(Zawgyi/Unicode)
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္က ေကာင္းခါးျပည္သူ႕စစ္စခန္းတခုကို ျမန္မာစစ္တပ္ကသိမ္းပိုက္လိုက္ၿပီး မူးယစ္ေဆးအမ်ားအျပားဖမ္းဆီးရမိတဲ့အေျခအေနကို ႏိုင္ကြန္းအိန္က သတင္းေပးပို႕ထားပါတယ္။
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေကာင္းခါးျပည္သူ႕စစ္စခန္းတခုျဖစ္တဲ့ လြယ္ခန္းစခန္းကို ျမန္မာ တပ္မေတာ္လုံျခံဳေရးအဖြဲ႕ ေတြက သိမ္းဆီးထားတယ္လို႕ ေကာင္းခါးေဒသခံတဦးကေျပာပါတယ္။
“ေကာင္းခါးျပည္သူ႕စစ္ရွိတယ္ အဲဒီလြယ္ခမ္ေပါ့။ အရင္ကအဲဒီမူးယစ္ေဆး၀ါးအမ်ားအျပားသူတို႕ ဖမ္းဆီးရမိတဲ့ေနရာ ေတြေလ။ အဲဒီမွာေတာ့သူတို႕ တပ္ေရာ လုံထိန္း ရဲေတြေရာအမ်ားႀကီးဘဲ။ တပ္မ(၉၉)နဲ႕လုံထိန္းရဲေလ။ အခုကြတ္ခိုင္ ဗ်ဴဟာကေနသူတို႕ ေနရာခ်ထားေပးတယ္ေလ။ အေျခစိုက္တပ္ေတြကေတာ့ ကြ်န္ေတာ္တို႕လမ္းေဘးမွာေပါ့။ ျပည္ေထာင္စု လမ္းေဘးမွာေနရာယူထားတယ္။”
ေကာင္းခါးျပည္သူ႕စစ္စခန္းကို မတ္လ(၂၄)ရက္ေန႕မွာ ျမန္မာစစ္တပ္ က၀င္ေရာက္စီးနင္းျပီး မူးယစ္ေဆး လက္နက္ေတြနဲ႕အတူ အဖြဲ႕တာ၀န္ရွိသူေတြကိုပါ ဖမ္းဆီးထားတယ္လို႕ အဆိုပါေဒသခံက ဆက္ေျပာပါတယ္။
“လက္နက္ကေတာ့မ်ားေတာ့မ်ားတယ္။ ဒါေပမဲ့သူတို႕တရား၀င္မေၾကညာဘူးေပါ့ေလ။ ဒီလက္နက္ေတြလဲသိမ္းထား တယ္။ ေနာက္ တခ်ိဳ႕ဆိုလို႕ရွိရင္သူတို႕ကေတာ့ ျပည္သူ႕စစ္အေနနဲ႕ ေတာ့မျပဘူးေပါ့ေလ။ သူတို႕ကနာမည္ ေဖၚျပ ၿပီးေတာ့ သိမ္းဆီးရမိတာ။ သူတို႕အဲဒီလိုဘဲေျပာတာကိုး။ ဥပမာ ဦးေလာက္ဂ်ာဆို သူကတပ္မဟာမွဴးဗ်ာ။ သူတို႕က တပ္မဟာမွဴးနာမည္မေဖၚျပဘူးေလ။ တေန႕က သူ႕အိမ္တအိမ္ထဲကို သူတို႕(၁၆)လက္ေလာက္ဖမ္းမိတာ အဲဒီလိုရွိ တယ္။ ခုေလာေလာဆယ္ လူၾကီးပိုင္းကလဲ သူတို႕ရမခမွာ ေခၚယူထိန္းသိမ္းထားတယ္ေပါ့ေလ။”
လက္ရွိမွာေကာင္းခါး႐ြာ အဝင္အထြက္လမ္းေတြကို တပ္မေတာ္က ပိတ္ထားလိုက္ၿပီးေတာ့ သြားလာမႈေတြကို တင္းတင္းၾကပ္ၾကပ္စစ္ေဆးမႈေတြလုပ္ေနတယ္လို႔ ကြတ္ခိုင္ေဒသခံေတြက ေျပာပါတယ္။
နယ္ေျမရွင္းလင္းေရးလုပ္ရာမွာ မေန႕ကေတာ့ ေကာင္းခါးေက်းရြာဘက္မွာ မူးယစ္ေဆးဝါးေတြနဲ႕ ဆက္စပ္ ပစၥည္းတစ္မ်ိဳးစုစုေပါင္းခန႔္မွန္း တန္ဖိုးေငြက်ပ္၂၉ ဘီလီယံ ေက်ာ္ဖမ္းဆီးရတယ္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာ ပါတယ္။
“ကြတ္ခိုင္ဘက္မွာကြ်န္ေတာ္တို႕နယ္ေျမလုံျခံဳေရးေဆာင္ရြက္ေနတဲ့ လြယ္ခမ္ေကာင္းခါးရဲ႕ အေရွ႕ဖက္မိတာ(၁၀၀၀) ေလာက္မွာ အေဆာက္ဦးပ်က္တလုံးကေန WYစိတ္ၾကြ ေဆးျပား(၁၃၉)သိန္းေက်ာ္ေပါ့မိတယ္။ ICE(၆၈)ကီလို ကဖင္း က(၄၈၀) ကီလို ေဆးျပား ရိုက္တံ(၁၅၀)ေခ်ာင္းေပါ့။ စုစုေပါင္းတန္ဖိုးကေတာ့ (၂၉.၃၄) ဘီလီယံေပါ့။ ပိုင္ရွင္မဲ့ သိမ္းရ မိတာရွိပါတယ္ဗ်။”
တပ္မေတာ္ဘက္ကေတာ့ ေကာင္းခါးျပည္သူ႕စစ္အဖြဲ႕စခန္းကိုထိန္းသိမ္းထားလိုက္တယ္ဆိုတဲ့ ေမးခြန္းကို တိုက္ရိုက္ ေျဖဆိုတာမ်ိဳးမရွိခဲ့ေပမဲ့ မူးယစ္ေဆးနဲ႕ပက္သက္တဲ့ ျပည္သူ႕စစ္ေခါင္းေဆာင္ တခ်ိဳ႕ကို စစ္ေဆးမွဳရွိေနတယ္လို႕ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။
“ဟုတ္ကဲ့ ဆက္စပ္မွဳရွိတဲ့အေနအထားေတာ့ေတြ႕ရပါတယ္။ ဆက္စပ္မွဳရွိပါလိမ့္မယ္။ ကြ်န္ေတာ္တို႕ဒီပါ၀င္ပက္သက္မွဳ ရွိတဲ့လူနဲ႕ပက္သက္ၿပီး သတင္းေပးရန္ပ်က္ကြက္တဲ့သူေတြကို ကြ်န္ေတာ္တို႕အေနနဲ႕က ဥပေဒအရေဆာင္ရြက္ သြားဖို႕ေတာ့ရွိပါတယ္ဗ်။”
လတ္တေလာမွာ ထိန္းသိမ္းခံထားရတဲ့ေခါင္းေဆာင္ပိုင္းနဲ႔ တပ္ဖြဲ႕ဝင္ ဆယ္ဦးေက်ာ္တယ္လို႔ ေဒသခံေတြက ခန္႕မွန္း ေနၾကပါတယ္။
မူးယစ္ေဆးဖမ္းမိတိုင္း ပိုင္ရွင္မဲ့လို႕တပ္မေတာ္ကထုတ္ျပန္တာဟာ ဌာေနျပည္သူ႕စစ္အဖြဲ႕ေတြဟာ ျမန္မာစစ္တပ္ရဲ႕ ကြပ္ကဲမွဳေအာက္မွာရွိေနလို႕ ၄င္းတို႕ရဲ႕သိကၡာပိုင္းဆိုင္ရာအရ ထုတ္ေဖၚေလ့ မရွိဘူးလို႕ ရွမ္းျပည္မူး ယစ္ေစာင့္ၾကည့္ ေလ့လာေရးအဖြဲ႕ေခါင္းေဆာင္စိုင္းမိန္းကေျပာပါတယ္။
“မုူယစ္ေဆး၀ါးထုတ္လုပ္တဲ့သူတိုင္းေတြက လက္နက္ကိုင္နဲ႕ပက္သက္တာေတြရွိတယ္။ တပ္မေတာ္ကေတာ့ ဖမ္းဆီး ရမိ တဲ့အခ်ိန္မွာ ပိုင္ရွင္မဲ့ဆိုၿပီးေၾကညာတဲ့ဟာေတာ့ သူတို႕ဂုဏ္သိကၡာကိုထိပါးမွာကို သူတို႕စိုးရိမ္တယ္လို႕ျမင္မိတယ္။ ဘာျဖစ္လဲဆိုေတာ့ ျပည္သူ႕စစ္ဆိုတာကတပ္မေတာ္ရဲ႕လက္ေအာက္ခံ လက္နက္ကိုင္အုပ္စုေတြျဖစ္တယ္။
KDA အသြင္ေျပာင္း ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ဟာ တပ္မေတာ္အစိုးရလက္ထက္ ၁၉၉၁ တုန္းက ၿငိမ္းခ်မ္းေရး ယူထားတဲ့အဖြဲ႕ျဖစ္ပါတယ္။
ေဖေဖာ္ဝါရီလ ၂၈ ရက္ကေန မတ္လ ၁၅ ရက္ေန႕အထိ လက္နက္ခဲယမ္းမ်ား၊ ေငြက်ပ္ ၂၉၂ ဘီလီယံ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးနဲ႕ ဆက္စပ္ပစၥည္းေတြကို တပ္မေတာ္ႏွင့္ လုံၿခဳံေရး တပ္ဖြဲ႕ ဝင္ေတြက ဖမ္းဆီးရမိခဲ့တယ္လို႕လဲ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။
................
ကောင်းခါးပြည်သူ့စစ်စခန်းကို မြန်မာစစ်တပ်သိမ်းပိုက်
(Unicode)
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်က ကောင်းခါးပြည်သူ့စစ်စခန်းတခုကို မြန်မာစစ်တပ်ကသိမ်းပိုက်လိုက်ပြီး မူးယစ်ဆေးအများအပြားဖမ်းဆီးရမိတဲ့အခြေအနေကို နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်း ကောင်းခါးပြည်သူ့စစ်စခန်းတခုဖြစ်တဲ့ လွယ်ခန်းစခန်းကို မြန်မာ တပ်မတော်လုံခြုံရေးအဖွဲ့ တွေက သိမ်းဆီးထားတယ်လို့ ကောင်းခါးဒေသခံတဦးကပြောပါတယ်။
“ကောင်းခါးပြည်သူ့စစ်ရှိတယ် အဲဒီလွယ်ခမ်ပေါ့။ အရင်ကအဲဒီမူးယစ်ဆေးဝါးအများအပြားသူတို့ ဖမ်းဆီးရမိတဲ့နေရာ တွေလေ။ အဲဒီမှာတော့သူတို့ တပ်ရော လုံထိန်း ရဲတွေရောအများကြီးဘဲ။ တပ်မ(၉၉)နဲ့လုံထိန်းရဲလေ။ အခုကွတ်ခိုင် ဗျူဟာကနေသူတို့ နေရာချထားပေးတယ်လေ။ အခြေစိုက်တပ်တွေကတော့ ကျွန်တော်တို့လမ်းဘေးမှာပေါ့။ ပြည်ထောင်စု လမ်းဘေးမှာနေရာယူထားတယ်။”
ကောင်းခါးပြည်သူ့စစ်စခန်းကို မတ်လ(၂၄)ရက်နေ့မှာ မြန်မာစစ်တပ် ကဝင်ရောက်စီးနင်းပြီး မူးယစ်ဆေး လက်နက်တွေနဲ့အတူ အဖွဲ့တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးထားတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
“လက်နက်ကတော့များတော့များတယ်။ ဒါပေမဲ့သူတို့တရားဝင်မကြေညာဘူးပေါ့လေ။ ဒီလက်နက်တွေလဲသိမ်းထား တယ်။ နောက် တချို့ဆိုလို့ရှိရင်သူတို့ကတော့ ပြည်သူ့စစ်အနေနဲ့ တော့မပြဘူးပေါ့လေ။ သူတို့ကနာမည် ဖေါ်ပြ ပြီးတော့ သိမ်းဆီးရမိတာ။ သူတို့အဲဒီလိုဘဲပြောတာကိုး။ ဥပမာ ဦးလောက်ဂျာဆို သူကတပ်မဟာမှူးဗျာ။ သူတို့က တပ်မဟာမှူးနာမည်မဖေါ်ပြဘူးလေ။ တနေ့က သူ့အိမ်တအိမ်ထဲကို သူတို့(၁၆)လက်လောက်ဖမ်းမိတာ အဲဒီလိုရှိ တယ်။ ခုလောလောဆယ် လူကြီးပိုင်းကလဲ သူတို့ရမခမှာ ခေါ်ယူထိန်းသိမ်းထားတယ်ပေါ့လေ။”
လက်ရှိမှာကောင်းခါးရွာ အဝင်အထွက်လမ်းတွေကို တပ်မတော်က ပိတ်ထားလိုက်ပြီးတော့ သွားလာမှုတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်ရာမှာ မနေ့ကတော့ ကောင်းခါးကျေးရွာဘက်မှာ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ် ပစ္စည်းတစ်မျိုးစုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်၂၉ ဘီလီယံ ကျော်ဖမ်းဆီးရတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြော ပါတယ်။
“ကွတ်ခိုင်ဘက်မှာကျွန်တော်တို့နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လွယ်ခမ်ကောင်းခါးရဲ့ အရှေ့ဖက်မိတာ(၁၀၀၀) လောက်မှာ အဆောက်ဦးပျက်တလုံးကနေ WYစိတ်ကြွ ဆေးပြား(၁၃၉)သိန်းကျော်ပေါ့မိတယ်။ ICE(၆၈)ကီလို ကဖင်း က(၄၈၀) ကီလို ဆေးပြား ရိုက်တံ(၁၅၀)ချောင်းပေါ့။ စုစုပေါင်းတန်ဖိုးကတော့ (၂၉.၃၄) ဘီလီယံပေါ့။ ပိုင်ရှင်မဲ့ သိမ်းရ မိတာရှိပါတယ်ဗျ။”
တပ်မတော်ဘက်ကတော့ ကောင်းခါးပြည်သူ့စစ်အဖွဲ့စခန်းကိုထိန်းသိမ်းထားလိုက်တယ်ဆိုတဲ့ မေးခွန်းကို တိုက်ရိုက် ဖြေဆိုတာမျိုးမရှိခဲ့ပေမဲ့ မူးယစ်ဆေးနဲ့ပက်သက်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် တချို့ကို စစ်ဆေးမှုရှိနေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“ဟုတ်ကဲ့ ဆက်စပ်မှုရှိတဲ့အနေအထားတော့တွေ့ရပါတယ်။ ဆက်စပ်မှုရှိပါလိမ့်မယ်။ ကျွန်တော်တို့ဒီပါဝင်ပက်သက်မှု ရှိတဲ့လူနဲ့ပက်သက်ပြီး သတင်းပေးရန်ပျက်ကွက်တဲ့သူတွေကို ကျွန်တော်တို့အနေနဲ့က ဥပဒေအရဆောင်ရွက် သွားဖို့တော့ရှိပါတယ်ဗျ။”
လတ်တလောမှာ ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် ဆယ်ဦးကျော်တယ်လို့ ဒေသခံတွေက ခန့်မှန်း နေကြပါတယ်။
မူးယစ်ဆေးဖမ်းမိတိုင်း ပိုင်ရှင်မဲ့လို့တပ်မတော်ကထုတ်ပြန်တာဟာ ဌာနေပြည်သူ့စစ်အဖွဲ့တွေဟာ မြန်မာစစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိနေလို့ ၎င်းတို့ရဲ့သိက္ခာပိုင်းဆိုင်ရာအရ ထုတ်ဖေါ်လေ့ မရှိဘူးလို့ ရှမ်းပြည်မူး ယစ်စောင့်ကြည့် လေ့လာရေးအဖွဲ့ခေါင်းဆောင်စိုင်းမိန်းကပြောပါတယ်။
“မုူယစ်ဆေးဝါးထုတ်လုပ်တဲ့သူတိုင်းတွေက လက်နက်ကိုင်နဲ့ပက်သက်တာတွေရှိတယ်။ တပ်မတော်ကတော့ ဖမ်းဆီး ရမိ တဲ့အချိန်မှာ ပိုင်ရှင်မဲ့ဆိုပြီးကြေညာတဲ့ဟာတော့ သူတို့ဂုဏ်သိက္ခာကိုထိပါးမှာကို သူတို့စိုးရိမ်တယ်လို့မြင်မိတယ်။ ဘာဖြစ်လဲဆိုတော့ ပြည်သူ့စစ်ဆိုတာကတပ်မတော်ရဲ့လက်အောက်ခံ လက်နက်ကိုင်အုပ်စုတွေဖြစ်တယ်။
KDA အသွင်ပြောင်း ကောင်းခါးပြည်သူ့စစ်အဖွဲ့ဟာ တပ်မတော်အစိုးရလက်ထက် ၁၉၉၁ တုန်းက ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၁၅ ရက်နေ့အထိ လက်နက်ခဲယမ်းများ၊ ငွေကျပ် ၂၉၂ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့လဲ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။