုင္းခင္းေရာင္းသလိုပါပဲ။ ေမွာ္နယ္ေျမဆိုေတာ့ေလ။ ေဒသခံေတြအတြက္ဆိုးက်ိဳးေတြေတာ့ အမ်ားၾကီးေပါ့။ တက္သစ္စကေလးေတြေပါ့ေနာ္ ေက်ာင္းေတြ မတက္ခ်င္ေတာ့ဘူး။ နယ္ေပါင္းစုံကလာတဲ့ ေက်ာက္လာရွာတဲ့ ကေလးေတြကအစေပါ့ေလ။ ဒီလိုမ်ိဳးမူးယစ္ေဆး၀ါးက မ်ားတဲ့အခ်ိန္က်ေတာ့ အဲဒီေရမေဆးကုန္းမွာလည္း သူခိုးေတြ ေပါတယ္။ အခ်င္းခ်င္းရိုက္ၾကတယ္ သတ္ၾကတယ္။ ခိုးမႈေတြလုယက္မႈေတြ အဲဒီလိုမ်ိဳးေတြအမ်ားၾကီးရွိတယ္။”

ကခ်င္ျပည္နယ္ဘက္မွာ မူးယစ္ေဆး ထုတ္လုပ္ေရာင္း၀ယ္သုံးစြဲမႈေတြ မ်ားေနေပမဲ့ အာဏာပိုင္ေတြကေန ဖမ္းဆီးအေရးယူမႈအပိုင္းေတြအားနည္းေနတယ္လို႔ အရပ္ဘက္ကခ်င္မူးယစ္တုိက္ဖ်က္ေရးအဖြဲ႕ေခါင္းေဆာင္ ဦးေနာ္ေတာင္ ကဆိုပါတယ္။

“လုပ္ေတာ့လုပ္ေနတယ္။ ဒါေပမဲ့ ထိထိေရာက္ေရာက္က်ေတာ့ သူတို႔လုပ္နိုင္တဲ့အေျခအေန သိပ္မေတြ႕ရဘူး။ ဖမ္းေပမဲ့လည္း တကယ့္ဟို လိုင္းၾကီးေပါ့ေနာ္။ သူတို႔ဖမ္းတာက သိပ္မေတြ႕ရဘူး။

ဒီႏွစ္ဧျပီလနဲ႕ေမလအတြင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္ကေန ရွမ္းျပည္နယ္ ကခ်င္ျပည္နယ္ ရခိုင္ျပည္နယ္အတြင္း မူးယစ္ေဆးနဲ႔ လက္နက္ေတြဖမ္းဆီးရရွိမႈက အရင္ႏွစ္ေတြထက္ပိုမိုမ်ားျပားလာေနပါတယ္။

ဒီလို စိတ္ၾကြမူးယစ္ေဆးျပားေတြ အမ်ားအျပားဖမ္းဆီးရမိတာကိုၾကည့္ရင္ တကမၻာလံုးက COVID-19 ေရာဂါထိန္းခ်ဳပ္ေရးကို အာရံုစိုက္ေနခ်ိန္မွာ မူးယစ္ဂိုဏ္းေတြကေတာ့ မူးယစ္ေဆး ထုတ္လုပ္ေရးနဲ႔ တရားမ၀င္ကူးသန္းေရာင္း၀ယ္မႈေတြကို အရိွန္အဟုန္ျမင့္ျမင့္ ဆက္လုပ္ေနၾကတယ္ဆိုတဲ့ လကၡဏာ ျဖစ္တယ္လို႔ UNODC ကုလသမဂၢ မူးယစ္ေဆး၀ါးထိန္းခ်ဳပ္ေရးေအဂ်င္စီ အေရွ႕ေတာင္အာရွနဲ႔ ပစိတ္ဖိတ္ေရးရာ တာ၀န္ခံ Jeremy Douglas က ရိုက္တာသတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖားကန့်မှာ မူးယစ်ဆေးဝါး အများအပြားဖမ်းဆီးရမိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာ မူးယစ်စိတ်ကြွဆေးနဲ့ လက်နက်တွေ ဖမ်းဆီးရရှိမှုအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

တကမ္ဘာလုံးမှာ ကူးစက် ပျံ့နှံ့နေတဲ့ COVID-19 ရောဂါထိန်းချုပ်ရေးကို အာရုံစိုက်နေချိန်မှာပဲမြန်မာနိုင်ငံအတွင်း ဒီလပိုင်းအတွင်း တရားမဝင်မူးယစ်ဆေးကြွဆေး ဖမ်းဆီးရမှုတွေ အတော်မျာများ ရှိနေပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကနေ မူးယစ်စိတ်ကြွဆေးပြားကာလတန်ဖိုး ကျပ် သိန်းပေါင်း ၇,၆၀၀ တွေနဲ့အတူ သေနတ်တလက် မနေ့ကဖမ်းဆီးရမိခဲ့တာပါ။

ဖားကန့်မြို့နယ်ဘက်မှာ မူးယစ်ဆေးနဲ့ သေနတ်ဖမ်းဆီးရမိကြောင်းနဲ့ လက်ဝယ်တွေ့ရှိသူတွေကို ရဲတပ်ဖွဲ့ကနေ စစ်ဆေးနေဆဲလို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲဝန်ထမ်းတဦးကအတည်ပြုပြောပါတယ်။

“လတ်တလောတော့ တရားခံစစ်ဆေးဆဲပဲ ရှိသေးတယ်ဗျ။”

ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကနေ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူတွေကို စစ်ဆေးနေပြီး တရားရုံးမှာ စွဲချက်တင်ဖို့စီစဉ်နေဆဲလို့ သူကဆိုပါတယ်။

မေလ ၂၃ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူ ဝေခါ လမ်းမကြီးကို ရဲတပ်ဖွဲ့ဝင်တွေကနေ ပိတ်ဆို့ စစ်ဆေးရာမှာ မှော်ရှန်ကျေးရွာ ရတနာသစ်လမ်းကြားအတိုင်း မောင်းနှင်လာတဲ့ဆိုင်ကယ်တစီးပေါ်ကနေ တံဆိပ်မပါ ပန်းရောင် ဆေးပြား စုစုပေါင်း ၁,၀၀၀ ပြားကိုသက်သေများနှင့်အတူ ဖမ်းဆီးရရှိခဲ့ပါတယ်။

ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်ရာမှာ၂၄ ရက်နေ့မှာ ဆိပ်မူကျေးရွာရပ်ကွက် ၃ နေဦးဇော်ဆိုင်း နေအိမ် ကို ရှာဖွေခွင့် ဝရမ်းနဲ့စစ်ဆေးရာမှာ နေအိမ်အောက်ထပ်အခန်းအတွင်းကုတင်ပေါ်မှသံသေတ္တာအတွင်းစုစုပေါင်း ဆေးပြား ၁၄၈,၂၀၀ ပြား၊ ဘိန်းဖြူလို့ယူဆရတဲ့ဖြူဝါကြားမှုန့် ဆပ်ပြာခွက် ၂၀ ခွက်၊ ဘိန်းဆီခဲအစေးအထုတ် ၁၅ ထုတ်၊ ကာလတန်ဖိုးစုစုပေါင်းကျပ်သိန်းပေါင်း ၇,၆၀၀ ကျော်။ CZP-07 အမျိုးအစား ၉ mm ပစ္စတိုသေနတ် တစ်လက် IPSAM ခဲရောင်ကားတစ်စီးတို့ကို တွေ့ရှိသိမ်းဆည်းပြီး မူးယစ်လက်ဝယ်တွေ့ရှိသူ ၄ ဦးကိုတော့ ဖားကန့်ရဲစခန်း ကနေ မူးယစ်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အမည်မဖေါ်လိုသူ မူးယစ်ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဆိပ်မူကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကလည်း မူးယစ်ဆေးဝါးနဲ့ လက်နက်ဖမ်းဆီးရမိကြောင်းပြောပါတယ်။

“ဟုတ်တယ်။ မူးယစ်ဆေးဝါးဖမ်းမိတယ်။ မှော်ရှန်ကျေးရွာဘက်က။ ကိုဇော်ဘောက်ဆိုလားမသိဘူး။ အဲဒီမှာသေနတ် တလက်နက် ကျည်ဖူးတွေပေါ့။ ပစ္စတိုတွေပေါ့ အဲတာတွေတော့တွေ့မိတယ်။

ကချင်ပြည်နယ်ထဲမှာဆိုရင် ဖားကန့်ဒေသဘက်မှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု ပိုများနေတယ်လို့ ကချင်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်ဂျာခေါန်ကပြောပါတယ်။

“မူးယစ်ဆေးဝါးက ဖားကန့်မှာလေ ဆိုင်းတောင်တောင်မဟုတ်ဘူး လုံးခင်းမှာလည်းဒီအတိုင်းကုန်စိမ်းရောင်းသလို လမ်းမှာ ဒီအတိုင်းခင်းရောင်းသလိုပါပဲ။ မှော်နယ်မြေဆိုတော့လေ။ ဒေသခံတွေအတွက်ဆိုးကျိုးတွေတော့ အများကြီးပေါ့။ တက်သစ်စကလေးတွေပေါ့နော် ကျောင်းတွေ မတက်ချင်တော့ဘူး။ နယ်ပေါင်းစုံကလာတဲ့ ကျောက်လာရှာတဲ့ ကလေးတွေကအစပေါ့လေ။ ဒီလိုမျိုးမူးယစ်ဆေးဝါးက များတဲ့အချိန်ကျတော့ အဲဒီရေမဆေးကုန်းမှာလည်း သူခိုးတွေ ပေါတယ်။ အချင်းချင်းရိုက်ကြတယ် သတ်ကြတယ်။ ခိုးမှုတွေလုယက်မှုတွေ အဲဒီလိုမျိုးတွေအများကြီးရှိတယ်။”

ကချင်ပြည်နယ်ဘက်မှာ မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်သုံးစွဲမှုတွေ များနေပေမဲ့ အာဏာပိုင်တွေကနေ ဖမ်းဆီးအရေးယူမှုအပိုင်းတွေအားနည်းနေတယ်လို့ အရပ်ဘက်ကချင်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဦးနော်တောင် ကဆိုပါတယ်။

“လုပ်တော့လုပ်နေတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်ကျတော့ သူတို့လုပ်နိုင်တဲ့အခြေအနေ သိပ်မတွေ့ရဘူး။ ဖမ်းပေမဲ့လည်း တကယ့်ဟို လိုင်းကြီးပေါ့နော်။ သူတို့ဖမ်းတာက သိပ်မတွေ့ရဘူး။

ဒီနှစ်ဧပြီလနဲ့မေလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်ကနေ ရှမ်းပြည်နယ် ကချင်ပြည်နယ် ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးနဲ့ လက်နက်တွေဖမ်းဆီးရရှိမှုက အရင်နှစ်တွေထက်ပိုမိုများပြားလာနေပါတယ်။

ဒီလို စိတ်ကြွမူးယစ်ဆေးပြားတွေ အများအပြားဖမ်းဆီးရမိတာကိုကြည့်ရင် တကမ္ဘာလုံးက COVID-19 ရောဂါထိန်းချုပ်ရေးကို အာရုံစိုက်နေချိန်မှာ မူးယစ်ဂိုဏ်းတွေကတော့ မူးယစ်ဆေး ထုတ်လုပ်ရေးနဲ့ တရားမဝင်ကူးသန်းရောင်းဝယ်မှုတွေကို အရှိန်အဟုန်မြင့်မြင့် ဆက်လုပ်နေကြတယ်ဆိုတဲ့ လက္ခဏာ ဖြစ်တယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအေဂျင်စီ အရှေ့တောင်အာရှနဲ့ ပစိတ်ဖိတ်ရေးရာ တာဝန်ခံ Jeremy Douglas က ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG