သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဘက်က ပြည်သူ့စစ်ခေါင်းဆောင်အိမ် တိုက်ခိုက်ခံရ


Rebel Kachin Independence Army (KIA) 3rd Brigade soldiers stand guard as they secure an area on Hka Ya mountain in Kachin province on January 20, 2013. Kachin ethnic minority rebels in war-torn northern Myanmar accused the military of launching a fresh at
Rebel Kachin Independence Army (KIA) 3rd Brigade soldiers stand guard as they secure an area on Hka Ya mountain in Kachin province on January 20, 2013. Kachin ethnic minority rebels in war-torn northern Myanmar accused the military of launching a fresh at

{{Zawgyi/Unicode}}

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်မှာရှိတဲ့ ရှဒူဇွပ်ရွာက ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒီလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်စီးနင်းရာမှာ ဝင်တိုက်သူတွေဘက်က ၄ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေက ကေအိုင်အေလက်ချက်ဖြစ်တယ်လို့ ပြောတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမကြီးပေါ် ရှဒူဇွပ်ရွာအနီးမှာ အရင်လပိုင်းတွေကလည်း KIA က ပြည်သူ့စစ်စခန်းကို တိုက်ခိုက်တာ၊ ယုဇနကုမ္ပဏီအဆောက်အဦးတွေကို ဖယ်ရှားရှင်းလင်းတာတွေ ရှိခဲ့တာပါ။

မေလ ၂၆ ရက် ဗုဒ္ဓဟူးနေ့ကတော့ တောတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ဟာ ရှဒူဇွပ်ရွာ ပြည်သူ့စစ်ခေါင်းဆောင်အိမ်ကို ကားနဲ့လာရောက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“၂၆ ရက်နေ့ မနေ့ကပေါ့။ ၃ နာရီခွဲကနေ စဖြစ်တာ။ တောဘက်ကကောင်တွေလည်း ကားတစ်စီးနဲ့ ပြည်သူ့စစ်အိမ်ကို ဝင်ပစ်တာပေါ့။ အဲဒီမှာ သူတို့က အသင့်အနေအထား လုံခြုံရေးအဖွဲ့တွေက ရှိတယ်လေ။ ထိပ်တိုက်သွားတွေ့တော့ တောဘက်ကကောင်တွေက အင်အားမရှိဘူးလေ။ ၇ ယောက်ထဲ ဆိုတော့ အဲဒီမှာ အကျိတ်အနယ်ပစ်ကြတာ။ အဲဒီမှာ တောဘက်က ၄ေ ယာက်က ကျသွားတာ။ ပြည်သူ့စစ်ဘက်က သေတာတော့ မကြားမိဘူး။ ၈ ယောက်ဒဏ်ရာရတယ်တော့ ကြားမိတယ်။ တောဘက်ကကောင်တွေရဲ့ သတင်းအစအနကို ကြိုတင်ပြီး ကြားထားတာနဲ့ တူတယ်။”

ကျန်တဲ့ လက်နက်ကိုင် ၃ ဦးဟာ ကားကိုစွန့်ပစ်ပြီး ဆုတ်ခွာသွားခဲ့ကြောင်းနဲ့ ပြည်သူ့စစ်နဲ့ နယ်မြေအခြေစိုက် ခလရ ၂၉၇ က လိုက်လံရှာဖွေရှင်းလင်းခဲ့ကြောင်း ဆက်ပြောပါတယ်။

ဒေသခံတွေကတော့ တောတွင်းလက်နက်ကိုင်အဖွဲ့ဟာ KIA အဖွဲ့ဖြစ်တယ်လို့ ပြောပါတယ်။ ၂၆ ရက်နေ့ ညနေပိုင်းမှာ ရှဒူဇွပ်ရွာအတွင်းမှာ လုံခြုံရေးတင်းကျပ်တာတွေ ရှိပေမဲ့ ဒီနေ့တော့ ပုံမှန်အတိုင်းရှိနေကြောင်းလည်း ပြောကြပါတယ်။

ရှဒူဇွပ်ရွာသားတွေနဲ့ နီးစပ်သူတစ်ဦးကလည်း KIA ဘက်က ၄ ဦးကျဆုံးခဲ့တာ ဟုတ်မှန်တယ်လို့ ပြောပါတယ်။

“KIA ဘက် အဲဒီမှာ ၄ ယောက်တော့ ကျသွားတာတော့ သေချာတယ်။ နောက်ပြီး နောက်ထပ် ၂ ယောက်တော့ ဒဏ်ရာ နည်းနည်းရတယ်လို့ ကြားတယ်။ ၃ ယောက်တော့ လွတ်သွားတယ်လို့ ပြောတယ်။”

ဒီသတင်းနဲ့ပတ်သက်ပြီး KIA ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့တာကြောင့် သီးခြား အတည်ပြုချက်တော့ မရပါဘူး။

ပြီးခဲ့တဲ့မတ်လ ၁၅ ရက်နေ့ကလည်း ရှဒူဇွပ်ရွာက ပြည်သူ့စစ်တပ်စခန်းကို KIA က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်တာရှိခဲ့သလို နောက်ပိုင်းမှာ ရှဒူဇွပ်ရွာအနီးက ဘန်ကောက်ကျေးရွာမှာရှိတဲ့ ယုဇန ကုမ္ပဏီအဆောက်အဦးတွေကို ဖယ်ရှားရှင်းလင်းတာတွေ ရှိခဲ့ပါတယ်။

ရှဒူဇွပ်ရွာဟာ ပယင်းနဲ့ ရွှေမှော်တွေ ရှိရာအနီးက ကျေးရွာဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကလည်း တပ်မတော်နဲ့ KIA အကြား အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး တပ်မတော်က လေကြောင်းကပါ တိုက်ခိုက်တာတွေ ရှိခဲ့တာပါ။

မတ်လ ၂၆ ရက်နေ့ ညပိုင်းမှာတော့ ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းက ကျောက်ကြီးရဲစခန်းကို KIA က မိုင်းခွဲတိုက်ခိုက်ပြီး မီးရှို့ခဲ့ကြောင်းနဲ့ ဒီကနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲနဲ့ မုန်းစီးအကြားက ကောင်းလိန်ဆိုတဲ့ ပလောင်ရွာမှာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကိုလည်း KIA အဖွဲ့က လုပ်တယ်ဆိုတာ သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။
ဒီရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောဘက်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ အလောဘွမ်တောင်ခြေဘက်မှာတော့ မိုင်းကွဲသံတွေကြားရကြောင်းနဲ့ မကြာမီ တပ်မတော်ဘက်က ထိုးစစ်ဆင်ဖွယ်ရှိနေကြောင်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}














XS
SM
MD
LG