သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ဘိန်းထွက်နှုန်း လျော့သွားတယ်လို့ ကုလသမဂ္ဂပြော


ဘိန်းစိုက်ခင်း (ဇန်နဝါရီ၊ ၂၃၊ ၂၀၀၇)
ဘိန်းစိုက်ခင်း (ဇန်နဝါရီ၊ ၂၃၊ ၂၀၀၇)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး စုစုပေါင်း စိုက်ပျိုးဧက ၈၂,၀၀၀ နီးပါးသာ ရှိတော့ကြောင်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေး ဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ဒီကနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်စစ်ပွဲတွေ ရှိနေတဲ့ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု အနည်းငယ် တိုးလာတာကလွဲလို့ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တွေ အပါအဝင် ကျန်ဒေသတွေမှာတော့ သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်ရှိ ဘိန်းစိုက်ပျိုးမှု (ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၁၆)
ကချင်ပြည်နယ်ရှိ ဘိန်းစိုက်ပျိုးမှု (ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၁၆)

ဘိန်းစိုက်ပျိုးတဲ့ ပမာဏ ကျဆင်းသွားတဲ့အပြင် လက်လီ ဝယ်ဈေးဟာလည်း ၄ နှစ် ဆက်တိုက် ကျဆင်းသွားတာကြောင့် ဒါဟာ ဒေသတွင်း ဘိန်းဝယ်လိုအားကျ ဆင်းသွားတာကို ပြနေကြောင်း အစီရင်ခံစာမှာ ထောက်ပြပါတယ်။

ဘိန်းဝယ်လိုအား ကျဆင်းသွားပေမဲ့ ဘိန်းအစား တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကတော့ သိသိသာသာ တိုးလာတဲ့အပြင် မူးယစ် ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးထုတ်လုပ်မှုကနေ ဝင်ငွေအများအပြား ရနေတုန်းပဲလို့လည်း အစီရင်ခံစာက ထောက်ပြပါတယ်။

လက်ရှိ ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသတွေကို ကြည့်ရင် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေ ဖြစ်တာကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်စပ်နေတာ ဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု၊ မှောင်ခိုကူးမှုနဲ့ ဓာတုစိတ်ကြွဆေးတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေဟာ နိုင်ငံတွင်းနဲ့ နယ်စပ်ဒေသတလျှောက် တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်ကြောင်းလည်း UNODC ရဲ့ အစီရင်ခံစာ ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒါနဲ့ဆက်စပ်တဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့အတွက် ကုလသမဂ္ဂ UNODC ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေကလည်း ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG